၁၀၁
5.3K 845 25
အပိုင်း ၁၀၁ - မြူဆွယ်တတ်တဲ့ဘော့စ်
~~~~~~~~~~~~~~~~~~~~~~
လျို့စစ်နှင့်လင်းရှုဝမ်တို့သည် သူတို့ဆွေးနွေးစရာကိစ္စပီးသည်နှင့်ပြန်သွားပီး သိပ်မကြာခင်မှာပဲကျိုးသားအဖလည်းပဲ ပြန်သွားသည်။
ထိုသားအဖ ဆိုင်မှာနေသွားသည့်အချိန်က သာမန်လာနေကြအချိန်တွေထက် ပိုကြာသည်။ အရင်တုန်းကဆိုရင် ကျိုးချင်းဟယ်တစ်ယောက် ကျိုးယိကို ဆိုင်သို့ခေါ်လာပါက နာရီဝက်ထက်ပိုပီးကြာအောင်မနေတတ်ပေ။ တစ်ခါတစ်လေဆိုရင် မိနစ်၂၀တောင်မရှိပေ။
ဇာတ်လိုက်လေးသည် သူ့အဖေနှင့်မပြန်ခင် ယန်ရှုယွီနှင့်ကျန်းယွမ်ကျားတို့အား ယဉ်ကျေးစွာနှုတ်ဆက်ခဲ့သေးသည်။ ကောင်လေးနှစ်ယောက်က တခဏတော့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေပီး ထိုအချိန်တွင် နှစ်ယောက်စလုံးဖက်က ပြေလည်သွားမည့်အရိပ်အယောင်လေးတွေပြနေပီလေ။
ယန်ရှုယွီ၏တယောကြီးတီးခတ်ဖျော်ဖြေမှုအပီးတွင်တော့ ကလေးနှစ်ယောက်ကြားက အပြိုင်အဆိုင်ဖြစ်နေမှုက နည်းနည်းမှေးမှိန်သွားသည့်ပုံရသည်။
ကျိုးယိလေးက အန်တီယန်ဆီကနေ 'ဖားကလေးခုန်ခုန်'ကို သင်ပီးသွားကတည်း သူသည် သူမနှင့်ရင်းနှီးသွားသလိုခံစားရပီး သူမကိုတောင် တလေးတစားဖြစ်သွားသည်လေ။ စန္ဒယားနှင့်ဖားကလေးခုန်ခုန်ကိုတီးနိုင်သည့် အန်တီယန်က အခုတော့ တယောအကြီးကိုပါတီးနိုင်ပီး ကောင်းကောင်းလည်းတီးပြနိုင်တာကြောင့် ကလေးလေးမျက်လုံးထဲတွင် သူမကအံ့သြဖွယ်ရာတစ်ပါးလိုဖြစ်နေသည်။
ကျိုးယိသည် အခုချိန်၌ခံစားချက်အနည်းငယ်ကင်းမဲ့နေပေမယ့် သူ့အဖေကဲ့သို့မျိုး ခံစားချက်ကိုဖုံးကွယ်နိုင်သည့်အဆင့်မျိုးထိတော့ မရောက်သေးပေ။ တကယ့်ကိုငတုံးတစ်ယောက်လို အန်တီယန်၏သံစဉ်ချိုချိုလေးကို နားထောင်ရင်း သူ့ပါးစပ်ကအဟောင်းသားဖြစ်နေသည်။ နောက်ပီး ဒီမြင်ကွင်းတစ်ခုလုံးကို ကျန်းယွမ်ပေါင်က မြင်သွားသည်လေ။
ကလေးလေးကျန်းယွမ်ပေါင်က အခုတစ်လောက်နောက်ပိုင်းတွင် သူ့အမေ၏ brain-deadဖန်ဖြစ်ဖို့ အရမ်းတက်ကြွနေသည်လေ။ အခုလိုကျိုးယိတစ်ယောက်အကောင်းအဆိုးခွဲခြားတတ်ပီး သူ့အမေ၏လက်ရည်ကို သဘောကျရကောင်းမှန်းသိသည့်အတွက် ကျန်းယွမ်ကျားတစ်ယောက် သူ့အမေအတွက် အရမ်းကိုဂုဏ်ယူနေမိသည့်အတွက် ကျိုးယိနှင့်သူငယ်ချင်းဖြစ်လာဖို့ စဉ်းစားပေးလိုက်မယ်ဆိုပီး တွေးနေသည် - ဒါပေါ့ ဒီတိုင်းသဘောကျပေးတဲ့အဆင့်လောက်ထိပဲပေါ့။ သူ့အမေကို သူ့နဲ့အပြိုင်လာလုချင်တယ်ဆိုရင်တော့ သူ့ဆုံးဖြတ်ချက်ကို ချက်ချင်းပြောင်းပစ်မှာ။