" ဟင်... အဲ့ဒါဆို အစိတ်အပိုင်းတစ်ခုပဲပေါ့... အရာရာ မဟုတ်ဘူးပေါ့ ဟုတ်လား "
Jisoo မျက်နှာလေးငယ်ပြီး မေးလိုက်တဲ့အမေးကြောင့် Jennie သဘောတွေကျကာ ပြုံးနေမိသည် ။
ကြည့်ပါအုန်း သူပဲ မေးပြီး သူပဲ စိုးရိမ်နေတာ....
" နင်ပဲ မိသားစု ရှိတယ်ဆိုပြီး
တွေးဆိုလို့လေ... တကယ်ပါပဲ... Ji ကတော့.. ဟားဟား... ဒီမှာ နင်နားလည်အောင် ငါ ပြောပြမယ် ။ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဆိုတာမျိုးက.... Hummm... အော်...
ဒီမယ် ဒါဘာလဲ Ji "
Jennie လက်ထဲက ဂျုံမှုန့်တွေကို Jisoo ရှေ့ထိုးပြပြီး မေးလိုက်သည် ။
" အဲ့ဒါ ဂျုံလေ "
" အင်း... ခေါက်ဆွဲ ဖြစ်ဖို့ တခြားကြက်ဥတို့ ဘာတို့ လိုအပ်ပေမယ့် ဒီ ဂျုံမရှိပဲနဲ့ ခေါက်ဆွဲဖြစ်နိုင်ပါ့မလား "
" ဟင့်အင်း မဖြစ်နိုင်ဘူးလေ "
" အင်း.. အဲ့လိုပဲလေ ။ ဂျုံက ခေါက်ဆွဲအတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပဲ ။ အရာရာမဟုတ်ပေမယ့် သူရှိမှကို ဖြစ်မယ့်အရာ ။ ကြက်ဥမရှိလည်း ခေါက်ဆွဲဆိုတာ ဖြစ်နိုင်တယ်လေ ။ ဂျုံမရှိပဲတော့ ခေါက်ဆွဲမဖြစ်နိုင်ဘူး ။ အဲ့တော့ အဲ့ဒီလို သဘောမျိုးပဲ ငါ့မှာမိသားစုဆိုတာ ရှိခဲ့ရင်တောင် နင်က
ငါ့အတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေအုန်းမှာ အဲ့ဒါတော့ သေချာတယ် "
" အော်... အဲ့လိုလား... "
Jennie စကားကြားမှ Jisoo သဘောပေါက်သွားပြီး မျက်နှာလေးကလည်း ပြုံးလာတော့သည် ။
လက်ကလည်း ခေါက်ဆွဲခွေတွေကို တစ်မျှင်ချင်း ဆွဲကြည့်နေရင်း
" ဟားဟ နင်က ခေါက်ဆွဲဆို ငါက ဂျုံ ပေါ့ ဟီးဟီး "
" အင်း ဟုတ်တယ် ... "
" ဒါမဲ့ ဆန်ခေါက်ဆွဲဆိုတာလည်း
ရှိတယ်ဆို... အဲ့ကျတော့ ဘယ်လိုလုပ်မလဲ... သူကျ ဂျုံမလိုဘူးလေ ဆန်နဲ့လုပ်တာဆိုတော့... "
အတွေးအခေါ်ပညာရှင်က ထပ်ပြီး ပေါက်ကရ တွေးနေပြန်တော့ Jennie
စိတ်မရှည်တော့ ။
" Kim Jisoo ရေ...နင် ဘယ်လိုဖြစ်နေလဲ... ဆန်ခေါက်ဆွဲဆိုလည်း နင်က ဆန်
ဟုတ်ပြီလား ... တကတည်းက... မောလိုက်တာ.. ပြောရတာ "
" heee.... နင်ကလည်း ငါက သေချာအောင်လို့ပါဟ.... တစ်ခုတော့ ရှိတယ် နင်က ခေါက်ဆွဲဆိုရင်တော့ တူနဲ့ စားလို့မရလောက်ဘူးဟ "
" ဟင် ဘာလို့လဲ "
" တိုတိုလေးတွေ ဖြစ်နေမှာမို့လေ.... ဇွန်းနဲ့ ခပ်စားလို့ပဲ ရမယ် ဟားဟားဟား "
" ကဲဟယ်... ကဲဟယ်... ပေါက်ကရ တွေ ပြောအုန်း "
Jennie လက်က ဂျုံမှုန့်တွေနဲ့ပဲ Jisoo ခေါင်းကို ထုပစ်တော့သည် ။
" Arhhh.... Arhhh... ပေကုန်ပြီ ငါ့ဆံပင်တွေ... Jendeuk yaa... "
" ဘာဖြစ်လဲ... ပေတော့ ။ အင့်ဟာ.... အင့်ဟာ..."
" အာ.... ငါလည်း ပြန်လုပ်မှာနော် .... ဟောဒီမှာကြည့် ခေါက်ဆွဲသိုင်းကွ..."
Jisoo က ခေါက်ဆွဲတစ်မျှင်ကို ယူပြီး ဝှေ့ယမ်းပြကာ Jennie ကို ရိုက်လိုက်သည် ။
( နာသွားအုန်းမယ် Kim Jisoo Shi 🙄🙄)
" Arhhh... နာသွားပြီ....အားကြီးနဲ့ ရိုက်တာ Ji က ...အဟင့် "
" ဟင်... တကယ်ကြီးလား Jendeuk .. အရမ်းနာသွားလားဟင် "
" ဟားဟားးဟား Phabo... ငါ ပြောတာ ယုံတယ်.... Blahhhhh "
" အာ.... လာခဲ့.... ဒီ Jendeukie ကတော့ "
ဒီလိုနဲ့ ခေါက်ဆွဲကြာပွတ်သိုင်းနဲ့ ဂျုံမှုန့်ဗုံး အပြန်အလှန် တိုက်ခိုက်တဲ့ပွဲအပြီးမှာတော့ ဂျုံမှုန့်ဗုံးက အနိုင်ရပြီး
ခေါက်ဆွဲကြာပွတ်လေးခင်မျာ အပိုင်းပိုင်းပြတ်ပြီး ကြမ်းပြင်ပေါ် ပျံ့ကျဲနေတော့သည် ။
ကြာပွတ်ပိုင်ရှင်သည်လည်း တစ်ကိုယ်လုံးဖွေးဖွေးလှုပ်ကာ ဂျုံမှုန့် အလူးလူးဖြင့် ရေချိုးခန်းထဲ ပြေးဝင် ခိုအောင်းလိုက်ရတော့သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 16
Start from the beginning
