Jennie လည်း Jisoo နောက်က လိုက်လာရင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့်
မှင်သက်သွားမိသည် ။

" ဒါ... ဒါ.. ဘယ်လိုဖြစ်တာ... "

Jisoo ကိုကြည့်လိုက်တော့  မေးရိုးတွေတင်းနေအောင် အံကြိတ်ထားပြီး သူ့ဆိုင်လေးကို စိုက်ကြည့်နေလေရဲ့ ။

" Ah... Ahjima... Ahjima လာကတည်းက ဒီလိုဖြစ်နေတာလား.. ဟုတ်လား "

" ဟုတ်... ဟုတ်တယ် Jennie ရယ်... ငါ.. ငါလည်း ညက စောင့်တဲ့ ဆိုင်ဝန်ထမ်းလေးပြောမှ သိတာ.... မနေ့ညက မိုးကြီးချုပ်မှ လူတစ်စုလာပြီး ဖျက်ဆီးသွားတာတဲ့... လုပ်ရက်လိုက်ကြတာဟယ် "

အသံတွေတုန်နေတဲ့ Ahjima ကြောင့် Jisoo လှည့်ကြည့်လိုက်ပြီး Ahjima ရဲ့ ပခုံးလေးကို ကိုင်လိုက်သည် ။

" စိတ်မကောင်းမဖြစ်ပါနဲ့ Ahjima ရယ်.... ဘယ်တတ်နိုင်မလဲ... သူတို့ ဖျက်စီးသွားတော့လည်း ပြန်ပြင်ကြရုံပေါ့ "

Jisoo သက်ပြင်းလေး ဖွဖွချကာပင် အကျိုးအပဲ့လေးတွေကို ကောက်သိမ်းနေမိသည် ။ သူများကို စိတ်မကောင်းမဖြစ်ပါနဲ့ပြောပြီး သူကိုယ်တိုင်ကလည်း နှမြောတသဖြစ်နေတာ Jennie သိတာပေါ့ ။

" Ji... ငါ... ငါ့ကြောင့်ပါဟာ.... မနေ့က... ငါ အဲ့အမူးသမားကို ကြမ်းလိုက်လို့... ဒီ.. ဒီလူ ယုတ်မာပြီး လာပြန်လုပ်သွားတာ .. . တောက် !!! "

မျက်ရည်တွေ ဝေ့ပြီး ခံပြင်းနေတဲ့ Jennie ကို Jisoo ခပ်ဖွဖွလေးပဲ ပြုံးပြကာ ခေါင်းခါပြလိုက်သည် ။

" Arrnyi ....နင့်ကြောင့် မဟုတ်ပါဘူး Jen ရဲ့....နင်က ငါ့ကို ကာကွယ်ဖို့ လုပ်လိုက်တာလေ... ထားလိုက်ပါ... ယုတ်မာတဲ့လူက ယုတ်ကို ယုတ်မာတာ... တမင်လုပ်သွားတာပဲလေ...နင့်စိတ်ထဲ လျှောက်မတွေးနေပါနဲ့  ငါတို့ ပြန်ပြင်လို့ ရမှာပါ "

" Jisoo ရယ်... ညက ပြဿနာ ဖြစ်ကြသေးတာလား... Ahjima လည်း မသိလိုက်ရပါလားကွယ်... အဲ့ဒါကြောင့်ထင်တယ် အဲ့လူအုပ်ထဲက လူတစ်ယောက်က အော်ပြောနေတာတဲ့ ငါ့ခေါင်းကို ရိုက်ခွဲတဲ့ ကောင်မ တွေ့မယ်ဆိုပြီး ကြိမ်းနေတာတဲ့ ... အန္တရာယ်များလိုက်တာ ကလေးတွေရယ်.. "

" ဘာ.... အဲ့လို... အဲ့လို ကြိမ်းသွားသေးတယ်.. ဟုတ်လား Ahjima... "

" ဟုတ်တယ် ညဘက်ဆိုင်စောင့်ဝန်ထမ်းလေးက ပြန်ပြောတာ ။ သူတောင် ကြောက်ပြီး ထွက်မပြောရဲဘူးတဲ့ ။ သူတို့က လူတွေ့တာနဲ့ အသေဆော်မယ့်ပုံတွေတဲ့ "

Ahjima စကားကြားတော့ Jisoo Jendeuk အတွက် စိတ်ပူသွားတော့သည် ။ ညက ဆိုင်စောစောသိမ်းလိုက်လို့သာ မဟုတ်ရင် သူတို့ Jen ကို တွေ့တာနဲ့ အန္တရာယ် ပြန်ပေးနိုင်သည်မလား ။ အဲ့ဒါဆို
အခု ဒီဆိုင်ပြန်ဖွင့်ရင်လည်း ပြန်လာပြီး Jendeuk ကို ပြဿနာရှာနေမှဖြင့်...

Jisoo ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ပဲ ချလိုက်ကာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည် ။ နှစ်နှစ်လောက် ရောင်းကောင်းခဲ့တဲ့ ဒီဆိုင်လေးကို နှမြောမိပေမယ့် ဒီအချိန်မှာ Jennie အန္တရာယ်ကင်းဖို့က အဓိကမလား ။  အရာအားလုံးထက် Jendeuk  ကိုတော့ သူ ဘယ်နည်းနဲ့မှ အထိခိုက်မခံနိုင်ပါ ။

" Ahjima... ဒါတွေ ရှင်းပြီး အမှိုက်ပုံထဲပဲ ပစ်လိုက်တော့မယ်... ပြန်ပြင်မနေတော့ပါဘူး ။ ဆိုင်လည်း ပြန်မဖွင့်တော့ဘူး Jendeuk ။ ငါတို့ တော့ပူကီရောင်းတာ ရပ်လိုက်ကြရအောင်နော် "

" Ji... အဲ့လို... အဲ့လိုတော့ မလုပ်ပါနဲ့လားဟာ... ဒီဆိုင်လေးက အရမ်းမြတ်တာ နင် သိသားနဲ့... ငါတို့ အဆင်ပြေနေခဲ့တာလေ...
ဒါမရောင်းတော့ရင်... "

" Jendeuk ...ငါ့အတွက် ငွေက အရေးမကြီးဘူး ။ ပြီးတော့ ငါတို့နှစ်ယောက် အဆင်ပြေနေဖို့ထက် ငါ့အတွက် နင်က ပိုအရေးပါတယ်... အဲ့တော့ နင် ဘာမှ စိတ်ပူမနေပါနဲ့ ။ ငါတို့ နောက်အလုပ်တစ်ခု ရှာတွေ့မှာပါ.. .
ဒါမရောင်းရတာနဲ့ ငါတို့ ဘဝပျက်သွားမှာမှ မဟုတ်တာ.. နော်.... ငါပြောတာ နားထောင်ပေးပါနော် Jendeuk "

Jisoo ဘာကြောင့် ဒီလိုဆုံးဖြတ်လိုက်တာလဲဆိုတာ သိနေတာမို့ Jennie စိတ်ထဲ ဝမ်းနည်းမှုက ကြီးစိုးကာ မျက်ရည်ကျမိသည် ။ အရာရာအဆင်ပြေနေတဲ့ သူတို့ဘဝလေးကို တစ်ညတွင်းချင်းပဲ ဂြိုလ်ဆိုးက ဝင်နှောက်သွားလေသည် ။
ကံကြမ္မာက အဲ့ဒါကြောင့် မယုံရဘူးလို့
ပြောကြတာမလား ။
ကံကြမ္မာထက်  Jisoo ကို ပိုယုံတဲ့အတွက် Jennie မျက်ရည်တွေနဲ့ပဲ  ခေါင်းညိတ်ပြလိုက်တော့သည် ။


From Zero to Infinity ~~~Where stories live. Discover now