Part [ 21 ]

206 20 10
                                    

Singtoအကြောင်းစုံကို Panအားပြောပြလိုက်သည်။ ဖြစ်ခဲ့သည့်ကိစ္စတွေမှာသူ့အဖေပါဝင်ခဲ့သည်ဆိုသည့်အကြောင်း kristအပေါ်သူ့စိတ်ရင်းမှန်ကန်ခဲ့သည်ဆိုသည့်အကြောင်း မချွင်းမချန်ပြောနေသည်။ Tay New Panတို့လည်းမည်သည်မှမပြောဘဲနားထောင်နေသည်။

"မင်းဘာဆက်လုပ်မှာလဲ"

ထိုစကားသည် krist၏မိခင် panဆီမှဖြစ်သည်။

"ကျွန်တော် kristကိုထပ်အထိခိုက်မခံတော့ဘူးအန်တီ ကျွန်တော့ကိုယုံကြည်ပေးပါ ကျွန်တော်စောင့်ရှောက်ပါ့မယ်။ ပြီးတော့ကျွန်တော့ကိုခွင့်လွှတ်ပေးပါ ဒီကိစ္စတွေကိုမသိခဲ့လောက်အောင်ကျွန်တော်ပေါ့လျော့ခဲ့လို့"

Panသိပါသည် ဒီကလေးနှစ်ယောက်ဘယ်လောက်ချစ်မှန်း။ မဆိုင်သူတွေအတွက် အမုန်းတရားတွေမထားချင်ပါ။ သူတို့စီးပွားရေးကိစ္စတွေမှာ အသုံးချခံဖြစ်နေရတာအပြစ်မရှိသည့်ဒီကလေးနှစ်ယောက်။

"အန်တီခွင့်လွှတ်ပါတယ်။ ဒါပေမယ့်Kitကိုတော့မင်းပြောပြရလိမ့်မယ် အရာအားလုံးကိုပေါ့"

"ဟုတ်ကဲ့အန်တီ ကျွန်တော်ဒီခရီးကပြန်လာရင်ပြောပြမှာပါ"

Panခေါင်းညိမ့်၍လက်ခံလိုက်သည်။
Singto Tayဆီရောက်လာခြင်းကဒီအကြောင်းအရာတွေကိုရင်ဖွင့်ဖို့ပင် Gunsmileက Mayနှင့်သာအချိန်ကုန်နေသဖြင့် သူများရဲ့ပျော်စရာအချိန်တွေကိုသူမဖျက်ဆီးလို။
ထိုနေ့ညကSingtoအိမ်ပြန်ခဲ့သော်လည်း အိမ်ကိုမရောက်ဖြစ်ခဲ့။ နောက်နားဆီကအုပ်မိုးလိုက်သည့်ပဝါပါးလေးကြောင့် သူ့အမြင်အာရုံတွေအမှောင်ထုဆီသို့။ နိုးလာတော့ကြိမ်းစပ်နေသည့်မျက်လုံးတွေကိုမနည်းအားယူဖွင့်ရသည်။ မှောင်မဲနေသည့်အခန်းထဲတွင် ကုတင်တစ်လုံးကလွဲပြီးအခြားအရာတစ်ခုမှမရှိ။ ဘယ်နေ့ဘယ်ချိန်လဲမသိသလို ဘယ်ရောက်နေမှန်းလဲမသိပါ။ သူ့ကိုဘယ်သူလုပ်ကြံလဲတော့သိသည်။

"အဖေ"

Singtoအခန်းတံခါးကိုထဖွင့်ရန်ပင် အင်အားမရှိ။ အားအင်တွေယုတ်လျော့နေသည်မှာဘာကြောင့်များလဲ အဖေဘာတွေလုပ်ထားတာလဲ။ ရေနှင့်ထမင်းကိုတော့လာလာပေးသည်။ သူဒီကိုရောက်လာသည့်အချိန်နှင့်ဆိုဆယ်ရက်ကျော်လောက်ကြာသွားသည်ထင်။ ခပ်ဖွဖွတံခါးဖွင့်သံကိုကြားတော့ Singtoမျက်လုံးတွေကိုဖွင့်လိုက်သည်။ မှုန်ဝါးဝါးအမြင်တွေမှာနေရာယူလာသည့် သူ့မျက်နှာနှင့်အတော်တူသည့်လူတစ်ယောက်နှင့် မိန်းမတစ်ယောက်နမ်းနေသည့်မြင်ကွင်း။ အော်မည်ကြံကာမှ သူ့ပါးစပ်ကိုပိတ်ထားသည့်တိတ်တွေကိုသတိထားမိသည်။ ပွင့်နေသည့်တံခါးကမည်ပြေးမည်ဆိုတော့ ခြေထောက်တွေလက်တွေကိုချည်ထားသည့်ကြိုးတွေကိုရုန်းနိုင်သည်အထိသူ့မှာအားအင်တွေမရှိသေး။
အခန်းအပြင်ကခြေသံကိုသူကြားနေရသည်။ရှေ့ဆက်မတိုးလာဘဲနောက်ဆုတ်နေသည့်ခြေလှမ်းတွေ ကုတင်ပေါ်ကလူတွေလည်းချစ်ကြည်နူးနေကြတုန်းပဲ။ ထိုစဥ်သူ့အတွေးထဲဝင်လာသည့်သူ......kit kitလား။ မဟုတ်ဘူး မဟုတ်ဘူးနော် အဲ့လူကကိုယ်မဟုတ်ဘူး အထင်အမြင်တွေမမှားလိုက်ပါနဲ့ကွာ။ ဖွင့်ဟမပြောနိုင်သည့်အတွက်စိတ်ထဲကနေသာပြောနေရသည်။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now