Jendeuk  ဒီလိုတွေးနေမယ်လို့ သူ
မထင်လိုက်ဘူးလေ ။ ဒီရက်ပိုင်း အလုပ်အကြောင်းလည်း တွေးရင်း Jendeuk ဖွင့်ချင်တဲ့ကော်ဖီဆိုင်လေးများ ဖွင့်နိုင်မလားဆိုပြီး ဆိုင်ခန်းတွေလည်း လိုက်စုံစမ်းရင်းနဲ့ တွက်ချက်နေခဲ့မိတာ ။
Jendeuk ကိုတောင် သိပ်ဂရုမစိုက်မိ ။
အခုမှ ပြန်တွေးမိတော့ ဒီရက်ပိုင်း Jendeuk က သူ့ကို စကားလည်း သိပ်မပြောပဲ အရိပ်တကြည့်ကြည့်နဲ့သာ ကြည့်နေခဲ့တာလေ ။ Jisoo သူ့အတွေးတွေလွန်နေခဲ့တာ
ပြန်သတိထားမိတော့မှ ပိုပြီးတော့
စိတ်မကောင်းဖြစ်ရတော့သည် ။

" Jendeuk ... ဘာလို့ အဲ့လိုတွေ တွေးနေတာလဲဟာ... နင်က ငါ့အတွက် ဝန်ထုတ်ဝန်ပိုး မဟုတ်ပါဘူးဆို ။ ငါ ဆုံးဖြတ်သမျှ အရာအားလုံးကလည်း နင်နဲ့ငါရဲ့ အတူတူ ရှေ့ဆက်မယ့်ဘဝအတွက်ပဲလေနော် ။ နင်
ငါ့ကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ ။ ငါနဲ့အတူတူ ဒုက္ခလိုက်ခံပေးတာပဲ ရှိတာပါ Jen ရယ် ။ မဟုတ်တာတွေ လျှောက်မတွေးပါနဲ့နော် ။ နင် ငါ့အနားရှိနေရင်ကို ဘာပဲဖြစ်ဖြစ် ငါ လုပ်နိုင်ပါတယ် ။ နင်ပဲ ပြောဖူးတယ်လေ ။ ငါတို့အတူရှိနေရင် အရာရာကို ဖြတ်ကျော်နိုင်တယ်ဆို ။ အဓိက က ငါတို့ ဘယ်တော့မှ မခွဲဘူးလေနော် "

Jisoo Jennie လက်ကလေးကို ဆုပ်ကိုင်ကာပြောလိုက်တော့ အားငယ်နေတဲ့ ကလေးက မျက်နှာလေး လွှဲသွားသည် ။ သူ့မျက်ရည်တွေ မြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ထင်ပါရဲ့ ။

"ပြီးတော့ အဲ့ဆိုင်ကိစ္စလည်း နင့်ကြောင့်လို့ စိတ်ထဲတွေးမနေပါနဲ့ ။ အမှန်တကယ်လည်း ငါတို့အတွက် ညဘက်ကြီးအဲ့လိုရောင်းတာ အန္တရာယ်များတယ်ဟ ။ ငါ အဲ့အမူးသမား
နင့်ကို အန္တရာယ်ထပ်လာပေးမှာစိုးလို့
ဆိုင်မဖွင့်တော့တာမဟုတ်ပါဘူး ။ ငါ ဖွင့်ချင်ရင် ရဲခေါ်ထားပြီး အဲ့ဒီလူ ထပ်လာရင် ထောင်ထဲဆွဲထည့်ပစ်မှာပေါ့ဟ ။ အခုက တကယ်လည်း ငါ မရောင်းချင်တော့လို့ပါ ။ နင်ရော ငါရော ပင်ပန်းတယ်လေ ။ အမြတ်များပေမယ့် ရေရှည်ဆွဲလုပ်ဖို့ ကောင်းတာမဟုတ်ဘူး ။ မိန်းကလေးတွေဖြစ်တဲ့အတွက် တစ်မျိုးမဟုတ် တစ်မျိုးကတော့ တနေ့ကြုံရမှာပဲ ။ အဲ့ဒါကြောင့် ငါ ရပ်ပစ်လိုက်တဲ့ သဘောပါ ။ နင် စိတ်မကောင်း မဖြစ်နေနဲ့တော့နော် ။ ငါလည်း မေ့လိုက်ပြီ ။ ရှေ့ဆက်ပြီး ဘာလုပ်ရင်ကောင်းမလဲပဲ ငါတို့အတူတူ စဥ်းစားရအောင်လေနော် Jendeuk ... နော်လို့"

From Zero to Infinity ~~~Where stories live. Discover now