" အင်း... အင်းပါကွယ်... တကယ် ကလေးမတို့ကို တွေ့ရတာ ဦးလေးတို့ တကယ်ကံကောင်းတာပါ ။ တကယ်တော့ ဦးလေးမိန်းမက ကျန်းမာရေးမကောင်းဘူး ကလေးတို့ရဲ့ ။ စိတ်ကျန်းမာရေး မကောင်းဘူးဆို ပိုမှန်ပါလိမ့်မယ်... "

" ဟင်... "

Jisoo ရော Jennie ပါ ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားရသည် ။ အဲ့ဒါကြောင့် စစတွေ့ကတည်းက အန်တီကြီးက
ထူးဆန်းနေပါတယ်လို့ ...

" ဟိုလိုကြီး သွက်သွက်ခါတဲ့အထိ အခြေအနေဆိုးတာတော့ မဟုတ်ပါဘူး ကလေးတို့ရယ် ။  သူ့သမီးလေးတွေကို တမ်းတပြီး စိတ်အားငယ်နေရာကနေ ဒီလို ကျန်းမာရေးအခြေအနေဖြစ်သွားတာပါ "

" သမီးလေးတွေ ရှိတယ်.. ဟုတ်လား Ahjashi... "

" အင်း ဟုတ်တယ် ။ ဒါပေမယ့် ဦးလေးတို့ ကံဆိုးပါတယ်ကွယ် ...  သမီးအမွှာလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ပြီး ဦးလေးတို့ အရမ်းပျော်နေကြတဲ့ အချိန်မှာပဲ သူက ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကားမှောက်ခဲ့ရတယ် ။ ဗိုက်ထဲက အမွှာသမီးလေးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အပြင် ထပ်ပြီး ဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်တော့အောင် ထိခိုက်မိသွားခဲ့တယ် ။ အဲ့... အဲ့ဒါကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဒီလိုအခြေအနေဖြစ်သွားတော့တာပါပဲ ...  "

Do Ahjashi စကားအဆုံးမှာတော့ Jisoo တို့ အရာရာကို နားလည်သွားသလို
စိတ်မကောင်းလည်း တော်တော်ဖြစ်သွားခဲ့သည် ။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ကို သမီးလေးတွေဆိုပြီး မျက်ရည်တွေ ဝဲနေရှာတာကိုး...

" သူက ကလေးတို့နှစ်ယောက်ကို တော့ပိုကီ ဆိုင်ဖွင့်ကတည်းက သူ့သမီးလေးတွေဆိုပြီး ပြောပြောနေတာ ။ ဦးလေးက မဟုတ်ပါဘူးလို့ ပြောတော့ သူက သိတယ်တဲ့ ဒါပေမယ့် သူ လိုချင်လို့ပါလို့ ပြောတာ ။ အဲ့ဒါနဲ့
ဦးလေးလည်း ကလေးတို့နှစ်ယောက်ကို
စောင့်ကြည့်နေရင်း အခုအခွင့်အရေးရတာနဲ့ သူ့ဆန္ဒလေး ပြည့်သွားအောင် ခေါ်ခဲ့ရတာပါ ။ ဦးလေးတစ်ခုတော့ တောင်းဆိုပါရစေ ။ ဦးလေးမိန်းမ စိတ်ချမ်းသာအောင်လေ ကလေးတို့ အလိုက်အထိုက်ဆက်ဆံပေးပါနော် "

" Arr... မဟုတ်.. မဟုတ်တာ.. တောင်းဆိုစရာမလိုပါဘူး Ahjashi ရယ်... Jen တို့လည်း လူမှန်းသိတတ်စကတည်းက အမေဆိုတာ ဘာမှန်းမသိခဲ့ကြတာပါ... အလိုက်အထိုက်ဆက်ဆံပေးစရာမလိုပါဘူး ။ တကယ့် စိတ်ရင်းနဲ့ကို Ahjima ကို ပြုစုပါ့မယ် ။ စိတ်ချပါ"

" ဟုတ်တယ် Jendeuk ပြောတာ မှန်တယ် ။ Ahjashi စိတ်ချပါ... Ji တို့ အခုက စပြီး မိသားစုတွေ ဖြစ်သွားပြီလို့ပဲ တွေးလိုက်ပါ "

" ကျေး.. ကျေးဇူးပါ ကလေးတို့ရယ်... "

Do Ahjashi က ဝမ်းသာမျက်ရည်တွေ ဝဲပြီး ပြုံးကာ ပြောနေတော့သည် ။

Jisoo တို့လည်း သိလိုက်ရတဲ့ အကြောင်းတွေကြောင့် ရေစက် ဆိုတာကြီးကို တော်တော်လေး အံ့အားသင့်နေခဲ့ကြသည် ။
ရေစက်ပါလို့ ဆိုက်ဆိုက်မြိုက်မြိုက်
တွေ့ခဲ့ကြတာမလား ။ ကောင်းတဲ့ ရေစက်ပဲ ဖြစ်လိမ့်မယ်ဆိုတာ တထစ်ချ ယုံကြည်နေခဲ့ကြသည် ။

" Jendeuk ... လောကကြီးက ဆန်းကြယ်တယ်နော်...ကံဆိုးမှုတွေ ပြီးရင် ကံကောင်းခြင်းတွေက ရောက်လာတတ်တယ်...ငါတော့ လောကကြီးက မမျှတဘူးလို့ ဘယ်တော့မှ မထင်တော့ဘူး "

" အင်း... ငါလည်း နောက်ဆို တစ်ခုခုကို ဆုံးရှုံးရတဲ့အခါတိုင်း ကောင်းတာတစ်ခုခုဖြစ်ဖို့အတွက်ပဲ ဆိုပြီး တွေးတော့မယ် ... တစ်ခုခုကို လိုချင်ရင် တစ်ခုခုတော့ပြန် ပေးဆပ်ရမယ်ဆိုတဲ့ သဘောပဲပေါ့ နော့ "

"အာ... ဟုတ်တယ်... ဟုတ်တယ်...အဲ့ဒါ
ဘဝပဲ ဟဲဟဲ...  အဲ... ဒါပေမယ့် "

" ဘာ ဒါပေမယ့် လဲ "

" နင့်ဘဝမှာ ကောင်းတာတစ်ခုခုဖြစ်ဖို့အတွက် ငါ့ကို ဆုံးရှုံးရမယ်ဆိုရင်ရော Jendeuk ... "

Jisoo က ဒီတိုင်းစိတ်ထဲရှိတဲ့အတိုင်း
မေးလိုက်ပေမယ့် Jennie ကတော့
သေချာစဥ်းစားပြီးမှ Jisoo ကို ပြုံးကြည့်ကာ ဖြေလိုက်သည် ။

" နင်က ငါ့အတွက် အကောင်းဆုံးအရာ
ဖြစ်တဲ့အတွက် နင့်ကို ဆုံးရှုံးပြီးမှ ရလာမယ့် ကောင်းတဲ့အရာဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး Ji... "


From Zero to Infinity ~~~Where stories live. Discover now