" ရည်းစားမရလို့ သေမသွားပါဘူး ။ Jendeuk ကို တစ်သက်လုံးစောင့်ရှောက်ဖို့ပဲ တွေးထားတာ ။ ပြီးတော့ Jendeuk က Ji ကို ချစ်လို့ ကပ်တာပဲ... အဲ့ဒါ ဘာထူးဆန်းလို့လဲ "
" ထူးဆန်းတာပေါ့... Ji ရဲ့ တကယ်ဆို သူနဲ့ Ji နဲ့က ဘာမှမတော်ဘူးမလား ။ သူ အဲ့လိုလုပ်တာနဲ့ Ji ရည်းစားမထားဘူးဆိုတာတော့ မဟုတ်သေးပါဘူး "
ဘယ်အချိန်က ချောင်းနားထောင်နေမှန်းမသိတဲ့ ပိုင်ရှင်ရဲ့သားကပါ ဝင်ပြောတော့ Jisoo ဒေါသပါ ထွက်လာတော့သည် ။
" ဒီမှာ ရှင် ဘာမှမသိပဲ ဝင်မပြောပါနဲ့...
မဆိုင်တာတွေလည်း ပြောစရာမလိုဘူးထင်တယ် ။ အခုက စားဖိုမှူးကို Ji ပြောနေတာပါ ။ နောက် မစဖို့ပဲ ပြောနေတာ ။ ရှင်နဲ့မဆိုင်ပဲ ဝင်မပြောပါနဲ့ "
" Jisoo.... နင် ငါ့သားကို ဘယ်လိုတွေပြောနေတာလဲ... ဒီတိုင်း စနေကြတာကို "
မီးဖိုချောင်အပေါက်ဝမှာ ရပ်ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ဦးလေးဆီကပါ အသံထွက်လာတော့ Jisoo အပြတ်ပြောတော့မယ်လို့
စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပြီး Jennie လက်ကို ဆုပ်ကိုင်လိုက်ကာ သူ့နောက်ကျောဘက်ကို ပို့လိုက်သည် ။
" ဒီမှာ ဦးလေး... စတယ်ဆိုတာ အတိုင်းအတာရှိတယ်... အခု ဦးလေးသား ပြောတဲ့စကားက စ တဲ့စကား ဟုတ်လားမဟုတ်လား သူ့ဘာသာပဲ သိလိမ့်မယ်။
တခါတည်း ပြောလိုက်မယ် ။ ဆိုင်က ဝန်ထမ်းတွေလည်း အဲ့လိုပဲ ဦးလေးရဲ့ သားနဲ့ Ji ကို မထိတထိ စ စ နေကြတာ Ji မသိဘူးထင်နေလား ။ အကုန်သိပေမယ့် စနေကြတာပါပဲလေဆိုပြီး စိတ်ကျဥ်းကျပ်ပေမယ့် သည်းခံနေခဲ့တာ ။ အခုလို Jendeuk ကိုပါ
မဆိုင်တာတွေ ပြောလာမယ်ဆိုရင်တော့ Ji သည်းမခံနိုင်တော့ဘူး "
" အမလေး ကြီးကြီးကျယ်ကျယ်နဲ့... သည်းမခံနိုင်တော့ နင်က ဘာလုပ်ချင်လို့လဲ "
" Ji တို့ ဒီနေ့က စပြီး အလုပ်ထွက်တယ်... "
Jisoo ဆိုင်ပိုင်ရှင်ဦးလေးမျက်နှာကို
တည့်တည့်ကြည့်ကာ ပြောချလိုက်ပြီး နှုတ်ခမ်းကလည်း တွန့်ရုံလေး ပြုံးလိုက်သေးသည် ။
" အဟက်... မက်လောက်စရာမရှိတဲ့ လစာနဲ့ နှစ်နှစ်ကျော်ကျော် အလုပ်ပေးခဲ့ ကျွေးခဲ့တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ် ဦးလေး ။ဒါမဲ့ Ji တို့ လစာထက်ပိုတဲ့ တာဝန်တွေကို ကျေခဲ့တယ်ဆိုတာတော့ ကိုယ့်ကိုယ်ကို ယုံတယ် ။ ထွက်ချင်နေတာ ကြာပေမယ့် သံယောဇဥ်ဖြစ်နေတာမို့ နှောင့်နှေးနေခဲ့တာ ။ အခုလို လွယ်သွားအောင်လုပ်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ် .... လာ... Jendeuk .... သွားမယ် "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 11
Start from the beginning
