Part [ 11 ]

197 18 6
                                    

အေးချမ်းလှသောညနေခင်းလေးတစ်ခု...

နှစ်ထပ်တိုက်လေးတစ်တိုက်နှင့်ဒန်းလေးတစ်ခုသာရှိသောခြံလေးထဲတွင် ကိန်းကြီးခန်းကြီးပြင်ဆင်ထားခြင်းမရှိသော မွေးနေ့ပွဲလေးတစ်ခုသည် ရိုးရိုးရှင်းရှင်းလေး နှင့်အမြင်တင့်နေ၏။ အလားတူပင်မွေးနေ့ရှင်ဖြစ်သူ Mayမှာလည်း ရိုးရှင်းသောဂါဝန်လေးနှင့်အများထက်ဆွဲဆောင်မှုပိုနေသည်မှာအမှန်။

"May..."

လည်လေးတဆန့်ဆန့်နဲ့ တစ်စုံတစ်ယောက်ကိုမျှော်နေသည့်Mayသည် ရင်းနှီးနေသောခေါ်သံကြားသည်နှင့်ခေါင်းလေးလှည့်လာသည်။

"P'Gun ဘာလို့နောက်ကျနေတာလဲ"
မျှော်နေသူပေါ်လာသည်နှင့်တစိုးတစိမျှတော့စိတ်ဆိုးရတော့သည်။

"sorryနည်းနည်းနောက်ကျသွားတယ် ဟောဒီမှာလက်ဆောင်လေးပြင်ဆင်နေလို့"
လက်ဆောင်ထုတ်လေးပြလိုက်မှ Mayမျက်နှာအရောင်လေးဝင်းလက်သွားသည်။

"May သူနဲ့အတူငါလည်းပါတယ်နော် နင်သူ့ တစ်ယောက်ပဲမြင်တာလား"
Sing သူ့ရှေ့ကအကဲပိုနေသောနှစ်ယောက်ကိုအရှက်ပိုစေရန် စနောက်လိုက်ခြင်း။
ထင်သည့်အတိုင်းပင်Mayကတော့ရှက်သွေးဖြာနေပြီ နောက်တစ်ယောက်ကလည်း နှုတ်ခမ်း၂လွှာမစိနိုင်တော့။

"နင်ကလည်း တွေ့ပါတယ် ခုပဲခေါ်တော့မလို့ လာ ဒီမှာလာထိုင်"
မွေးနေ့ပွဲလေး၌လူသိပ်မရှိတော့သဖြင့်ထိုင်ခုံတွင်Mayပါဝင်ထိုင်လိုက်သည်။

"စားနော်P . Singကောထည့်စား"

"မွေးနေ့ကိတ်ဘယ်တော့ခွဲမှာလဲ"

"အင်း...ငါတို့ရင်းနှီးတဲ့သူတွေပဲခွဲမှာဆိုတော့
ခဏနေမှပေါ့...တစ်ယောက်မလာသေးဘူး"
May ဝေ့ဝဲရှာနေမိသည်။

"တစ်ယောက်... ဘယ်သူလဲ"

"ဟော... ဟိုမှာလာပြီ"
Mayဆော်သြသည်နှင့်နှစ်ယောက်စလုံးလှည့်ကြည့်လိုက်သည်။
နက်မှောင်သောဆံပင်တွေကိုသပ်ရပ်စွာဖြီးတင်ထားသော တည်တည်ကြည်ကြည်ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးဘေးတွင်ဖြူဖြူဖွေးဖွေးအသားအရေနဲ့ကောင်လေးတစ်ယောက် ။ အရပ်ကမတိမ်းမယိမ်းဖြစ်၍ ကြည့်ကောင်းသည်ထက်လိုက်ဖက်သည်ပဲပြောရမလား။
နှစ်ဦးစလုံးပြောစရာမရှိသည်ကပိုမှန်မည်။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now