Jisoo လည်း ထိုဦးလေးကြီး ပြောတာတွေကို လိုက်နားထောင်ပြီး ခေါင်းထဲရှုပ်သွားတာနဲ့ ထပ်မေးကြည့်လိုက်သည် ။
"ဟို... ဒီက ဦးလေးပြောတာတွေက နားလည်သလိုလိုနဲ့ ရှုပ်သွားလို့
ဟီးဟီး...အဓိက က Chaw တို့နှစ်ယောက်ကို ဦးလေးတို့ဆိုင်မှာ လာလုပ်စေချင်တယ် ။ ခေါက်ဆွဲလုပ်နည်းပညာ လက်ဆင့်ကမ်းချင်တယ် အဲ့ဒါပဲ ဟုတ်တယ်မလား ဦးလေး "
" အာ... ဟုတ်ပါတယ်... ဒီက ကလေးက ဥာဏ်ကောင်းသားပဲ ။ တကယ့်အချက်ကို ချက်ချင်းသိတယ် ဟဲဟဲ "
" အဟဲ... ကြားဖူးနေကြ ချီးကျူးစကားပါပဲ ဟဲဟဲ 😎" (🙄🙄)
" Ji... လူကြီးတွေကို "
Jennie က Jisoo Smirk တစ်ချက်လုပ်ကာ မျက်နှာပြောင်နေလို့ မျက်လုံးပြူးပြလိုက်ကာ ဝင်ဟန့်လိုက်သည် ။
" အဟင်း... Jisoo က ဒီလိုပဲ ... Mr.Do ရဲ့ ။ ပျော်တတ်တာလေ ။ အဲ့တော့... ကဲ Jisoo တို့ ဘယ်လိုဆုံးဖြတ်မလဲ... လူကြီးတွေကို တစ်ခါတည်း စဥ်းစားပေးလိုက်ပါလား ။ အားနာစရာကောင်းတယ်လေ "
Ahjima စကားကြားတော့ Mr.Do တို့ကလည်း ခေါင်းညိတ်ပြပြီး မျှော်လင့်တကြီးနဲ့ Jisoo တို့ နှစ်ယောက်ကို ကြည့်လာခဲ့သည် ။
" ဟို... အမှန်အတိုင်းပြောရရင်တော့ Chaw တို့ ဝန်ထမ်းမလုပ်ချင်တော့တာ အမှန်ပါပဲ ။ ဒါပေမယ့်လည်း အခုလောလောဆယ်က အလုပ်လက်မဲ့က ဖြစ်နေတော့.... ဖူး.... Jendeuk ရော ဘယ်လိုသဘောရလဲ ။
လုပ်ကြည့်ချင်လားဟင် "
" အင်း ငါ က နင့်သဘောပဲလေ Ji ရဲ့ ။ နင် လုပ်မယ်ဆို ငါလည်း လုပ်မယ် ။ နင့်သဘော နင်ပဲဆုံးဖြတ်လိုက်ပါ "
" Hummmm ဟုတ်ပါပြီ ။ အဲ့ဒါဆို Chaw တို့ လုပ်ပါ့မယ် ။ ဦးလေးတို့လည်း တကယ်လိုအပ်နေသလို Chaw တို့လည်း ပိုက်ဆံ
စုစရာလေး ရှိလို့ပါ ။ အဲ့ဒီတော့ Chaw တို့ လစာတော့ အသင့်အတင့် လိုချင်ပါတယ် ။ အရင်ဆိုင်လိုတော့ မဖြစ်စေချင်ဘူး "
" အာ... ကျေးဇူးတင်ပါတယ် ကလေးရယ် ။ လစာလည်း သင့်တော်သလို စီစဥ်ပေးပါ့မယ် ။ ပြီးတော့ နေတာကလည်း ဦးလေးတို့ဆီ လိုက်နေလို့ ရပါတယ် ။ ဆိုင်က အိမ်နဲ့ တွဲထားတော့ ဦးလေးတို့ နှစ်ယောက်တည်း ဖြစ်နေတာ ။ ကလေးတို့ လုပ်မယ်ဆို အတူတူနေ အတူတူစား မိသားစုလို နေကြတာပေါ့ ..
နော့ မိန်းမ "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 15
Start from the beginning
