စားဖိုမှူးကြီးက ပြုံးရီပြီး ပြောနေပေမယ့် သူမေးလိုက်တဲ့မေးခွန်းက Jennie ခေါင်းထဲ ပဲ့တင်ရိုက်နေသလို ပြန်ပြန်ကြားနေရသည် ။ Jisoo နဲ့ နင်နဲ့က ဘာတွေလဲ.... Jisoo နဲ့ နင်နဲ့က ဘာတွေလဲ.....
အဲ့အဖြေကို Jennie တကယ်မသိသလို မေးခွန်းကိုတောင် တစ်ခါမှ မတွေးမိခဲ့တာလည်း အမှန်ပါ ။
☁️ တကယ်ပဲ Jisoo နဲ့ သူက ဘာတွေလဲ... ဘာတွေဖြစ်မှ Jisoo ကို သူက တိုခွင့်ရှိတာလဲ.. ညီအစ်မအရင်း ဒါမှမဟုတ် သူငယ်ချင်းဖြစ်မှလား ဒီတိုင်းလေးပဲ Jisoo က Jennie အတွက်ပဲ ဖြစ်နေလို့မရဘူးလား ....☁️
Jennie မဖြေတတ်တဲ့အပြင် ခေါင်းထဲမှာ မေးခွန်းတွေက ထပ်ပေါ်လာတဲ့အတွက် စိတ်ရှုပ်ထွေးစွာ ခေါင်းကို ခါယမ်းလိုက်သည် ။
" Jendeuk.... ဘာဖြစ်လို့လဲ... ခေါင်းမူးလို့လားဟင်... ဘာလို့ ခေါင်းတွေ ယမ်းနေတာလဲ "
ဘယ်တုန်းက အနားရောက်လာမှန်းမသိတဲ့ Jisoo အသံကြောင့် Jennie အလန့်တကြားလှည့်ကြည့်မိတော့ ထုံးစံအတိုင်း စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားသည် ။
" ဟားဟားဟား... ဘာမှမဟုတ်ဘူး Jisoo ရေ... Jennie ကို ငါ စ လိုက်လို့... ။ သူက
နင်နဲ့ ပိုင်ရှင်သားကို အူတိုနေတာလေ
တကယ့်ဟာလေး ။ တစ်သက်လုံး နင့်ကို သူပဲ ပိုင်မယ်ဆိုတဲ့ ပုံနဲ့ ။ အဲ့ဒါနဲ့ သူနဲ့ နင်နဲ့က ဘာတွေလဲလို့ ငါ စ ပြီး မေးနေတာ "
Jisoo စားဖိုမှူးစကားကြားတော့ ပိုပြီးစိုးရိမ်သွားကာ Jennie ကို ကြည့်မိတော့ Jendeuk က မျက်ရည်လေးတွေတောင် ဝေ့နေပြီး သူ့ကို အားကိုးတကြီးနဲ့ မော့ကြည့်နေသည် ။
Jendeuk ဖြစ်နေတဲ့ပုံလေးကို မမြင်ရက်တာမို့ ပခုံးလေးကို သာသာလေးပုတ်ကာ အားပေးလိုက်ရင်း ခေါင်းခါပြလိုက်သည် ။
" နောက်ဆို အဲ့လို မ စပါနဲ့... စားဖိုမှူး ...Ji အတည်ပြောနေတာပါ ။ ကလေးကို ဘာမဟုတ်တာတွေကြောင့် စိတ်မဆင်းရဲစေချင်ဘူး ...
" အမလေး.. နှစ်ယောက်သား ဖြစ်ပျက်နေလိုက်တာ... နင် ကြပ်ကြပ် အဲ့လိုကဲနေ... Jennie က ကလေးလို နင့်ဆီပဲ တွယ်ကပ်နေလိမ့်မယ်.. တော်ကြာ နင် ရည်းစားမရပဲ တစ်သက်လုံးအပျိုကြီးဖြစ်လိမ့်မယ်နော် Jisoo.. ငါက စေတနာနဲ့ ...."
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 11
Start from the beginning
