တဘတ်လေး ရေပြန်စွပ်ပြီး ပါးလေးကို
ကပ်ပေးလိုက်တော့ မျက်ခုံးလေး တစ်ချက်တွန့်သွားပြီး အသက်ရှူသံ မှန်မှန်လေးထွက်လာတာကြောင့် ပြန်အိပ်ပျော်သွားပြီဆိုတာ Jennie သိလိုက်သည် ။
အဲ့တော့မှ သူ့နားက သာသာလေး ထကာ Ahjashi ကို ပြေးပြောရတော့သည် ။ ဆိုင်ကိုလည်း ဒီနေ့မဖွင့်တော့ပဲ ခေါက်ဆွဲအော်ဒါတွေကိုတော့ ဝန်ထမ်းကလေးတွေနဲ့
လွှဲထားခဲ့လိုက်သည် ။ Ahjima ကို ပြုစုနေကျ  Ahjashi က ဆေးအစုံ ရှိတတ်တဲ့သူမို့ Jennie ကို Jisoo သောက်ရမယ့်ဆေးတွေ စပ်ပေးကာ ဆန်ပြုတ်လေးပါ မြန်မြန်ပြုတ်ပေးလိုက်သေးသည် ။
Jennie ဝန်ထမ်းတွေကို ဒီနေ့အတွက် သေချာမှာထားခဲ့ပြီး ဆေးနဲ့ ဆန်ပြုတ်ယူကာ အခန်းထဲကို ပြန်လာခဲ့တော့သည် ။
နဖူးပေါ်တင်ထားပေးခဲ့တဲ့ တဘတ်လေးကို ပြန်ယူလိုက်ပြီး  စမ်းကြည့်တော့
ခုနကလောက် မပူတော့တာမို့ နည်းနည်းတော့ စိတ်ပူတာ လျော့သွားရသည် ။

" Ji... ခဏလေး ထပြီး ဆေးသောက်လိုက်နော်... မဟုတ်ရင် ခေါင်းကိုက်မပျောက်ပဲ ဆက်ဖျားနေလိမ့်မယ်.... ထ အုန်းနော်...
ငါ ဆေးတိုက်မယ် "

" Humm... မ... ထ... ချင်... ဘူး... "

" မထလို့ မရဘူးလေ.. Ji ရဲ့... ဆေးသောက်ရမယ်လေ... နော်... Ji က လိမ်မာတယ်.... ထ ငါတွဲထူမယ်.... မျက်လုံးမဖွင့်နဲ့... ရတယ်... "

Jennie Jisoo ခန္ဓာကိုယ်လေးကို တွဲထူပြီး
ကုတင်ခေါင်းရင်းကို မီစေလိုက်ကာ ဆန်ပြုတ်တိုက်ဖို့ ပြင်ရတော့သည် ။ Jisoo ကတော့ မျက်လုံးမပွင့်သေး ။

" Ji.... အာ... "

ဆန်ပြုတ်ကို မှုတ်ပြီး ပါးစပ်ထဲ ထည့်ပေးလိုက်တော့မှ မျက်နှာလေးက ရှုံ့မဲ့ပြီး  မျက်လုံးလေး ပွင့်လာတော့သည် ။

" အာ.... ဆေးလည်း မဟုတ်ပဲနဲ့... မသောက်ချင်ပါဘူး "

ပြောပြီး ပြန်လှဲအိပ်ဖို့ ပြင်နေတဲ့ Jisoo ကို Jennie ဆွဲထားလိုက်ကာ ဆန်ပြုတ်အတင်းတိုက်ရတော့သည် ။

" ဆေးသောက်ဖို့က အစာရှိမှ ဖြစ်မှာလေ
Ji ရယ်... နည်းနည်းလေး... နည်းနည်းလေးဖြစ်ဖြစ် သောက်လိုက်ပါနော်... Ahjashi က သေချာလေးလုပ်ပေးလိုက်တာ.... နည်းနည်းပဲလေနော် ပြီးရင် ဆေးတိုက်မယ်လေ "

From Zero to Infinity ~~~Where stories live. Discover now