Lacuna

1K 140 4
                                    

Lacuna
(n.) A Blank Space ; A missing part

.............................

" Jen .. ဒီနေ့ နေသာတယ်နော် "

" ဟုတ်ပါ့ Aliceရယ် .. Benရော "

" သူက ဟိုဘက်ဆောင် သွားနေတယ် "

" ခုနက အကြာကြီး အပြင်ကို ငေးနေတာပဲ .. ဘာလဲ အချစ်ဟောင်းကို လွမ်းနေတာလား "

" တကယ်ပဲဗျာ .. ကျွန်တော် သူငယ်ချင်းတွေလာတာ စောင့်နေတာပါ "

Aliceက ဒီက Nurseမလေး ။ သူ့ကောင်လေး Benနဲ့အတူတူ Jenoနဲ့ ခင်လာခဲ့ကြတာ ။

" တစ်လ‌ခွဲ နှစ်လလောက်တောင် ရှိပြီနော် ကျွန်တော် ဒီကို ရောက်လာတာ "

သူ့ရောဂါအကြောင်း သိရတာ နှစ်လကျော်ခဲ့ပြီ ။
ခြောက်လတောင် ခံပါ့မလား မသေချာတော့တဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေရပေမယ့် DongHyuckနဲ့ Mark Hyungက သူ့အတွက် အားအင်ဖြစ်ပေးခဲ့သည် ။

" ဒါနဲ့ မနေ့က အပြင်ထွက်ဖြစ်ကြတော့ ကျွန်တော် ကလေးကစားစရာဆိုင်တွေ့တာနဲ့ Violetလေးဖို့ အရုပ်၀ယ်လာသေးတယ် "

၀က်ဝံရုပ်လှလှလေးကို Aliceလက်ထဲ ထည့်ပေးတော့ Aliceက ရယ်သည် ။ Jenoက တစ်ပတ်တစ်ခါ ဆေးရုံအပြင်ထွက်ပြီး လျှောက်လည်ခွင့်ရတော့ တစ်ရက် Benခေါ်လို့ သူတို့အိမ်ကို ရောက်ခဲ့ရသည် ။
Violetက Benနဲ့ Aliceရဲ့ သမီးလေး .. ပါးဖောင်းဖောင်းလေးနဲ့ အရုပ်ကလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးကို မြင်သူတိုင်း ချစ်ကြမည်မှာ သေချာသည် ။

DongHyuckနဲ့ Mark Hyungကဆို ပေါင်ပေါ်က မချစတမ်း ချီထားခဲ့ကြတာ ။

သူတို့ ဒီကိုရောက်တည်းက Aliceရယ် Benရယ်က သူတို့ရဲ့ သူငယ်ချင်း ဖြစ်လာကြသည် ။
DongHyuckနဲ့ Mark Hyungက Benတို့ အိမ်ဘေးက အိမ်လေးကို ငှားလိုက်ကြပြီး နောက်အပတ်ဆို အိမ်ပြောင်းကြမည်ဟုတောင် ပြောနေသေးတာ ။

Aliceက သူ့ကို ဆေးပေးစရာရှိတာတွေပေးပြီး ပြန်ထွက်သွားတော့ သူဗီရိုအံဆွဲလေး ဘေးနားကနေ စာအုပ်လေးကို ထုတ်ပြီး စာ‌လေးတွေ ရေးနေလိုက်သည် ။
အနာဂတ်ကို ကြိုမှ မသိနိုင်တာ .. ငါတို့ကြိုပြီး ပြင်ဆင်ထားရမှာတွေ လုပ်ထားသင့်တယ် မဟုတ်လား ..။

အဲ့ဒီ အံဆွဲထဲမှာ ခုနက ကစားစရာဆိုင်ကနေ ၀ယ်လာခဲ့သည့် Ryanအရုပ်ပိစိလေးကို သူငေးကြည့်နေမိသည် ။
အခုဆို Ryanအရုပ်လေးကို သိပ်သဘောကျတတ်တဲ့ ကောင်လေးကရော ဘာတွေများ လုပ်နေလိမ့်မှာ ..။

Selenophile || NoMinWhere stories live. Discover now