" သူ သဘောကျလည်း Ji က သဘောမကျပါဘူး ။ သူ့ဘာသူတောင် အာရုံမရဘူး ။
ကြည့်ပါလား ။ အဲ့လူကြီးဘာသာ အငမ်းမရလိုက်ကြည့်နေတာ ဆိုင်ထဲက လူတွေမှ အားမနာ ဘယ်လိုလူလဲမသိဘူး "

" ဟဲ့... ပိုင်ရှင်ရဲ့သားကို ဘယ်လိုတွေပြောနေတာလဲ... Jennie ကတော့လေ ... ဟိုက
ကြားသွားမှ အလုပ်ပြုတ်နေအုန်းမယ် "

" ပြုတ်ပါစေပေါ့.... မှန်တာပြောတာပဲ ... Ji အနေရခက်အောင် လုပ်နေတာကို "

" ဟော... ဒီကလေးမ ပြောလေ ကဲလေပါလား... Jisoo က အနေရမခက်ဘူးဆိုရင်ရော Jennie ရဲ့ ။ ကလေးလို တွေးမနေပဲ ဒီလို တစ်ခါလောက်တွေးကြည့်ပါလား ။
Jisoo လည်း ပိုင်ရှင်ရဲ့သားကို သဘောကျတယ်ဆိုရင်ရော ။ Jisooနဲ့ နင်နဲ့ ဘဝလည်း အဆင်ပြေသွားမယ်မလား ။ Jisoo က အရွယ်ရောက်နေပြီနော် Jennie ။ သူလည်း ရည်းစားထားချင်ထားမှာပေါ့ "

စားဖိုမှူးကြီးသာ သူ အလုပ်ဝင်ကတည်းက သူ့ကိုအစစအရာရာ သင်ပေးတဲ့ ကျေးဇူးမရှိခဲ့ဘူးဆိုရင် အခုချိန်မှာ Jennie ဟာ သူ့မျက်နှာကို ကုပ်ဖဲ့ပြီးလောက်ပြီဖြစ်သည် ။ 😳😳

ပူထူလာတဲ့ စိတ်တွေနဲ့အတူ အသက်ရှူတွေပါ မြန်လာကာ မျက်နှာတစ်ခုလုံးနီလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ စားဖိုမှူးမျက်နှာကို စိုက်ကြည့်နေမိသည် ။ ပြောချလိုက်ချင်တဲ့ စကားလုံးတွေက လည်ချောင်းမှာ တစ်ဆို့နေပြီးမှ Jisoo ကို တစ်ချက်လှမ်းကြည့်လိုက်တော့ အရင်က
သူပြောဖူးတဲ့စကားက နားထဲပြန်ကြားယောင်လာသည် ။

" ကံကြမ္မာ ကို မယုံရင်တောင် ငါ့ကိုတော့ ယုံ ...."

ထိုအခါမှ Jennie စိတ်ထဲက အပူတွေက ရေနဲ့ငြှိမ်းချလိုက်သလို ငြိမ်သက်သွားကာ လည်ချောင်းမှာ တစ်နေတဲ့ စကားလုံးတွေလည်း အလိုအလျောက်ထွက်သွားတော့သည် ။

" Ji က အရွယ်ရောက်ပေမယ့် ဒီအချိန်မှာ
သူ ဒါတွေ စဥ်းစားဖို့ အချိန်မရှိဘူးလို့ ပြောဖူးတယ်... အဲ့ဒါကြောင့် Ji ကို စိတ်ချတယ်... သူ အဲ့လူကြီးကို သဘောကျမှာမဟုတ်ဘူး ။
ပြီးတော့ Ji က ဘယ်တော့မှရည်းစားထားမှာမဟုတ်ဘူး အဲ့ဒါကို ယုံတယ် "

" အမလေး..  ဖြစ်နေလိုက်တာ...Jennie ရယ်... ဟားဟား.... သူ့ Jisoo ကို တိုနေချက်က... နေပါအုန်း... နင်နဲ့ Jisoo က ညီအစ်မအရင်းတွေ မဟုတ်ဘူးဆိုတာတော့ သိပါတယ် ။ ငယ်ငယ်ကတည်းက သံယောဇဥ်ရှိကြတာ မှန်ပေမယ့် ညီအစ်မတွေတောင်
ဒီလောက် မတိုပါဘူး ။ သူငယ်ချင်းတွေလည်း မဟုတ်ပြန်ဘူး ။ အဲ့ဒါဆို Jisoo နဲ့ နင် နဲ့က ဘာတွေလဲဟင်... ငါ မသိလို့ မေးတာပါ  "

From Zero to Infinity ~~~Where stories live. Discover now