ဒီအန်တီကြီးက တစ်ခုခုတော့ တစ်ခုခုပဲ...
ဒီလိုနဲ့ Jisoo တို့နှစ်ယောက် သူတို့ဘဝရဲ့ အစပထမနေရာလေးလို့ သတ်မှတ်ခဲ့ကြတဲ့
လေးနှစ်ကျော်ကျော်နေလာခဲ့တဲ့ Ahjima ရဲ့ အမိုးထပ်ခန်းလေးကို စွန့်ခွာခဲ့ကြတော့သည် ။ Ahjima ကတော့ စိတ်မကောင်းဖြစ်ပေမယ့် ပြုံးပြုံးလေးပဲ နှုတ်ဆက်ရှာသည် ။
Jendeuk က Ahjima နဲ့ ပိုအနေနီးခဲ့တော့ ပြောင်းတဲ့နေ့ကဆို ငိုတောင်ငိုနေသေးသည် ။
တရှုံ့ရှုံ့ ငိုပြီး Jisoo လက်ကို ဆွဲကာ
လိုက်လာရင်း နေရမည့် အိမ်အသစ်ရောက်တော့ မျက်လုံးလေးပြူးပြီး ခုနက မျက်ရည်တွေက ကြက်ပျောက်ငှက်ပျောက် ။
Jendeuk အံ့သြမယ်ဆိုလည်း အံ့သြစရာပင် ။ သူတို့နေဖို့ဆိုပြီး ပြင်ပေးထားတဲ့
အခန်းက အရင် နေခဲ့တဲ့အမိုးထပ်က အခန်းလေးထက် နှစ်ဆသာသာ ပိုကျယ်သည်လေ ။ တစ်ယောက်အိပ် ကုတင်နှစ်လုံးလည်း
ထည့်ပေးထားတဲ့အပြင် ဗီရို မှန်တင်ခုံက အစ ရေချိုးခန်းအဆုံး ပြည့်ပြည့်စုံစုံ ရှိနေသေးသည် ။ အလုပ်လုပ်ရမည့် ခေါက်ဆွဲဆိုင်လေးက သိပ်မကြီးပေမယ့် ဆိုင်နဲ့တွဲထားတဲ့ အိမ်ကတော့ တကယ့်ကို ရှေးရိုးရာအိမ်အကျယ်ကြီး တစ်လုံးပင်ဖြစ်သည် ။
တစ်ထပ်တည်းဆောက်ထားပြီး ရှေးရိုးဆန်ဆန် အိမ်ရှေ့ကွတ်ပျစ်အရှည်ကြီးတစ်လုံးချထားသည် ။ အခန်းတွေကလည်း နှစ်ခန်းပဲ ဖွဲ့ထားတာမို့ တော်တော်ကို ကျယ်နေတော့သည် ။
Jisoo တို့ တအံ့တသြနဲ့ အိမ်ထဲ ပတ်ကြည့်နေကြရင်းနဲ့ Do Ahjashi က လက်ယက်ပြီး တိတ်တိတ်လေး အခန်းထဲ ပြန်ဝင်လာဖို့
ခေါ်တာကြောင့် Jisoo တို့ နေမယ့်အခန်းထဲ နှစ်ယောက်သား ပြန်ဝင်လိုက်ကြသည် ။
" ဟူး... တကယ်တော့... ကလေးမတို့ကို
မပြောပြခဲ့တဲ့ ကိစ္စ တစ်ခု ရှိပါသေးတယ် ။ ဦးလေးရဲ့ မိန်းမရှေ့မှာမို့ မပြောပြဖြစ်ခဲ့တာပါ ။ တကယ်တော့... တကယ်တော့လေ... "
" Ji တို့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် Do Ahjashi... ။ နောက်လည်း
တစ်အိမ်ထဲနေပြီး အလုပ်လုပ်ရမည့်သူတွေလေ ။ Ji တို့ကို ဝန်ထမ်းတွေလို ကိုယ့်သားသမီးတွေလို သဘောထားပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ဆက်ဆံပေးပါ ရပါတယ် Ahjashi "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 15
Start from the beginning
