☁️ ဟင်.... လာပြန်ပြီလား ခေါက်ဆွဲဆိုင်... ☁️
Jisoo နဲ့ Jennie ပြိုင်တူတွေးမိပြီး တစ်ယောက်နဲ့ တစ်ယောက် လန့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်မိကြသည် ။
" ဟို... ဒီက ကလေးမတို့ သူများဆိုင်မှာ ဝန်ထမ်းမလုပ်ချင်လို့ အလုပ်ထွက်ခဲ့ကြတာလည်း သိပါတယ် ။ ဒါပေမယ့် ဦးလေးတို့ခေါက်ဆွဲဆိုင်လေးက ရိုးရိုးခေါက်ဆွဲဆိုင်လေး မဟုတ်ပါဘူး ။
သေချာရှင်းပြရမယ်ဆိုရင် ဦးလေး ရဲ့ဘိုးဘွားတွေ မိဘတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ရိုးရာခေါက်ဆွဲဆိုင်လေးပါ ။ အခု ဦးလေးတို့လက်ထက်မှာ ပြောရမယ်ဆိုရင် အမွေဆက်ခံဖို့ရာ သားသမီးလည်းမရှိတာမို့
ဒီရိုးရာခေါက်ဆွဲလုပ်တဲ့ အမွေကို လက်ဆင့်ကမ်းပေးရမယ့်သူ မရှိပဲ ဖြစ်နေတာပါ ။
ဆိုင်ကတော့ သိပ်မကြီးပေမယ့် အကြောင်းသိတဲ့ သူတွေကတော့ ဦးလေးတို့ဆိုင်က ခေါက်ဆွဲကို တော်တော်သဘောကျပြီး အားပေးကြတာပါ ။ ခေါက်ဆွဲချည်းပဲ အော်ဒါရောင်းရတာများလာတော့ ဦးလေးတို့လင်မယားနှစ်ယောက်တည်း မနိုင်ပဲဖြစ်လာတယ်။ ဆိုင်ကြီး မဟုတ်တော့ အလုပ်သမားလည်း များများစားစား မငှားနိုင်ဘူးလေ ။ ဖြစ်ချင်တော့ မနေ့ကပဲ တော့ပိုကီဆိုင်လေး ပျက်သွားတဲ့အကြောင်း သိလိုက်ရတယ် ။ အစကတည်းက ဒီက ကလေးမလေးနှစ်ယောက်ကို ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ ကလေးနှစ်ယောက်ဆိုတာလည်း
မြင်ကတည်းက ယုံနေခဲ့တာ ။ ကလေးတို့ ခေါက်ဆွဲကလည်း လက်ရာကောင်းကြတယ်လေ ။ အဲ့ဒါနဲ့ တွေးမိပြီး ဆိုင်မှာ အလုပ်လုပ်ပေးနိုင်မလားလို့ လာအကူအညီတောင်းတာပါ ။ ဦးလေးတို့ လင်မယားနှစ်ယောက်ကလည်း အသက်အရွယ်ရလာတော့
များများမလုပ်နိုင် ရိုးရာခေါက်ဆွဲဆိုင်လေးကိုလည်း မပြတ်နိုင်ဖြစ်နေတာမို့ ကလေးတို့သာ လာလုပ်ပေးရင် ဦးလေးတို့ဆိုင်လေး
ဆက်ဖွင့်နိုင်မှာဖြစ်သလို ဦးလေးတို့ရဲ့ ရိုးရာခေါက်ဆွဲလုပ်နည်းပညာလေးလည်း
လက်ဆင့်ကမ်းခွင့်ရသွားမှာမို့ပါ ။ အဲ့ဒါကြောင့် အခုလို အကူအညီ လာတောင်းရတာပါ "
အရှည်ကြီး ရှင်းပြပြီးသကာလ မောသွားတယ်ထင်ပါတယ် ။ Jennie ချပေးတဲ့ ရေခွက်လေးကို မောသောက်နေတော့သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 15
Start from the beginning
