သူ့မျက်လုံးထဲက ထွက်မသွားတာက ခုနက Jenoရဲ့ မျက်၀န်းတွေ .. စိတ်ပူနေတဲ့ အဲ့ဒီမျက်၀န်းတွေက သူ့ကို ခြောက်လှန့်နေတာ ။

စာ၀င်လာတဲ့ ဖုန်းကို ဖွင့်မိလိုက်တော့ Jenoဆီက ။
✉️ အတန်းတက်ရတော့မယ် မင်းဘယ်မှာလဲ
✉️ မြန်မြန်လာတော့လေ စိတ်ပူနေပြီ
✉️ နေမကောင်းဘူးလား
✉️ အခု ဘယ်မှာလဲ

ဆက်မဖတ်လိုတော့တာမို့ ဖုန်းကို ပိတ်ပြီး လွယ်အိတ်ထဲ ပစ်ထည့်လိုက်ရသည် ။
ဘယ်လိုမှ အသားမကျနိုင်ပါ .. ဘယ်လိုမှ ။

မနေ့ကအထိ သူက Jenoနဲ့ ပျော်ရွှင်နေခဲ့တာ ။
မနေ့က သူ၀ယ်ပေးလိုက်တဲ့ Ryanကို ကုတင်အောက်‌မှာ ပစ်ထားပြီး Jenoကို စမလို့တောင် မပြင်ရသေးတာ ။

မနေ့ညက အဲ့ဒီကိစ္စသာ ပါပါးဆီက မသိခဲ့ရရင် ။
မနေ့ကညက ပါပါးကသာ တစ်ဇွတ်ထိုးဆန်မနေခဲ့ရင် ..

Jenoကို သူမရွေးချယ်နိုင်ခဲ့ပါ ..
သူ့ရဲ့ရွေးချယ်မှုဟာ Lee Jeno ဖြစ်မနေခဲ့ပါ ။
သူက အမြဲတမ်း ဂျစ်တိုက်ပြီး Jenoက သူ့ကို အရေးမပေးရင် ဒေါသထွက်ဟန်ပြခဲ့သလိုမျိုး ..
Jenoက သူ့ကို စိတ်ဆိုးလောက်မလား အဲ့ဒီလို ..
သူကအတည်တကျ မရွေးချယ်ခဲ့တဲ့အတွက် Jenoက သူ့ကို စိတ်ပျက်သွားလောက်မှာလား ..။

" ဘာတွေ တွေးနေတာလဲ မင်း "

" ပင်ပန်းတယ် .. ထုတ်ပြောနိုင်တာထက် "

" ဘာလို့ ငါ့မှာ ငါပဲရှိတာလဲ "

" ငါ့မှာ နောက်ဆုံး Jenoပါ ရှိတော့မှာ မဟုတ်ဘူးပဲ "

သူရှိနေသည့် နေရာမှာ ဘယ်သူမှ မရှိတာမို့ တစ်ယောက်တည်း သူ့ဘာသာ စကားပြောနေမိသည် ။

ပိုပြီး လေးလံလာသည့်စိတ်တွေက ပိုပြီး ဆိုးရွားလာခဲ့သည် ။
ပါပါးက ထပ်ပြီး အိမ်မှာရှိမှာ မဟုတ်တော့ .. အလုပ်ခရီးခေါင်းစဉ်တပ်ပြီး လျှောက်သွားနေပြန်ဦးမှာ ။
မနေ့ညက ပြန်လာပြီး သူ့ဘ၀ထဲကို မွှေနှောက်သွားပြီးတော့ အခုထပ်ပြီး ရက်တွေအကြာကြီး ပျောက်သွားဦးမှာ ။

Jenoကရော သူ့ဘ၀ထဲကနေ ထာ၀ရ ပျောက်ကွယ်သွားမှာလား .. ။
အတွေးအိပ်မက်တွေနဲ့ စိတ်ကူးတွေ .. သူ့မှာ အများကြီး ရှိခဲ့တာ တကယ်ကို ရူးရူးနှမ်းနှမ်း ။

Selenophile || NoMinWhere stories live. Discover now