" နင်ပြောဖူးတယ်လေ ။ ငါက နင့်အတွက်
မရှိမဖြစ်ဆိုတဲ့အရာထပ် ပိုတယ်ဆိုပြီးလေ "
" အင်းလေ... အဲ့ဒါ ဘာဖြစ်လဲ... တကယ်လည်း နင်က ငါ့အတွက် မရှိမဖြစ်ပဲကို "
" အဲ့... အဲ့ဒါကလေ နင့်မှာ ငယ်ငယ်ကတည်းက ငါပဲဘေးနားမှာ ရှိခဲ့လို့ ငါက မရှိမဖြစ် ဖြစ်နေတာလား ။ တကယ်လို့များ
နင့်မှာ မိသားစုဆိုတာသာ ရှိခဲ့ရင် ငါက နင့်အတွက် မရှိမဖြစ် ဖြစ်ပါတော့မလား ။ အကယ်၍ နင်က မိသားစုနဲ့သာ ကြီးပြင်းလာတဲ့ သူဖြစ်ခဲ့ရင် နင့်အတွက် ငါက အဲ့လောက်အရေးပါပါ့မလားလို့ တွေးမိလို့.... အဲ့... အဲ့ဒါ မေး .. ချင်လို့ "
အမြဲတစေ စီးပွားရေးအကြောင်းပဲတွေးနေပြီး ခေါင်းထဲမှာ စီမံကိန်းတွေပဲ အမြဲဆွဲနေတဲ့သူက ထူးထူးဆန်းဆန်းစကားတွေ ပြောနေတော့ Jennie မျက်လုံးလေးပြူးတဲ့အထိ
အံ့သြသွားရသည် ။ သူ့ကိုကြည့်လိုက်တော့လည်း Jennie ကို မျှော်လင့်တကြီးမျက်ဝန်းတွေနဲ့ ကြည့်နေသေးသည် ။
ဘာတွေ တွေးနေတာလဲတော့
မသိနိုင်ပေမယ့် တုန်ယင်နေတဲ့ အသံကြောင့် စနောက်ပြီး ပြောနေတာမဟုတ်ဘူးဆိုတာတော့ Jennie အတပ်သိလိုက်သည် ။
" Ji... ဘာတွေ လျှောက်တွေးနေတာလဲ... တကယ်မဖြစ်နိုင်တဲ့အရာတွေကို ဘာလို့ စိတ်ကူးကြည့်ပြီး စိုးရိမ်နေတာလဲ.... ငါ့မှာ မိသားစုဆိုတာမှ မရှိခဲ့တာ ။ နင်ပဲ ရှိခဲ့တာလေ "
" အင်း... အင်းးလေ.. ဒါမဲ့... တကယ်လို့.. တကယ်လို့လို့ ပြောတာ... မိသားစု ဥပမာ အဖေအမေညီအကိုမောင်နှမဆိုတာ ရှိခဲ့ရင်ရော ....ငါက နင့်အတွက် ဘယ်လိုလူမျိုးဖြစ်မှာလဲ "
သူသိချင်တာ မသိရမချင်း ခေါင်းမာပြီး မေးနေအုန်းမှာကို Jennie သိတာမို့ လက်ထဲက ဂျုံမှုန့်ကို ချထားလိုက်ပြီး ဖြေပေးလိုက်သည် ။
" ဖူး..... ဟုတ်ပါပီ ။ နင်တွေးသလိုပဲ တကယ်လို့ဆိုပြီး တွေးကြည့်မယ်နော် ။ တကယ်လို့ ငါ့မှာ မိသားစုဆိုတာ
ရှိခဲ့ရင်တောင် နင်က ငါ့အတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာ သေချာတယ် ။ အရာအားလုံးထက်ပိုပြီး မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပေါ့ဟာ "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 16
Start from the beginning
