Jennie စိတ်တိုတာမပြေသေးတာမို့ Jisoo လက်မောင်းကို တဖြန်းဖြန်းနဲ့ ရိုက်တော့သည် ။

" Arhhh... Arhh... နာတယ်... နာတယ်... Jendeuk ရ... တော်ပြီ... တော်ပြီ... မရီတော့ဘူးနော်... ဒီမှာ ငါ့လက် နာသွားတယ်ဟ...
မရိုက်နဲ့တော့နော် "

" ဟင်.... တကယ်လား... ပြအုန်း...Ji "

Jennie အထိတ်တလန့်နဲ့ Jisoo လက်ကို
ယူကြည့်မိတော့ ခုနက အမူးသမား လက်ကို အကြမ်းပတမ်းဆွဲလိုက်လို့ ထင်ပါရဲ့ ။ လက်ကောက်ဝတ်လေးတွေက နီရဲလို့ အညိုရောင်တောင် သန်းချင်နေပြီ ။

" တောက်... ခွေးကောင်ကြီး... သူ့အားကြီးနဲ့....Arrr ပြောရင်းနဲ့ စိတ်တိုလာပြန်ပီ ... အရမ်းနာသွားမှာပဲ Ji ရယ်... ညိုတောင် ညိုနေပြီ...."

Jisoo လက်ကလေးကို ကြည့်ကာ စိတ်တိုပြီး အော်လိုက် စိတ်ပူပြီး လေသံလေးတိုးသွားလိုက်နဲ့ ပြာနေတဲ့ Jennie ကိုကြည့်ကာ Jisoo သဘောတွေကျနေတော့သည် ။

" ဟီးဟီး...မနာပါဘူး...Jendeuk ရဲ့ ။  အိမ်ကျမှ ဆေးလူးပေးတော့နော်... လာ ဒီနေ့တော့ ဆိုင်စောစောသိမ်းရအောင်... လူလည်း မလာဘူးလေ "

" အင်းပါ... ငါ သိမ်းပေးမယ်... Ji ဘာမှ
မသယ်နဲ့နော်.... အဲ့မှာ ငြိမ်ငြိမ်လေး ထိုင်နေ... ခဏလေး... ဘယ်ရောက်သွားလဲ...
နို့ဗူး....အော် ဒီမှာ.. ရော့ အဲ့ဒါထိုင်သောက်နေနော် "

" Nae.... Fighter ပေါက်စလေး စကားနားထောင်ပါ့မယ် "

Jisoo စကားကြောင့် Jennie ရဲ့ မူပိုင်မျက်စောင်းလေးက ဒိုင်းခနဲရောက်လာတော့ Jisoo ဖြီးပြလိုက်ကာ နို့ဗူးသောက်ရင်း ကြည့်နေလိုက်တော့သည် ။

ထိုညက Jisoo တို့ ဆိုင်စောစောသိမ်းပြီး ပြန်လာခဲ့ပေမယ့် မနက်ကျတော့ Ahjima က ငိုသံပါကြီးနဲ့ Jennie ဖုန်းကို ဆက်တော့သည် ။ Jisoo လည်း Ahjima လှမ်းပြောပြောချင်း သူတို့ဆိုင်လေးကို အပြေးလိုက်သွားကြည့်ပေမယ့် တစစီဖြစ်နေတဲ့ ခုံတွေရယ် ပြိုကျနေတဲ့ အမိုးတွေကိုသာ
တွေ့လိုက်ရတော့သည် ။
Ahjima ကတော့ စိတ်မကောင်းလို့ ထင်ပါရဲ့ ။ သူ့ရဲ့ တစ်စစီဖြစ်နေတဲ့ ဆိုင်လေးကို တွေတွေကြီးကြည့်နေတဲ့ Jisoo ကိုကြည့်ကာ မျက်ရည်တွေ ဝဲနေခဲ့သည် ။

From Zero to Infinity ~~~Where stories live. Discover now