" အင်း...အဲ့ဒါဆို သုံးဇွန်း ပဲနော် "

" ငါးဇွန်း... ငါးဇွန်းတော့ သောက်လေနော်... "

" ဟင်း... ပြီးရော... အာ့ဆို ခုနက တစ်ဇွန်းပြီးသွားပြီနော် "

" အင်းးးပါ... Ji က လိမ်မာတယ်... ဟ... အာ!!! "

မသောက်ချင် သောက်ချင်နဲ့ မျက်လုံးမပွင့်ပဲ ကြိတ်မှိတ်သောက်နေတဲ့ Jisoo ကို Jennie အသဲယားလာကာ ပါးလေးကို လက်မလေးနဲ့ ပွတ်ပေးနေမိသည် ။

အတွက်အချက် ပညာရှင်လေးက
မျက်လုံးမပွင့်ပေမယ့်  ငါးဇွန်းပြည့်တာနဲ့ တိတိကျကျပင် ဆက်တိုက်လို့ မရတော့ ။ လုံးဝမသောက်တော့တာမို့ Jennie လက်လျှော့လိုက်ကာ ဆေးပဲ တိုက်လိုက်ပြီး ပြန်လှဲပေးလိုက်ရသည် ။ ပြီးတော့ တဘတ်လေး ရေပြန်စွတ်ကာ လည်ပင်းနဲ့လက်ကို သုတ်ပေးတော့ Jisoo က လက်ကို ဆွဲပြီး
မလုပ်နဲ့တော့ဟု ပြောကာ သူအိပ်နေတာလေးကို ဘေးကပ်ပြီး Jennie ကို သူ့အနားလာအိပ်ဖို့ နေရာလေးကို ပုတ်ပြသည် ။

" Jendeuk...ငါ့နား လာအိပ်ပေးပါလား... ချမ်းလို့ ဖက်ထားပေး... "

" ခဏလေးနော် ငါ ဆန်ပြုတ်ပန်းကန်သွားထားလိုက်.. "

" အာ.... ပြီးမှ ထားပါ... အခု လာအိပ်ပေးပါဆို... "

ဖျားနာခဲတဲ့ Jisoo ဟာ သူဖျားပြီဆိုရင်တော့ တကယ့်ကို ကလေးကြီးပါပဲ ။ အရမ်းချွဲပြီး Jendeuk ကို အနားက အပျောက်မခံတတ်တာလည်း သူ့အကျင့်ပင်ဖြစ်သည် ။ Jennie ကတော့ ဒီကလေးကြီး ချွဲတော့မယ်ဆိုတာ သဘောပေါက်သွားတဲ့အတွက် သူ့အလိုကျ ဘေးနား ဝင်အိပ်ပေးကာ ဖက်ထားပေးလိုက်သည် ။

" Hummm.... စောင်အပေါ်ကနေပဲ
ဖက်လေ... အဖျားကူးလိမ့်မယ် "

" Arrnyi.... ကူးပေ့စေ.... ငါ့ကြောင့် နင် ဖျားသွားတာလေ... အဲ့တော့ ကူး ကူး ဒီလိုလေးပဲ ဖက်ထားမယ်... အွန်းးးးးမွ "

Jennie က စောင်အောက်ကနေ Jisoo ပခုံးလေးကို ကျစ်နေအောင်ဖက်ထားပြီး ပါးလေးကိုလည်း နမ်းလိုက်တာမို့ မျက်လုံးမပွင့်တဲ့ Jisoo တောင် လန့်သွားပြီး Jennie ကို
လှည့်ကြည့်မိသည် ။

" အာ.... ဘာ... ဘာလို့ လာနမ်းနေတာလဲ... အထူးအဆန်းတွေ "

" ဟီးး.... အဖျားပျောက်အောင်လို့လေ...
ငါ့ကြောင့် ဖျားသွားတာဆိုတော့ အမြန်ပျောက်အောင် ကုပေးတာ ဟဲဟဲ "

From Zero to Infinity ~~~Where stories live. Discover now