၁၄၅
3.3K 546 9
အပိုင်း (၁၄၅)
ဒါပေမယ့် သူမနောင်တရသည့်ခံစားချက်က ကြာကြာမခံလိုက်ပေ။ သူမသည် လက်တွေ့ကို မြန်မြန်ပဲပြန်ရောက်လာပီး သူမဘာသာ ခါးပတ်ကို ဖြုတ်လိုက်ကာ ခုံကို ပြန်တင်လိုက်ရင်း စောင်ကို ခေါက်လိုက်သည်။ သူမကျန်းမာရေးဘားကို အပြည့်ဖြည့်ပီးသွားတော့ သူမသည် တံခါးကိုဖွင့်လိုက်ပီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကလေးတို့ ထရမယ့်အချိန်ရောက်ပီ! နေဖင်ထိုးနေပီ!"
'ကလေးတွေ'က တစ်ယောက်ပီးတစ်ယောက်နိုးလာကာ အကြောပျင်းဆန့်နေကြသည်။ နောက်တော့ သူတို့ကို ကားပေါ်ကနေ ချီထုတ်ပေးလိုက်သည်။
ကောင်းကောင်းစားပီး ကောင်းကောင်းအနားယူပီးသွားပီဖြစ်သည့် ယန်ရှုယွီသည် ကလေးတွေရဲ့လက်ကို တစ်ဖက်စီတွဲထားပီး ဂီတကျောင်းထဲသို့ ခေါင်းမော့ပီး ဝင်သွားလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ မန်နေဂျာရန်၏စွပ်စွဲသည့်အသံကို ကြားလိုက်ရသည်။ "ယန်ယန် မင်း ဘော့စ်ကျိုးကို ခေါ်လာတာလား? မင်း ကိုယ်နဲ့တစ်သင်းထဲနေမယ်ဆိုပီး ကိုယ့်ကို ကတိပေးထားတယ်လေ"
မန်နေဂျာရန်သည် သူမအား ဝမ်းနည်းပီး မခံမရပ်ဖြစ်နေသည့်ပုံစံမျိုးဖြင့် သူမကိုကြည့်လာပုံက သူ့ကောင်မလေး သူ့အပေါ်ဖောက်ပြန်နေသည်ကို လက်ပူးလက်ကြပ်မိသွားသည့်သူတစ်ယောက်ပုံစံနှင်တောင်တူနေပီး ဘော့စ်ကတော့ သူမအား အပြုံးမဟုတ်သည့်အပြုံးကို ပေးလာသည်။ ယန်ရှုယွီသည် ခေါင်းထဲ တစ်ဆစ်ဆစ်ထိုးနေတာကို ခံစားလိုက်ရပီး "မဟုတ်ဘူး ကျွန်မကတိမပေးထားဘူး ကျွန်မ မဟုတ် ... အကုန်လုံးက သူငယ်ချင်းမိတ်ဆွေတွေပဲ ပျော်ရွှင်စရာတစ်ခုခုရှိတဲ့အခါကြရင် ရှင့်ကိုလည်းဖိတ်ရမှာ သေချာပေါက်ပဲပေါ့"
သူတို့ကို သတိထားမိသွားသည့် လျို့စစ်သည် သူတို့ဆီလျှောက်လာပီး နှုတ်ဆက်လိုက်သည်။ "ဘော့စ်ကျိုး ယန်ယန် ရောက်လာကြပီပေါ့..."
ဘော့စ်ကျိုးလည်းပဲ ပွဲကိုတက်မယ်ဆိုတာကို အခုလေးထိ လျို့စစ်မှာ မသိပေ။
သို့ပေမယ့်လည်း သူတို့တွေက တစ်ခေါက်တွေ့ဖူးထားသည်။ ပီးခဲ့သည့်တစ်ခေါက် တွေ့ပီးကတည်းက လျို့စစ်သည် ကျိုးချင်းဟယ်အကြောင်းရှာကြည့်လိုက်ပီး သူက ဒဏ္ဍာရီလာဘော့စ်ကျိုးဖြစ်နေသည်ကို အတည်ပြုလိုက်နိုင်သည်။ သူသည် ဒါကို အမြဲတွေးနေတာဖြစ်သည်။ သူက အခုတစ်လောမှ စီးပွားရေးကိုစတင်တာဖြစ်ပီး သူ့စီးပွားရေးက အထက်တန်းလွှာတွေထဲ မဝင်နိုင်သေးသည့် ပမာဏဖြစ်နေတာသေးတာကြောင့် ဘော့စ်ကျိုးလိုမျိုး ငွေလည်ပတ်မှုကို ထိန်းချုပ်နေသည့်သူတစ်ယောက်နှင့် တွေ့ဆုံခွင့်ရခဲ့သည့်အခွင့်အရေးက တကယ့်ကို အရမ်းစိတ်လှုပ်ရှားဖို့ကောင်းသည်လေ။