19

1.3K 224 45
                                    

Unicode

"မာမား သားသွားပြီ​နော် "

" ​စော​စောပြန်ခဲ့ "

" ဟုတ် မာမား
Soo လက်စဂိုး "

ထူးထူးခြားခြား Soo hyungက clubလိုက်ပို့တယ် ။အမှန်တိုင်း​ပြောရရင် သူတစ်ခါမှclubမ​ရောက်ဖူးဘူး ။ Soo က chanyeol ဆီမှာပြန်မလုပ်ရင်ရပြီ ကြိုက်တာ​​ပြောသူအကုန်လုပ်​​ပေးမယ်ဆိုလို့ တစ်ခါမှမ​ရောက်ဖူးတဲ့clubကို ကြုံတုန်း​လေး ​​ရောက်ဖူး​အောင် အခွင့်​ကောင်းယူလိုက်တာရယ် ။

မားတို့ပါးတို့က​တော့ Sooပါတာမို့အ​ထွေ​အထူးဘာမှ​ပြော​​နေစရာမလို ။ ​မုန့်ဖိုး​တောင်ထုတ်​ပေးလိုက်​သေးတယ် ။ သူကလဲဒါမျိုးဆိုသိပ်သိပ်ကြိုက်ပဲ ။

" ဟို​ရောက်ရင် အရက်မ​သောက်ရ​ဘူး​နော်khyun "

" သိပါတယ် Sooကလည်း "

ကား​ပေါ်​ရောက်တာနဲ့Sooကသူ့ကိုသတိ​ပေးလာတယ် ။ အမှန်​လည်းသူကအရက်မ​သောက်တတ်ဘူး ။တစ်ခွက်​လောက်​မော့ရင်ကိုလူကယိုင်ထိုး​နေပြီ ။
သူ့ရဲ့အရက်​​သောက်နိုင်တဲ့levelက အ​တော်​လေးကိုဆိုးဆိုးဝါးဝါးပဲ ။

" ဆယ်ဟွန်းနီး စိတ်ဆိုး​နေတယ် သူ့မ​ခေါ်လို့တဲ့ "

" သူကအဲ့လို​နေရာ​တွေသွားချင်တိုင်းသွားလို့မှမရပဲဗျာ စိတ်ဆိုးလဲဆိုး​ပေါ့ "

" ​မ​နေ့ကကျအတင်းလိုက်ကပ်ပြီး သူ့ရှူတင်ရှိတဲ့ ဟိုတယ်ကိုသွားအိပ်​နေပြီး​တော့ "

" ဟီး ဒါက​တော့ အဲ့ဟိုတယ်ကမိုက်တာကြီးကို "

သွားဖြီးပြီးရီပြလာတဲ့ baekhyunကို sooတစ်​ယောက်ကား​မောင်း​နေရင်းက​နေ ​ခေါင်း​လေးကိုလှမ်းပုတ်လိုက်တယ် ။ ဒီချစ်စရာ​ကောင်းတဲ့ညီတစ်​ယောက်​ကို သူ့မှာ ဘယ်နားဖွက်ရမှန်းမသိဖြစ်​နေတာ ။ ဆယ်ဟွန်းနီးကိုလည်း ချစ်​ပေမယ့်
khyunက​တော့ သူတို့တစ်မျိုးလုံးရဲ့ အဖိုးတန်ရတနာ​လေးမို့ အကုန်လုံးကအချစ်ပိုကြတယ် ။
​ကျောင်းပြီးတာ​တောင်အလုပ်မလုပ်ခိုင်းတဲ့အထိပဲ ။
ဒါကို ဒင်း​လေးက သူများဆီ​တောက်တိုမယ်ရသွားလုပ်​သေးတယ် ။ မရိုက်ရက်လို့သာ​ပေါ့ မဟုတ်ရင် တုတ်​ကောက်ခိုင်းပြီးနာနာ​လေးတစ်ချက်တီးလိုက်ချင်တယ် ။

Don't Touch My Man 《Completed》Where stories live. Discover now