Jisoo က ကိုင်ထားတဲ့ Jennie လက်ကလေးကို လှုပ်ခါပြီး ပြောလိုက်တော့မှ ငိုမဲ့မဲ့မျက်နှာလေးက တည်သွားပြီး စူပုပ်ပုပ်နဲ့ လှည့်ကြည့်လာသည် ။

" အဲ့ဒါဆို နင်လည်း ငေးငေးငိုင်ငိုင်ကြီး
နေမနေနဲ့လေ ။ အရင်လို တက်တက်ကြွကြွ မရှိပဲ အဲ့လိုကြီးနေနေတော့ ငါက ကြည့်ပြီး ဘယ်စိတ်ကောင်းပါ့မလဲလို့ ဟွန့်... ပြီးတော့ ငါ့ကိုလည်း သိပ်ပြီး ဂရုမစိုက်ဘူး "

" Arryoo... ဟုတ်ပါရဲ့...Phabo Kim Jisoo နော်.... Wori Jendeuk လေးကို ပစ်ထားတယ်... အင့်ဟာ.. အင့်ဟာ... ကလေးကို ဂရုမစိုက်အုန်း "

Jisoo က သူ့ခေါင်းလေးကို ထုကာ ထုကာ ပြောတော့ Jennie က ထုနေတဲ့ လက်လေးကို ဖမ်းဆွဲပြီး တားလိုက်သည် ။

" မလုပ်နဲ့နော်... ငါ့ Phabo  နာသွားမယ်...
ဟင်းးး.... နောက်ခါ အဲ့လို မလုပ်နဲ့တော့နော် ။ ပြီးတော့ နင် ဘာပဲတွေးတွေး ဘာလုပ်ဖို့ပဲ
စဥ်းစားစဥ်းစား ငါ့ကို ပြောလို့ရပါတယ်ဟ ။ ငါလည်း လူကြီးဖြစ်နေပါပြီ Ji ရာ ။ အတူတူတိုင်ပင်ပြီး အကြံပေးလို့ ရပါတယ် ။ နင်တစ်ယောက်တည်း ခေါင်းခြောက်ခံမနေပါနဲ့  ... နော် "

" Hummm... လူကြီးလေး ဖြစ်လာပြီပဲ Jendeukie က ။ ဟားဟ.... ဟုတ်ပါပြီနော် ။ နောက်ဆို နင်နဲ့ အမြဲ တိုင်ပင်ပြီး ငါ တွေးသမျှ စီးပွားရေး စီမံကိန်းတွေလည်း နင့်ကို ပြောပြပါ့မယ် ဟဲဟဲ "

" အင်း... နင်က စီမံကိန်းရေးဆွဲသူ ဆို ငါက အကြံပေးအရာရှိ လုပ်မယ်နော် ဟီးဟီး "

အခုမှ Jisoo အရမ်းသဘောကျရတဲ့ Jennie ရဲ့ Gummy smile လေးပေါ်လာခဲ့သလို
အမြဲတက်ကြွပြီး ပြုံးနေတတ်တဲ့ Jisoo အစစ်လည်း ပြန်ရောက်လာခဲ့တော့သည် ။

" အာ... ဒါဆို ငါ နင့်ကို ပြောစရာရှိတယ် Jendeuk  ။  ဒီဘဏ်စာအုပ်လေး...
ဒီမှာကြည့်ကြည့် ။ နင့်ကို မပြောပဲ ငါ့ဘာသာ အမြတ်ငွေထဲက တစ်ဝက်ကိုဖယ်ပြီး စုထားခဲ့တာလေ... အဲ့ဒါ ဘာလုပ်ဖို့လဲ နင်သိလား "

" ဟင့်အင်း... မသိဘူးလေ ။ နင် စုသမျှ ငါ တစ်ခါမှမှ မမေးဖူးတာ "

" အင်း.... ငါလည်း နင့်ကို ဝမ်းသာသွားစေချင်လို့ အကောင်အထည်ဖော်နိုင်မှ ပြောပြမယ်ဆိုပြီး လုပ်ထားခဲ့တာ ။ တကယ်က ငါ
နင့်ကို ကော်ဖီဆိုင်လေး ဖွင့်ပေးမလို့  သီးသန့်စုထားပေးခဲ့တာဟ... ဘယ်လိုလဲ နင် ကော်ဖီဆိုင် ဖွင့်ချင်တယ်မလားဟင် Jen "

From Zero to Infinity ~~~Where stories live. Discover now