" ဟော... ဘာလို့ ရီပြနေတာတုန်း.... ဟိုမှာ ဦးလေး Order ရပြီလားမသိဘူး သွား... ဒီထဲမှာ မွှန်နေပါမယ်ဆို "

" Arr...Arrnyi... ဒီနေ့ ထပ်သွားစရာမလိုတော့ဘူး ။ ပို့လို့မရတော့ဘူး ။ ဟီးဟီး "

" ဟင်... ဘာလို့လဲ...အစောကြီးရှိသေးတယ် ။ ဆိုင်ပိတ်မယ်လည်း မပြောပါဘူး "

" ဟီး..... ငါ... ငါ ဆိုင်ကယ် လဲလာလို့ ဦးလေးက မပို့ခိုင်းတော့တာ ။ ငါ့အစား ဦးလေးပဲ လိုက်ပို့လိုက်မယ်တဲ့ heee"

" ဘာ.... ဆိုင်ကယ်လဲလာတယ်.... အာ.. အဲ့ဒါကို စောစောစီးစီးမပြောဘူး ။ ဘာဖြစ်သွားသေးလဲဟင် Ji.... ပြပါအုန်း ဘယ်နားထိသွားသေးလဲ . ငါ စိတ်ပူလာပြီ Ji ရယ် "

Jennie မျက်လုံးလေးပြူးကာ ပြာပြာသလဲနဲ့ Jisoo ခြေတွေလက်တွေကို ဆွဲကိုင်ကာ ဟိုကြည့်ဒီကြည့်နဲ့ စိတ်ပူနေတော့သည် ။

" စိတ်မပူပါနဲ့ Jendeuk ရဲ့ အများကြီး မထိသွားပါဘူး ။ ဒီနားလေးပဲ Heehee "

Jisoo မျက်နှာဖြီးနဲ့ပင် ဘောင်းဘီခြေထောက်ကို လှန်ပြလိုက်တော့ ဒူးက သွေးစို့ပြီး ပွန်းလို့ ။

" အာ.... သွေးတောင် ထွက်နေတာကို Ji ရယ်.... ဒီလောက်ဖြစ်လာတာကို လာစနေနိုင်သေးတယ် ။ တကယ်ပါပဲ... နင်ကတော့ ။ ခဏလေး... ငါ ဆေးထည့်ပေးမယ် ။ ဒီမှာ ငြိမ်ငြိမ်ထိုင်နေနော် "

Jennie ပြောပြောဆိုဆိုနဲ့ပင် လက်ကိုဆေးကာ စားဖိုမှူးဆီ ခွင့်တောင်းပြီး ဆေးဗူးတောင်းကာ Jisoo ဒူးက ဒဏ်ရာလေးကို ဆေးထည့်ပေးတော့သည် ။ ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်လို့ မပြီးတော့ ။

" တော်သေးတာပေါ့ ။ ဂျင်းဘောင်းဘီမို့ ဒီလောက်လေးပဲ ဖြစ်လို့ ။ ဘယ်လိုဖြစ်တာလဲ Ji ရယ်... ဆိုင်ကယ်မောင်းတာ မရဲသေးဘူးလား "

" အင်း... မရဲသေးတာရယ်လည်း မဟုတ်ပါဘူး ။ အထာမကျသေးတော့ လက်က ဘရိတ်အုပ်ဖို့ မေ့ပြီး လမ်းဘေးက မီးတိုင် ဝင်တိုက်မိတော့မှာမို့ ဘေးလှဲချလိုက်တာ
ဟဲဟဲ "

" ဟင်းး...ဘရိတ်အုပ်ဖို့များ မေ့ရတယ်လို့ ဖြစ်ရမယ် ။ အဲ့တော့ တစ်ယောက်တည်း မီးတိုင်နဲ့ မိတ်ဆက်လာတာပေါ့ "

" မီးတိုင်နဲ့ မဟုတ်ပါဘူး ။ မီးတိုင်ဘေးက ပလက်ဖောင်းနဲ့ ဟီးဟီး ။ မိတ်ဆုံစားပွဲလုပ်တဲ့အနေနဲ့ ခေါက်ဆွဲနှစ်ပွဲပါ ကျွေးခဲ့သေးတယ် ဟဲဟဲ "

" ဟမ်....ဘယ်လိုကြီးလဲ "

" ဟီး... ပို့ဖို့ကျန်တဲ့ ခေါက်ဆွဲနှစ်ပွဲ မှောက်သွားတယ်ပြောတာ .... အဲ့ဒါ ဦးလေး အခု သွားပြန်ပို့နေတယ် ဟီး.. "

" အာ...Ji ကတော့လေ... hahaha.... အဲ့တော့ ဦးလေးက မဆူဘူးလား "

" မဆူပါဘူး... ဆိုင်ကယ်က တစ်ခါ လဲဖူးမှ တတ်သွားမှာတဲ့.... နောက်ဆို ငါ ကျွမ်းသွားတော့မှာ ဟဲဟဲ "

" အင်းပါ.... မကျွမ်းခင် ဒူးပြုတ်နေမယ်... နောက်ဆို သတိထားပါ Ji ရာ နော် "

" Nae!!!... Ahgasimithar ... "

Jisoo က အသံသြောသြောနဲ့ ပြောင်ပြီး
ပြောလိုက်တော့ Jennie မျက်စောင်းလေးက ဒိုင်းခနဲ ။

Jisoo လည်း ခေါင်းကုပ်ပြီး မမြင်ချင်ယောင်ဆောင်လိုက်ကာ ဒူးက ဒဏ်ရာကိုသာ တဖူးဖူးနဲ့ မှုတ်နေတော့သည် ။ အဘွားအိုပေါက်စလေးက ပွတ်တွတ်ပွတ်တွတ်နဲ့ ပွားပြီး ဆေးတွေ သိပ်ထည့်‌နေတာ စပ်သွားတာကိုး ။

ဒီလိုနဲ့ ထိုနေ့ညကတော့ ကုန်းပိုးတဲ့သူက Jennie ဖြစ်ခဲ့တော့သည် ။ Jennie ကျောပေါ်ကနေ အငြိမ်မနေပဲ အသံမျိုးစုံထွက်ကာ ကျောပိုးစီးနေတဲ့ Jisoo ကို မပြုတ်ကျအောင် မနည်းထိန်းပြီး လမ်းလျှောက်နေရတဲ့အတွက် ထိုညက အိမ်အပြန်လမ်းက ခါတိုင်းထက်ပိုကြာနေတော့သည် ။ ဒါပေမယ့်လည်း နှစ်ယောက်စလုံးကတော့ အပြုံးကိုယ်စီနဲ့ပါပဲ ။

" Mandu က စားလို့ရတယ်ပဲမှတ်နေတာ
စီးလို့ပါရတယ်ဟ .... Haha ..."

" ပစ်ချခံချင်နေတာလား Kim Jisoo Shi..."

" Arr.... Arrnyi... Arrnyi... မပြောတော့ဘူး heehee "

From Zero to Infinity ~~~Where stories live. Discover now