" ကျွန်တော် ကိုကိုရှေ့မှာပါ "

" ငါ့နားကိုလာခဲ့ "

လက်လေးနှစ်ဖက် ရှေ့ဆန့်ပြီး ဝမ်ရိပေါ်ကိုခေါ်နေတဲ့ ရှောင်းကျန့်မျက်ဝန်းတွေက တစ်လျှပ်လျှပ်တောက်ပနေသလိုပဲ...။

ဝမ်ရိပေါ်ရှောင်းကျန့်နား တစ်ဖြေးဖြေးတိုးကပ်သွားမိသည်။ ရှောင်းကျန့်ဟာ သူ့လက်ဖျားလေးနဲ့ အသာအယာလာရောက်ထိတွေ့လာတဲ့ ခန္ဓာကိုယ်လေးကို သူ့နားအားနဲ့ဆွဲယူလိုက်တော့...

" ကိုကို "!!

အလန့်တကြားခေါ်သံလေးနဲ့ ဝမ်ရိပေါ်ဟာ ဝီးချဲပေါ်မှာ ထိုင်နေတဲ့ ရှောင်းကျန့်ရဲ့ ပေါင်တွေပေါ် ထိုင်လျှက်လေးကျသွားခဲ့တယ်။

ရုတ်တရက်အနေအထားကြောင့် ဝမ်ရိပေါ်မျက်လုံးလေးများ ပြူးကျယ်ကာ အော်လိုက်ပေမယ့် အပြုံးမြမြလေးနဲ့ ရှောင်းကျန့်ဟာ သူ့ခါးတွေကို အားနဲ့ ဖက်ထားခဲ့သည်။

" ငြိမ်ငြိမ်နေ ကိုယ် မင်းမျက်နှာလေးကို စမ်းကြည့်မလို့ "

ကိုကို့စကားကြောင့် ဝမ်ရိပေါ် ကိုကို့ပေါင်တွေပေါ်မှာထိုင်ပြီး ငြိမ်နေမိတယ်။ ဝမ်ရိပေါ် အနီးကပ်မြင်နေရတဲ့ ရှောင်းကျန့်မျက်လုံးလေးတွေဟာ လှုပ်ရှားနေသလိုပဲ....။ ထို့အတူ တစ်ဖြေးဖြေး ဝမ်ရိပေါ်မျက်နှာပေါ်ရောက်လာတဲ့ ရှောင်းကျန့်လက်ချောင်းလေးတွေက ဝမ်ရိပေါ်ပါးပြင်လေးပေါ် ဖွဖွလေးထိတွေ့နေတယ်။

" မင်းမှာ ပါးအိအိဖောင်းဖောင်းလေးတွေရှိတယ်.. "

ဝမ်ရိပေါ်မျက်နှာ စိုက်ကြည့်ပြီးပြောလာတဲ့ ကိုကို့စကားသံကြောင့် ဝမ်ရိပေါ် ခန္ဓာကိုယ်လေး တောင့်ထားမိတယ်။ မသိရင် သူ့ကို မျက်လုံးချင်းဆုံပြီး စကားလာပြောနေသလိုပဲ။ ဒါပေမယ့် ကိုကိုမျက်စိတွေမှမမြင်ရတာ။ ဘယ်လိုလုပ် သူနဲ့ အကြည့်ဆုံနေနိုင်မှာလည်း..။

ရှောင်းကျန့်လက်တွေသည် ဝမ်ရိပေါ်နှာထိပ်လေးမှတစ်ဆင့် နှာထိပ်ဖျားလေးထိ ပွတ်ဆွဲလာခဲ့သည်။

" မင်း နှာတံလေးကဖြောင့်သွယ်သွယ်နဲ့ ထိပ်မှာလုံးလုံးလေးရှိတယ် "

ဝမ်ရိပေါ်ခေါင်းလေးငြိမ့်ပြမိသည်။

ထို့နောက် ဝမ်ရိပေါ် မျက်လုံးဝိုင်းလေးပေါ်ရောက်လာတဲ့ လက်သွယ်သွယ်ကြောင့် ဝမ်ရိပေါ်မျက်လုံးလေးတွေ မှိတ်ထာလိုက်မိတယ်။

Love is Blind ( Completed  )Where stories live. Discover now