" ကောင်းတဲ့အလုပ်ပဲ Ahjashi ရယ်... Ahjima ရဲ့ နောက်ဆုံးဆန္ဒလေးကို အကောင်အထည်ဖော်သင့်ပါတယ်...
ဒါပေမယ့် Ahjashi ပါ အဲ့မှာပဲ သွားနေမယ်ဆိုရင်...ဒီ ခေါက်ဆွဲလုပ်ငန်းက... "
" အင်း... ဦးလေး တောင်းဆိုချင်တာ အဲ့ဒါပဲ Jisoo ။ ဒီခေါက်ဆွဲလုပ်ငန်းလေးက ဦးလေးတို့ဘိုးဘွားတွေရဲ့ အမွေမို့ ဦးလေးကတော့
မရပ်ပစ်ရက်ဘူး ။ ပြီးတော့ အခု Jisoo လည်း ဒီအမွေကို လက်ဆင့်ကမ်းယူနိုင်နေပြီလေ ။ ဦးလေး ကျေနပ်ပါပြီ ။ အဲ့ဒါကြောင့် ဒီခေါက်ဆွဲလုပ်ငန်းလေးကို Jisoo က ဆက်ပြီး ဦးဆောင်လုပ်ကိုင်ပေးပါလို့ တောင်းဆိုချင်တာပါ "
" ဒါ... ဒါမဲ့... Ahjashi.... "
" ဟုတ်ပါတယ် Jisoo တွေးနေသလိုပါပဲ... တကယ်တော့ ဦးလေး ဒီလုပ်ငန်းကိုရော
ဒီအိမ်ကြီးကိုရောပါ ကလေးတို့ကို အပြီးပေးချင်တာပါ... ဒါ.. ဒါပေမယ့် ဂေဟာတစ်ခု ထူထောင်ဖို့ဆိုတာ ... ပိုက်.. ပိုက်ဆံလည်း လိုတာမို့... "
" Ahjashi ရယ်... Ji တို့ ဘယ်လိုလုပ် အလကားယူရက်မှာလဲ. .. Ahjashi
ပြောရမှာ မျက်နှာပူမနေပါနဲ့ ။ ဒီတစ်နှစ်အတွင်း Ji တို့ကို လစာပေးတဲ့အပြင် သားသမီးအရင်းတွေလို စောင့်ရှောက်ပေးတာနဲ့တင် လုံလောက်နေပါပြီ ။ Ji တို့ကို
ဘာမှပေးစရာမလိုပါဘူး Ahjashi ရယ်... "
" ဒါ.. ဒါပေမယ့် တခြားသူကို ရောင်းလိုက်မယ်ဆိုရင် ခေါက်ဆွဲလုပ်ငန်းကို ဆက်မလုပ်ကြတော့ရင် ဘယ်လိုလုပ်မလဲ ကလေးရယ် "
" ဟူး... ဒါပေမယ့် Ji တို့မှာ ဒီအိမ်ကြီးနဲ့ ဒီလုပ်ငန်းကို ဝယ်ဖို့လောက်ထိ ပိုက်ဆံမရှိဘူးလေ Ahjashi ရယ်... "
Jisoo တကယ်တော့ ဒီလုပ်ငန်းကို တကယ်ပဲ ဆက်လုပ်ချင်တာပါ ။ Do မိသားစုရဲ့ ရိုးရာခေါက်ဆွဲကိုလည်း ဆက်ရှိနေစေချင်သလို
ဒီအိမ်ကြီးကိုလည်း ခေါက်ဆွဲလုပ်ငန်းလေးနဲ့ တွဲလျက်ရှိနေစေချင်တာပါ ။ စုထားတဲ့ ပိုက်ဆံနဲ့တင် Ahjashi က လက်ခံပေးမှာဖြစ်ပေမယ့် အဲ့ဒီပိုက်ဆံတွေကို Jisoo လုံးဝ မထိချင်ပါ ။ ဘာလို့ဆို Jendeuk အတွက် ကော်ဖီဆိုင်လေး ဖွင့်ဖို့ သူတို့ သုံးနှစ်လောက် စုခဲ့ရသည်လေ ။ အခု ပြည့်ခါနီးကျမှ တခြားအတွက် သုံးလိုက်ရတာမျိုးကို Jisoo လုံးဝ အဖြစ်မခံနိုင် ။ အထူးသဖြင့် Jendeuk ရဲ့ မျှော်လင့်ခဲ့ရတဲ့ အိမ်မက်လေးကို အပျက်စီးမခံနိုင်ပါ ။
လိုနေတဲ့ ပိုက်ဆံကလည်း ကောင်းတာလုပ်ဖို့အတွက် ဖြစ်ပေမယ့် အရာရာထက် Jendeuk ကိုပဲ ဦးစားပေးချင်တာမို့ ခေါင်းမာပြီး မျက်နှာပူပူနဲ့ပဲ Ahjashi ကို ငြင်းနေရခြင်း ဖြစ်သည် ။ ဒါကို Jendeuk ကလည်း သိတယ်ထင်ပါရဲ့ ။ သူ့ကို တွေတွေလေး ငေးကြည့်နေသည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 18
Start from the beginning
