" Jendeuk ...နင် ကြက်သွန်လှီးတဲ့ ပုံစံ မှားနေတယ်ဟ
ဒီလို ဒီလို လှီးရတယ်လေ "
Jisoo မြို့ထဲတစ်ပတ် ခေါက်ဆွဲ ပို့ပြီး ပြန်လာတာနဲ့ မီးဖိုချောင်ထဲဝင်ကာ ကြက်သွန်ထိုင်လှီးနေတဲ့ Jennie ကို စနေခြင်း ဖြစ်သည် ။
Jendeuk ငယ်ငယ်တုန်းက ဂေဟာမှာ စားဖိုဆောင်ကူတုန်း ကြက်သွန်လှီးတဲ့ စတိုင်ကို လုပ်ပြနေသည် ။ မျက်လုံးကိုမှေးပြီး လက်နှစ်ဖက်ကို အရှေ့တန်းထားကာ
ဓားကိုင်ထားပြီး လက်သန်းလေးကလည်း ထောင်ထားလိုက်သေးသည် ။
" အာ.... Ji စုပ်.... လာစနေပြန်ပြီ... လာခဲ့... တွေ့မယ် "
ကြက်သွန်က မွှန်တာတစ်မျိုး Jisoo စတာက တစ်မျိုးမို့ Jennie စိတ်တိုကာ Jisoo ကို လက်မောင်းနဲ့ လည်ပင်းကို အနောက်ကနေ လိုက်ညှစ်တော့သည် ။
Jisoo ကလည်း အော်ပြီးပြေးနဲ့ နှ
စ်ယောက်သား ရန်ဖြစ်ပြီး စနေကြတာကို ဆိုင်က တခြားဝန်ထမ်းတွေကလည်း သဘောတွေ ကျနေကြသည် ။ ဒါက သူတို့နှစ်ယောက်ရဲ့ တွေ့နေကျမြင်ကွင်းမလား ။
" hahaha... စတာ... စတာလေ... Jendeukie ... လွန်မယ်နော်... စိတ်လျှော့ စိတ်လျှော့... ဟီးဟီး "
" ဟင်း.... သူပဲ မပင်ပန်းတဲ့အတိုင်း အပြင်ကပြန်လာတာနဲ့ ငြိမ်ငြိမ်လေး ထိုင်နားနေမယ်မရှိဘူး ... လူကိုပဲ လာ လာ စနေတယ် ဟွန်း... "
Jennie က စူပုတ်ပုတ်လေးပြောကာ သူ့အလုပ်သူ ပြန်လုပ်နေတော့ Jisoo လည်း ဘေးနားကနေ လိုက်ထိုင်ပြီး မေးထောက်ကာ ကြည့်နေလိုက်သေးသည် ။
" မပင်ပန်းပါဘူး .... နင့်ရဲ့ ထော်နေတဲ့ နှုတ်ခမ်းလေးမြင်ရရင်ကို ငါက အမောပြေသွားတာ ဟဲဟဲ "
" အမယ်... သူ အမောပြေအောင်များ ငါ့ နှုတ်ခမ်းက အမြဲထော်ပေးနေရမလိုပဲ.. ဟွန့် "
" အခုလည်း အမြဲထော်နေတာပဲမလား ဟားဟား "
" ကဲ... လက်ထဲ ကိုင်ထားတာ ဓားနော်
Kim Jisoo shi... သွား.... ရေလေးဘာလေးသွားသောက်ပြီး အပြင်ထွက်နေစမ်းပါဟာ ... မီးဖိုချောင်ထဲ ပူကပူနဲ့ "
Jennie သူ့အကျီလက်ကလေးနဲ့ နဖူးမှာ ချွေးစို့နေတဲ့ Jisoo ကို သုတ်ပေးပြီး ပါးစပ်ကလည်း ကျိန်းလိုက်သေးသည် ။ Jisoo ကတော့ ဖြုံတောင်မဖြုံ ။ စပ်ဖြီးဖြီးသာ ပြုံးပြနေသည် ။
ESTÁS LEYENDO
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 9
Comenzar desde el principio
