" အာ.... အဲ့ဒါ... ငါ... ပေးလိုက်ပြီ... မရှိတော့ဘူး hehe"

" ဟာ... Jendeuk.... ငါ ကြိုက်တဲ့ဟာကို... ဘယ်သူ့ကို ပေးလိုက်တာလဲ..."

" ဟို... ခု.. ခုနက ဆိုင်လာစားတဲ့ ကလေးလေးနှစ်ယောက် ခေါက်ဆွဲတွေစားပြီး စပ်နေတာနဲ့ တိုက်လိုက်တာ ဟီး....
ဆောတီး...ဆောတီး... Ji "

" အာကွာ.... ငါ့နို့ဗူးတွေကို.... နင်ကလည်း... ငါသောက်လို့မဝသေးဘူးကို ... ဒီမှာ ရောင်းရင်းနဲ့ သောက်အုန်းမှာကို...ဟင်းးးး... " ( Pout )

" ကလေးတွေက စပ်နေလို့ ပေးလိုက်တာကို... Ji ကလည်း... ကလေးလည်းမဟုတ်တော့ပဲနဲ့... "

Jisoo ကတော့ ကျန်တဲ့အချိန်မှာ အမြဲလူကြီးဆန်ပြီး ပျော်ပျော်နေတတ်ပေမယ့် သူ့နို့ဗူးနဲ့ ပတ်သက်ရင်တော့  တကယ့်ကလေးကြီးပါပဲ ။ အခုလည်း နှုတ်ခမ်းကြီးစူပြီး မျက်မှောင်လေးက ကြုံ့နေသေးသည် ။ Jennie ကိုလည်း စူပုပ်ပုပ်နဲ့ ငိုမဲ့မဲ့လေး ကြည့်နေတာမို့ Jennie တို့ မနေနိုင်တော့ပါ ။
တကယ်ပါ ။အမြဲလိုလို ပြုံးနေတတ်ပေမယ့် Jisoo အဲ့လိုလုပ်ပြရင်တော့ တကယ်အသည်းယားပြီး မနေနိုင်မထိုင်နိုင်ဖြစ်ရတာ Jennie ရဲ့ အကျင့်ပင် ။

" အေးးးပါ... အေးးပါ... အခု သွားထပ်ဝယ်ပေးမယ်နော်... Ahjima ဆိုင်လေးတင်ကို အခု တစ်ပါကင် ပြန်ဝယ်လာခဲ့ပေးမယ်နော်... စိတ်မဆိုးနဲ့တော့နော် ဟီးဟီး... "

Jennie  အချိုသာဆုံးလေး ပြုံးပြလိုက်ပြီး ချော့လိုက်ရင်းနဲ့  အနောက်ဘက်က  Ahjima ရဲ့ ကုန်စုံဆိုင်ထဲ ပြေးဝင်ဝယ်ရတော့သည် ။

" ဟေ့... ဒီမှာ... ကောင်မလေး ဒီကိုလာအုန်း... ခေါက်ဆွဲမှာချင်လို့... "

Jennie အနောက်ဘက်ဆိုင်ထဲ သွားဝယ်နေတုန်း  Jisoo ကို ဆိုင်ထဲက ဝိုင်းတစ်ဝိုင်းမှ လူတစ်ယောက်က လှမ်းခေါ်တာမို့ သွားလိုက်သည် ။ အနားရောက်တော့ ထိုလူက အိတ်ထဲထည့်လာတဲ့ Soju ပုလင်းတွေကို ထုတ်ပြီး စားပွဲဝိုင်းပေါ်တင်နေသည် ။  လူပုံကြည့်ရတာလည်း အတော်အသင့်တော့ မူးနေပြီဖြစ်သည် ။ ကြည့်ရတာ Ahjima ဆိုင်က ထပ်ဝယ်လာတာထင်တယ် ။

" ဒီမှာရှင့်.... ဆိုင်မှာ ဒါမျိုးတွေ ထိုင်သောက်လို့ မရပါဘူး ။ ဒီဆိုင်က အဲ့ဒါတွေမရောင်းသလို ထိုင်သောက်လို့လည်း မရပါဘူး ။ ကလေးတွေလည်း လာစားတတ်လို့ပါ... နားလည်ပေးပါနော် "

From Zero to Infinity ~~~Where stories live. Discover now