" ဟာ.... တကယ်လား... Ji ရယ်.... နင်....
နင်က အရမ်းချစ်ဖို့ကောင်းတာပဲဟာ.... ငါ
ဖွင့်ချင်တာပေါ့... ဆိုင်ခန်းသေးသေးလေးနဲ့ သပ်သပ်ရပ်ရပ် လှလှပပလေး ငါ... ငါ အဲ့လိုမျိုးလေး ဖွင့်ချင်ခဲ့တာ "

" ဟဲဟဲ... သိနေတယ်လေ... Kim Jisoo ပါဆို ။ ချစ်ဖို့ကောင်းရမယ်လေ ခိခိ ။
ဒါမဲ့ အခုတော့ မပြည့်သေးဘူးဟ ဟီးဟီး ။ ဒီရက်ပိုင်း ငါ အဲ့လိုဆိုင်ခန်းမျိုး စုံစမ်းကြည့်တာလည်း အဆင်မပြေဘူး ။ တခြား လိုအပ်တာတွေလည်း ရှိသေးတော့ ဒီစုထားတာလေးက မလောက် လောက်ဘူးဟ ။ အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ "

" အာ.... အခုမလောက်သေးရင် မဖွင့်သေးဘူးပေါ့ Ji ရယ် ။ ငါလည်း အရမ်းအကျွမ်းကြီးမှ မဟုတ်တာ ။ ဖျော်တတ်ရုံလောက်
ရှိသေးတာ ။ ပြီးတော့ ကိတ်မုန့်လေးတွေပါ ငါက လုပ်တတ်ချင်သေးတာ အခုမှ စမ်းလုပ်ကြည့်တဲ့အဆင့် ရှိသေးတာကို ။ နင် အရမ်းကြီး အလျင်မလိုပါနဲ့ Ji ရယ် ။ ငါတို့ ဒီကြားထဲ တခြားအလုပ်တစ်ခု ရှာပြီး ထပ်စုကြမယ်လေနော် ။ ဝါးးးး ပျော်လိုက်တာ... အဲ့လိုလေး သိိလိုက်ရတာကို ငါ အရမ်းပျော်နေပြီသိလား အားလည်းရှိသွားပြီ "

" ဟားဟား... ဟုတ်ပါပြီ Jendeuk ရယ်... ။အင်းးး...  ကိတ်မုန့်အတူးတွေ စရောင်းလို့လည်း မဖြစ်သေးပါဘူးဟာ ။ တော်ကြာ မရောင်းရလို့ ငါပဲ ဒိုင်ခံ စားပေးနေရအုန်းမယ်... Heehee"

" ဘာပြောတယ် Ji စုပ်နော်... ဟင်းးးး.... အဲ့ဒါ အစမို့လို့ကို ။ တော်ပြီ နောက်ခါ နင့်ကို
မကျွေးတော့ဘူး ဟွန့် "

" အယ်... စတာ စတာလေ... ဟီးဟီး ကျွေးပါနော် ။ ငါ က ကိတ်မုန့်ကြိုက်တယ်လေ ။
စားပေးပါ့မယ်နော် "

" ဟင်း.... အခု ထမင်းပဲအရင် စားပေးလိုက်အုန်း ။ နင် စကားများနေတာနဲ့ အေးကုန်ပြီ ။ ငါ ပြန်နွှေးလိုက်ရမလား "

" Arrnyiii.. Arrnyi.. မနွှေးပါနဲ့တော့... ငါ ဗိုက်ဆာပြီဟ.. ဟီးဟီး စားတော့မယ် ။ ချက်ပြုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ကောင်းကောင်းစားပါ့မယ် ဟဲဟဲ "

" အင်းးး ရော့.... ဒါလေး ထည့်စား... "

" Nae....
အားပါးပါး.... ကောင်းလိုက်တာ...
Kim Jennie is the Best ပဲ... ဟဟ "

" ကောင်းရင် အများကြီးစား... စကားမများနဲ့ ရီမနေနဲ့ သီးကုန်မယ် "

" Nae...Omma "

"  ပြောနေရင်းကို မျက်နှာပြောင်သေးတယ် ကဲဟယ် ဒေါင်!!!! "

" Arhhh... နာလိုက်တာ... ဇွန်းကြီးနဲ့ ငါ့ ခေါင်းလေးကို "

" မခေါက်စေချင်ရင် ငြိမ်ငြိမ်လေးစား "

" Nae.... ###×××***###...."

" ဘာတွေ ရွတ်နေတာလဲ Kim Jisoo Shi "

" Arrnyi.. Arrnyii... ဘာမှ မရွတ်ဘူး ။ ကြက်သားဝါးနေတာ ဟီးဟီး "


ဘယ်လောက်ပဲ အဆင်မပြေမှုတွေ
ကြုံခဲ့ပါစေ နားလည်မှုအပြည့်နဲ့ ထမင်းဝိုင်းလေးကတော့ ရီမောပျော်ရွှင်သံတွေနဲ့တူတူ အရာရာပြည့်စုံနေခဲ့ပါသည် ။
နွေးထွေးလွန်းတဲ့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ တစ်ယောက်ကို
တစ်ယောက် အလေးအနက်ထားမှုအပြင် ယုံကြည်ကိုးစားမှုနဲ့ ဂရုစိုက်မှုတွေပါ ပါဝင်နေသေးသည် ။

ဘဝမှာအလှည့်အပြောင်း တစ်ခုကြုံတိုင်း 
ပိုပြီးခိုင်မြဲလာတဲ့ သံယောဇဥ်တွေကို 
Jisoo တို့ နှစ်ယောက် သတိထားမိပါရဲ့လား ။  

ဒီတစ်ခါ လာမယ့် အလှည့်အပြောင်းကတော့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သတိထားမိစေမှာပါ... 

" Jisoo ရေ... Jennie ရေ... ရှိကြလား
ဒီကလေးတွေ ။ ဒီမှာ နင်တို့ကို တွေ့ချင်လို့တဲ့ ။ သူဌေးလင်မယားနှစ်ယောက် လာတယ်ဟေ့ ... "

From Zero to Infinity ~~~Where stories live. Discover now