" ဟမ်.... ဘာရယ်.... ဘယ်လိုပြောလိုက်တာလဲ... ထိုင်သောက်လို့မရဘူး ဟုတ်လား ။ ဒီမှာ မင်းဆိုင်က မှာစားရင်ပြီးရောမလား ။ ငါ့ဘာငါ သောက်ချင်သောက်မှာပေါ့...အမြည်းစားရင်း သောက်မလို့လေ... သွားစမ်းပါ... ခေါက်ဆွဲတစ်ပွဲ ကြက်ခြေထောက်တစ်ပွဲ.. သွားလုပ်ချည်... သွား "

Jisoo  အတတ်နိုင်ဆုံးချိုချိုသာသာပြောလိုက်ပေမယ့် မူးနေတဲ့ထိုလူက စကားပြောမာနေတာမို့ ဒေါသထွက်သွားတော့သည် ။

" ဒီမှာ....အမြည်းစားရင်းသောက်မယ်ဆိုလည်း  ရတဲ့ ဆိုင်မှာ သွားသောက်ပါ... ဒီဆိုင်ကတော့ လုံးဝမရဘူး.. လုံးဝလည်း မရောင်းနိုင်ပါဘူး... အခုပဲ သွားလိုက်ပါတော့ "

" ကျစ်!!! ဘာပြောတယ်ကွ... မရောင်းနိုင်ဘူးဟုတ်လား... အာရုံလာနောက်နေတယ်...
ဒီကလေးမကတော့.. "

ထိုလူက မူးမူးနဲ့ပင် Jisoo လက်ကို ဖမ်းဆွဲကာ မတ်တပ်ထရပ်လိုက်သည် ။ ဒီနေ့ကျမှ ဆိုင်ကလည်း လူကျဲနေတာမို့ Jisoo တို့ ဖြစ်နေတာကို ဘယ်သူမှ မသိကြ ။

" ဒီမှာ... ရှင် လွှတ်လိုက်နော်... မူးနေလို့ ဘာမှမလုပ်တာနော်.... လွှတ်.... အခု လွှတ်... "

" မလွှတ်ဘူးကွာ... ဘာလုပ်ချင်လဲ.... ဟင်... မရောင်းနိုင်ဘူးဟုတ်လား.... မင်းဆိုင်က ခေါက်ဆွဲမရောင်းချင်ရင်  ဘာလဲ... မင်းကိုရောင်းမလား... အဟက်... မဆိုးပါဘူး... အချောလေးပဲ ... "

ပြောလည်းပြော Jisoo လက်နှစ်ဖက်လုံးကို ချုပ်ကိုင်လိုက်ပြီး မူးနေတဲ့ မျက်နှာကြီးကလည်း တိုးကပ်လာတာမို့ Jisoo လက်ကို အတင်းရုန်းကာ တွန်းနေရ တော့သည် ။
ဒါပေမယ့် ယောကျာ်းသားတစ်ယောက်ရဲ့ အားမို့ အားကုန်သုံးကာ ရုန်းပေမယ့် မလွတ်နိုင် ။

ထိုအချိန်မှာပဲ

" ခွမ်း!!!...."

" အား!!!......"

ခေါင်းကို အုပ်ကိုင်ကာ အော်ပြီး လဲကျသွားတဲ့ အမူးသမားကို Jisoo ပြူးပြီးကြည့်နေတုန်းမှာပဲ Jennie က ထိုလူ့ကိုယ်ပေါ်ကို တက်ခွကာ မျက်နှာကို ထိုးတော့သည် ။

" ခွပ်!!!! ဟမ်... Ji ကို အနိုင်ကျင့်ချင်အုန်း.... လာခဲ့... ခွေးကောင်ကြီး... ခွပ်!!!! Ji ကို
မတရားပြောချင်အုန်း.... ခွပ်!!!! "

From Zero to Infinity ~~~Where stories live. Discover now