" ဟုတ်... ဟုတ်တယ်... အန်တီက သမီးလေးတွေ လိုချင်နေတာ "

ရောက်ကတည်းက ဘာစကားမှ ဝင်မပြောတဲ့ အန်တီကြီးက အသံတုန်တုန်ယင်ယင်နဲ့ အပြုံးကြီးပြုံးကာ ဝင်ပြောတော့ Jisoo ကြောင်တောင် ကြောင်သွားသည် ။
ထိုအန်တီကြီးကြည့်ရတာလည်း ကျန်းမာရေးတော့ ကောင်းပုံမရ ။ဖြူဖတ်ဖြူရော်နဲ့ ညိုးငယ်နေတဲ့ အသွင်အပြင်နဲ့ပင် ။  တကယ်သားသမီးလိုချင်နေတာပဲ ဟုသာ Jisoo စိတ်ထဲတွေးလိုက်မိသည် ။

" အဲ့ဒါဆို Jen တို့က ဒီက ဦးလေးတို့ ဆီမှာ လိုက်နေရမှာပေါ့နော် ။ ဒီမှာ နေလို့ မရတော့ဘူးပေါ့ "

Jennie က အလန့်တကြားနဲ့ ဝင်မေးတော့မှ Jisoo Ahjima ကို လှမ်းကြည့်မိတော့ Ahjima က စိတ်မကောင်းဖြစ်သွားဟန်နဲ့ သက်ပြင်းလေး ချနေသည် ။

" ဟူး.... ဘယ်တတ်နိုင်မလဲ Jennie ရယ် ။  ကလေးတို့ အဆင်ပြေရင် သွားနေလိုက်ပါ ။ ငါ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့အေ "

စိတ်မကောင်းမဖြစ်နဲ့ပြောပြီး ငိုသံလေးပါနေတဲ့အတွက် Jisoo လည်း စိတ်မကောင်းဖြစ်ရသည် ။

" ဟို... ဦးလေးတို့... Ji တို့ ဒီမှာပဲနေပြီး
ဦးလေးတို့ဆီ လုပ်လို့မရဘူးလားဟင် "

" အာ... အဲ့ဒါက "

" ရ... ရပါတယ် Jisoo ရယ် ။ အဲ့ဒီမှာ နေတာက နင်တို့အတွက် ပိုအဆင်ပြေတယ်လေ ။ ငါ့ကို ငဲ့မနေပါနဲ့ ။ ငါက နင်တို့ အဆင်ပြေတာပဲ မြင်ချင်တာပါ ။ အဲ့မှာနေတော့ နေစရိတ်ရော စားစရိတ်ရော ငြိမ်းပြီး လစာကို
များများစုလို့ ရတာပေါ့အေ ။ အဲ့ဒါဆို Jennie ဖွင့်ချင်တဲ့ ကော်ဖီဆိုင်လေး မြန်မြန်
ဖွင့်လို့ရတာပေါ့ ။ မဟုတ်ဘူးလား အားလုံးအဆင်ပြေတာ လုပ်ပါ Jisoo ရယ် "

" ဟုတ်... ဟုတ်ကဲ့ပါ Ahjima... အင်း....
ဒါဆို Chaw တို့ အလုပ်ဝင်မယ့်ရက်မှာပဲ ပြောင်းလာခဲ့ပါ့မယ် Do Ahjashi... "

" အေးးအေးပါကွယ်... ထပ်ပြီးကျေးဇူးတင်ပါတယ်နော် ကလေးတို့ "

" မြန်မြန်ပြောင်းလာခဲ့ကြတော့နော်
သမီးလေးတို့... အန်တီ.... အန်တီ အခန်းပြင်ပေးထားမယ်နော်... "

" Nae.... Nae "

မျက်ရည်တွေပါ ဝဲပြီး သူတို့ကို ပြောနေတဲ့ အန်တီကြီးကို Jennie က အူကြောင်ကြောင်လေးကြည့်ကာ ခေါင်းလေးငုံ့ပြီး ပြောလိုက်သည် ။

From Zero to Infinity ~~~Where stories live. Discover now