တစ်ရက်မှာတော့ Ahjashi က Jisoo နဲ့ Jennie ကို ခေါ်ကာ သူဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို အသိပေးလာတော့သည် ။

"  Jisoo နဲ့ Jennie ကို ဦးလေး ပြောစရာရှိတယ် ။ ပြောစရာဆိုတာထက် တောင်းဆိုစရာပါ ။ ကလေးတို့ Ahjima ရဲ့ နောက်ဆုံးဆန္ဒလေးလည်း ဖြစ်သလို ဦးလေးကိုယ်တိုင်လည်း ဆန္ဒရှိလို့ ဒီလိုမျိုး တောင်းဆိုရတာပါ "

" အာ... Ahjashi ကလည်း တောင်းဆိုတယ်လို့ မပြောပါနဲ့... Ahjashi ဖြစ်ချင်တာပြောပါ ။ Ji တို့ အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ် "

" ဟုတ်တယ်... Ahjashi ... Jen တို့ကို အားနာမနေပါနဲ့ ။ Ahjima ရဲ့ နောက်ဆုံးဆန္ဒဆိုတာ ဘာလဲဟင် "

" အင်း... အဲ့... အဲ့ဒါက သားသမီးအရင်းတွေကို စောင့်ရှောက်ခွင့်မရခဲ့တဲ့ သူမက မိဘအရင်းတွေရဲ့ စောင့်ရှောက်မှုမခံရတဲ့ ကလေးတွေကို စောင့်ရှောက်ချင်တာတဲ့လေ... မိဘမဲ့ကလေးတွေကို မိဘအရင်းလို ကာကွယ်စောင့်ရှောက်ချင်တာပေါ့ကွယ် "

" အော်....အာ့ကြောင့် Ahjima က Jen တို့ကိုလည်း သူ့သမီးအရင်းလေးတွေလို သဘောထားသွားခဲ့တာကိုး "

" အင်း... ဟုတ်ပါတယ် ကလေးရယ်... သူ
မဆုံးခင်တုန်းက ဦးလေးကို သေချာမှာသွားခဲ့တာ ။ မိဘမဲ့ဂေဟာ လေးတစ်ခု ဖွင့်ပေးပါ တဲ့ ။ ကံအကြောင်းမလှလို့ မိဘမဲ့ နေရှာတဲ့ ကလေးတွေကို သူ့အစားစောင့်ရှောက်ပေးပါတဲ့လေ ။ အဲ့ဒါကြောင့် ဦးလေး သူ့မွေးရပ်မြေမှာပဲ သူ့နာမည်လေးနဲ့ မိဘမဲ့ဂေဟာလေးတစ်ခု ထူထောင်ချင်တယ် ....ပြီး... ပြီးတော့
ဦးလေးလည်း အဲ့ဒီမှာပဲ ခေါင်းချချင်တယ် ကလေးတို့ရယ်... "

မျက်ရည်တွေ ဝေ့ပြီး ပြောနေတဲ့ Ahjashi ကို Jisoo တို့ ဘယ်လိုစိတ်နဲ့များ တားရက်မှာလဲ ။ ကောင်းတဲ့အလုပ်ပဲမလား ။ မိဘမဲ့ဂေဟာ ဆိုတဲ့ အသံကြားတော့ Jennie မျက်လုံးလေးတွေက အားငယ်သွားတဲ့အရိပ်လေး ဖြတ်ပြေးသွားသည် ။ ဂေဟာမှာ နေရတဲ့ မိဘမဲ့ ကလေးတွေရဲ့ စိတ်ကို သူတို့သာ အသိဆုံးမလား ။ မသိတတ်သေးတဲ့
ခပ်ငယ်ငယ်အရွယ်မှာတော့ 
လာချီတဲ့သူမှန်သမျှကို ငါ့အမေလား ငါ့အဖေလားဆိုပြီး မျှော်မှန်းတတ်ကြပေမယ့် သိတတ်တဲ့အရွယ်ရောက်တော့ အနားမှာ ရှိသမျှလူတွေအားလုံးဟာ ဘယ်သူမှ ကိုယ့်အမေအဖေ ဟုတ်မနေခဲ့ဘူးလေ ။
အဲ့အချိန်မှာပဲ မိဘမဲ့ဆိုတာ မိသားစုလည်း
မဲ့ပါလားဆိုတဲ့ စိတ်က အသိစိတ်ထဲ စဝင်ရောက်ခဲ့ကြတာပေါ့ ။

From Zero to Infinity ~~~Where stories live. Discover now