" Jen... Jendeuk.... တော်.. တော်ပြီ.... လွန်မယ်... တော်တော့နော်...မူးနေတာပါ... ထားလိုက်တော့နော်... လက်လွန်ကုန်လိမ့်မယ် "

Jisoo စိန်ပြေနပြေထိုးနေတဲ့ Jennie ကို အမူးသမားကိုယ်ပေါ်က အတင်းဆွဲပြီး ခွာမှ Jendeuk က ရပ်တော့သည် ။ ဒါတောင် မျက်နှာတစ်ခုလုံး နီရဲပြီး အသက်ရှူတွေကြမ်းပြီး ဒေါသတွေမပြေနိုင်သေး ။

" Jen... Jendeuk.... စိတ်လျှော့နော်... စိတ်လျှော့.. Ji ဘာမှမဖြစ်ဘူးလေနော်... ဖူးး... အသက်ကို ဖြည်းဖြည်းရှူနော်... ဒေါသမထွက်နဲ့တော့.. လျှော့လိုက်တော့နော်  "

" အားးး... မင်းတို့... မင်းတို့... တွေ့မယ်... ငါ့အကြောင်း... သိ... သိမယ် "

ဒီလောက်အထိုးခံရပြီး လဲနေတာတောင် လက်ညှိုး တထိုးထိုးနဲ့ ကြိမ်းနေတဲ့ အမူးသမားကို Jisoo ပုလင်းတစ်လုံးယူပြီး ထပ်မြှောက်ပြလိုက်ကာ အံကြိတ်ပြီး ပြန်ကြိမ်းလိုက်သည် ။

" အခု ထွက်မသွားရင် ရှင့် အသက်ကို အာမမခံဘူးနော် "

အဲ့ဒီတော့မှ  အမူးသမားက ဒယိမ်းဒယိုင် နဲ့ထပြီး ခေါင်းကို လက်နဲ့အုပ်ကိုင်ကာ ထွက်သွားတော့သည် ။

" Arrshii... စိတ်တိုလိုက်တာ.... Ji မဆွဲရင် ဒီလူအသေပဲ... "

" ဖူးးးး... တော်ပါတော့ Jendeuk ရယ်... စိတ်လျှော့လိုက်နော်...သူလည်း တော်တော်အီသွားမှာပါ... Aigoo  ဒေါသကလည်း ကြီးလိုက်တာ... Wori Jendeuk လေးက... ဟားဟ "

" ရီနိုင်သေးတယ်နော် Kim Jisoo... ခုနကတော့ ကြောက်နေတာမလား... ငါ ပြန်လာတာ မြန်လို့ပေါ့.. ခဏလေးကိုကွာ.... "

" ဟီး... ခုနကတော့ ကြောက်တာပေါ့... အခုတော့ မကြောက်တော့ဘူးလေ.... Fighter ပေါက်စ ရှိတယ်ကွ.. haha... "

" ဘာ Fighter ပေါက်စလဲ... Ji... နော်.. ဟွန်း... လူက စိတ်တိုရင် မရဘူး...အထူးသဖြင့် နင့်ကို အဲ့လိုတွေ့လိုက်ရတော့ ဒေါသက ဘယ်လိုမှ ထိန်းမရဘူး.. "

" အမလေး... ကြောက်စရာကြီးပါလား.. ဟားဟ Aigoo... ချစ်ဖို့ကောင်းလိုက်တာ Jendeukie လေး ဒေါသထွက်နေပုံက haha "

" ကဲဟယ်... ကဲဟယ်... တော်တော် ရီရနေတယ်... ဒေါသတွေ နင့်အပေါ် ရောက်တော့မယ်... ရီချင်အုန်း ရီချင်အုန်း... "

From Zero to Infinity ~~~Where stories live. Discover now