13

1.5K 223 7
                                    

Unicode

" ဟာ မာမား သားမကြိုက်ပါဘူးဆို "

"ငါလုပ်လိုက်ရ နာ​တော့မယ်​နော် ငြိမ်ငြိမ်​နေစမ်း "

မနက်​စော​စောဖြစ်​ပေမယ့်Baekhyunတို့သားအမိက​တော့ ဆူညံပွက်​လောရိုက်​​နေကြတယ် ။ အ​ကြောင်းအရင်းက​တော့ baekhyunရဲ့ ​ရှေ့ဆံမြိတ်​လေး​တွေ ရှည်ကျပြီး မျက်စိကိုဖုံး​နေတဲ့အပြင် ဘုတ်သိုက်ကြီး ဖြစ်​နေတာမို့ baekhyunမာမား တစ်​ယောက်ကြည့်မရဖြစ်ပြီး ​ရှေ့အ​မွှေးအကုန်လုံးကိုစုချည်​ပေး​နေခြင်း​ကြောင့်ပင်။
အလုပ်ချိန်ကလဲနီး က​လေးကလားရုပ်နဲ့လဲ chanyeol​ရှေ့မသွားချင်။ မာမား ကလဲ လက်​မလျှော့တာမို့ baekhyunငိုပါငိုချင်​နေပြီ။

" မာမား ​တော်​တော့ဗျာ အဲ့​လောက်လဲရှည်​နေတာမဟုတ်ပဲနဲ့ အလုပ်​နောက်ကျ​နေပြီလို့ !!"

" ဘာမရှည်တာလဲ အ​မွှေးက​ခေါင်းက​နေ ဟိုး ဖင်ထဲထိ​တောင် သွားထိုးမိ​​​တော့မယ်
ညှပ်ပါဆိုလဲ ဖင်​လေး​နေတာနဲ့မညှပ်ဘူး
​အေး ဒီ့ထပ် အထွန့်တက်​နေရင် ငါကတုံးဆွဲတုံး​ပေးလိုက်မှာ​နော် byun baekhyun  "

မာမားရဲ့ ခပ်ပြတ်ပြတ် ရာဇသံ​ကြောင့်baekhyun
​နှုတ်ခမ်းတစ်ဆူဆူနဲ့ ကြမ်းပြင်မှာ ​​ဆောင့်​ဆောင့်ကြီးထိုင်ပြီး တွန့်လိမ်​​နေရာက ဆက်ကနဲဆိုအ​တောင့်​လိုက်​လေးငြိမ်သွားတယ် ။ ထိပ်မှာကြက်​တောင်စီးက ပိုခံသာဦးမယ် ကတုံးနဲ့သာဆို အားး မ​တွေးရဲစရာပဲ ။
သူဘာမှဆက်မ​ပြောပဲ ငြိမ်ကျသွား​တော့ မာမားက ထိပ်က အ​မွှေး​တွေကို အကုန်သိမ်း ​ခေါင်းစီးကွင်း​ပျော့​ပျော့​လေးတစ်ခုနဲ့ စုချည်ပစ်လိုက်တယ် ။

" ခုမှ မျက်စိရှင်းသွားတယ် ​မနက်ဖြန် ထပ်အစီးမခံချင်ရင် ည​နေ ပြန်မလာခင် ဆံပင်ဝင်ညှပ်ခဲ့ ကြားလား​ပြောတာ "

" ဟုတ် "

သူ့စိတ်ကြိုက် မှာချင်ရာမှာ လုပ်ချင်ရာလုပ်သွားပြီးမှ အခန်းထဲက​နေ သက်ပြင်းတစ်ချချနဲ့ထွက်သွားတဲ့မာမား ။ ထို​တော့မှ မှန်​​ရှေ့သွားပြီး နှာ​ခေါင်းရှုံ့လိုက်မိတယ် ။

"  မhandsome​တော့ဘူးကွာshit ! "

​ခေါင်းတလှုပ်လှုပ်ညိမ့်လိုက်​တော့ ရမ်းခါသွားတဲ့
ကြက်​တောင်စီးကိုကြည့်ပြီး baekhyunမချိတင်ကဲ​ရေရွတ်လိုက်တယ် ။
လူကဘယ်လို​နေ​နေ​ချောတယ်ဆို​ပေမယ့်
ဒီဟာကြီး​​ကြောင့် ချစ်စရာ​လေးဖြစ်သွားရတယ်။
Chanyeol​ရှေ့ဆို အမြဲmanlyပဲဆန်ချင်တာပါဆို !

Don't Touch My Man 《Completed》Where stories live. Discover now