တောက်....!!!

ဝမ်ရိပေါ် နင်လည်း ငါ့အကြောင်းသိစေရမယ်။

............

" ကိုကို ညောင်းနေတယ်လား "

ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်သဘောကျစွာ ရယ်မောမိလိုက်သည်။ ကုမ္ပဏီကပြန်ရောက်လာလို့ နားမယ်မှ မကြံရသေးပေ ။ ဝမ်ရိပေါ်က ရှောင်းကျန့်ဝီးချဲနား ကပ်လာပြီးမေးလာသည်။

" ဝမ်ရိပေါ် "

" ဗျာ ကိုကို "

" မင်းငါ့ကို လာနောက်နေတာလား "

" ဗျာ ဘာဖြစ်လို့လည်း ကိုကို "

" ငါလို ဒုက္ခတက ညောင်းတယ် ညာတယ်ဆိုတာ ရှိပါ့မလားကွ "

" ဒါပေမယ့်လည်း ကိုကိုရယ် ဒီနေ့ တစ်နေကုန် ရုံးမှာ ကိုကိုအလုပ်ရှုပ်နေရတယ်မဟုတ်လား "

" ဝမ်ချင်း ရှင်းပြတဲ့ လုပ်ငန်းအကြောင်းတွေ နားထောင်ယုံပါကွာ "

" ဒါပေမယ့်အာရုံစိုက်နားထောင်ခဲ့ရတယ်လေ ။ ဒါကြောင့် ကိုကိုညောင်းနေလောက်မှာ "

" အင်း...."

" အဲ့ဒါဆို ကျွန်တော် နှိပ်ပေးမယ်နော် "

" ကောင်းတာပေါ့ "

ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို ဝီးချဲပေါ်မှ မချီကာ အိပ်ယာပေါ် တင်ပေးသည်။

" ကိုကို "

" အင်း "

" နာရင်ပြောနော် "

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်ခြေထောက်တွေ နီပ်နယ်ပေးနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးမှာ ပြုံးသွားရသည်။ ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ ခံစားမှုမရှိတဲ့ ခြေသလုံးတွေကစပြီး ထိတွေ့မှုကို ခံစားရသည် ပေါင်ရင်းနားထိ ညှင်သာစွာ နှိပ်နယ်ပေးသည်။

" ကိုကို "

" အင်း "

" ကိုကို့ မျက်လုံးတွေက တစ်သက်လုံး မကောင်းနိုင်တော့ဘူးလားဟင် "

" ကောင်းရင်လည်း ကောင်းမှာပေါ့ ။ ဘာဖြစ်လို့လည်း ဝမ်ရိပေါ် "

" အော် မမဝမ်ချင်းပြောထားတယ်လေ ကိုကိုမျက်လုံးတွေက တစ်သက်လုံး ပြန်မမြင်နိုင်တော့ဘူးတဲ့ "

Love is Blind ( Completed  )Where stories live. Discover now