Jisoo Jennie လက်ကို ဆွဲကာ ဆိုင်ပိုင်ရှင်ဦးလေးကို ကျော်ပြီး ထွက်လာခဲ့တော့သည် ။

" HaHa ... အဖြစ်သည်းနေလိုက်တာ... ကြွ.. ကြွ... အလုပ်သမား ပေါလွန်းလို့ပါ အဖေရာ လွှတ်ထားလိုက်ပါ... ဒါလေးပြောတာကို
ဖြစ်ပျက်နေတာ"

Jisoo နောက်နားကနေ အသံကြားတော့ ဆတ်ခနဲလှည့်ပြီး ဆိုင်ပိုင်ရှင်သားနားသွားကာ မျက်မှောင်ကုပ်ပြီး စေ့စေ့ကြည့်လိုက်သည် ။ ရုတ်တရက်ကြီး ပြန်လှည့်လာတဲ့ Jisoo  ကြောင့် သကောင့်သားက လန့်သွားပြီး တုန်တုန်ယင်ယင်နဲ့ပင်

" ဘာ.... ဘာ... ဘာလုပ်မလို့လဲ... မင်း... မင်းနော် "

Jisoo လည်း မေးရိုးတွေတင်းနေအောင် အံကြိတ်ထားရင်းက စူးစိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကနေ သူ့အိတ်ထောင်ထဲက ဘောပင်ကို ဆတ်ခနဲ ဆွဲယူပစ်လိုက်သည် ။

" ဒါ ငါ့လစာနဲ့ ဝယ်ထားတဲ့ ဘောပင်.... ပြန်ပေး "

ပြောပြောဆိုဆိုပဲ Pikachu ပုံလေးပါတဲ့ ဘောပင်ကို ဆွဲယူကာ ဆိုင်ထဲကနေ ထွက်လာခဲ့တော့သည် ။ ဆိုင်ထဲက လူတွေကတော့ Jisoo တို့နှစ်ယောက်ကို
ကြောင်ရက်သားကြည့်ပြီး ကျန်ခဲ့ကြလေသည် ။

ထိုနေ့ကတော့ Jisoo တို့ အိမ်အပြန်လမ်း
မိုးမချုပ်ခဲ့ပါ ။ ပေါ့ပါးနေတဲ့ ခြေလှမ်းတွေနဲ့ Pikachu ဘောပင်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပြုံးနေတဲ့ Jisoo ကိုယ်ပေါ်မှာတော့  တစ်လမ်းလုံး ဘာစကားမှ
မပြောပဲ ငြိမ်ပြီး လိုက်လာတဲ့ Jendeuk ။
ဒီနေ့ကျမှ Jendeuk ကိုယ်လေးက ပိုပေါ့နေသလို ခံစားနေရသည် ။
Jisoo ကပဲ တစ်ချိန်လုံး တင်းကျပ်နေတဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးသွားလို့လားတော့မသိ ။ Jendeuk ကိုလည်း စိတ်ထဲကနေ ကျေးဇူးတွေ တင်နေမိသည် ။ သူ့ကြောင့်သာ ဒီလို ပေါက်ထွက်ခဲ့လိုက်နိုင်တာ ....

" Ji... "

" ဟင် "

" ငါတို့က ဘာတွေလဲဟင်... နင်နဲ့ ငါက ဘာလဲ "

ကျောပေါ်ကနေ တိုးတိုးလေး မေးလိုက်တဲ့ Jennie အမေးကြောင့် Jisoo ခြေလှမ်းတွေ တုံ့ခနဲ ရပ်လိုက်ပြီး တစ်ချက်စဥ်းစားလိုက်သည် ။ Jendeuk ဘာကိုမေးလဲဆိုတာကို သဘောပေါက်သွားမိတော့ ပြုံးပြီး Jendeuk ကို လှည့်ကြည့်မိသည် ။
ဝမ်းနည်းနေတဲ့ ကလေးလေးက မျက်နှာကို ကျောပြင်မှာဖွက်ထားလေရဲ့ ။

" အများအမြင်မှာ နင်နဲ့ ငါက ဘာတွေလဲ
ဆိုတာထက်  ငါက နင့်အတွက် ဘာလဲ နင်ကရော ငါအတွက်ဘာလဲ  ဆိုတာပဲ ပို ဂရုစိုက်သင့်တယ် Jendeuk ရဲ့ ။ လူတွေရဲ့ အမြင်ကို စိတ်ထဲထားမနေနဲ့ ။ အရေးကြီးတာက နင့်အတွက် ငါက ဘာလဲ နင်ကိုယ်တိုင် ကောင်းကောင်းသိဖို့ပဲ လိုတယ် Jen ။ ငါ့အတွက်ကတော့ နင်က
မရှိမဖြစ်ပဲ ။ အဲ့ဒါပဲ ငါသိတယ် Jen "

Jisoo စကားကြားတော့မှ Jennie ခေါင်းလေးထောင်လာပြီး ကျောပေါ်ကနေ သူ့မျက်နှာလေးကို ငေးကြည့်မိသည် ။ တစောင်းအနေအထားနဲ့တောင် Jisoo ပြုံးနေတာကို Jennie ခံစားမိသည် ။
လည်ပင်းကို သိုင်းဖက်ထားတဲ့ လက်ကလေးကို တင်းလိုက်တော့ Jisoo က Jennie ခန္ဓာကိုယ်လေးကို တစ်ချက် မ တင်ကာ ဆက်လျှောက်နေခဲ့သည် ။ 
ပြုံးနေတဲ့ Jisoo ကိုကြည့်ရင်း Jennie လိုက်ပြုံးမိကာ သူ့စကားကို နားထဲမှာ ပြန်ကြားယောင်ရင်း ပခုံးပေါ် ခေါင်းလေးတင်လိုက်ကာ နားနားလေးကို ကပ်ပြီး ပြောလိုက်သည် ။

" နင်ကလည်း ငါ့အတွက် မရှိမဖြစ်ဆိုတဲ့ အရာထက်ကို ပိုပါတယ် Ji ..."

"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
From Zero to Infinity ~~~Where stories live. Discover now