" Yess.... ကြိုးစားကြမယ် ။ ငါတို့ လက်တွေ အမြဲ တွဲထားရင် ဘာမဆို ကျော်လွှားနိုင်မှာပါ ။ ငါ့ကိုငါထက် နင့်ကို ပိုယုံတယ် Ji ။ အဲ့တော့ ငါ တကယ် စိတ်ချတယ်... ပျော်လည်းပျော်တယ်.... "
" အမလေး... အပျော်တွေ မစောပါသေးနဲ့ Jendeuk ရာ... အလုပ်ဖြင့် ဘာလုပ်ရမယ်မသိသေးဘူး ဟားဟား... အခုမှ နေစရာလေးအဆင်ပြေတုန်းရှိသေးတယ် ။ ကမ္ဘာကြီးကို အပိုင်ရလိုက်သလိုကို ပျော်နေပါလား... "
" ဟီး... မသိဘူး.. ပျော်တာပဲ သိတယ် ။ အလုပ်ကလည်း ငါတို့ ကြိုးစားရှာရင် ရပါတယ်ဟ ။ နင် စိတ်သိပ်မပူပါနဲ့ ။ ငါကတော့ နင်နဲ့ အတူတူလုပ်ရရင် ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်နိုင်တယ် ဟဲဟဲ "
" ဟုတ်ပါပြီ အတတ်လေးရယ် .... စကားကလည်း တတ်ချက်ကတော့ ဟဟ...ဘာမဆိုလုပ်နိုင်တယ်ဆိုတော့လည်း ထ ထ ။ အချိန်မလင့်ခင် ငါတို့ အလုပ်ထွက်ရှာကြစို့ ။ ထမင်းလည်း စားရင်း ငါတို့အခန်းလေးအတွက် လိုတာလေးလည်း သွားဝယ်ရအောင်လေ ။ ပိုက်ဆံလေး ပိုထွက်လာလို့ တော်ပါသေးတယ် ။ အဲ့အန်တီကြီးကို ထိုင်ကန်တော့ချင်လောက်အောင်ကို ကျေးဇူးတင်တယ် ဟီးဟီး "
" အင်း..ဟုတ်တယ်နော် ။ အေးဆေးဖြစ်သွားမှ နောက်တစ်ခါထပ်သွားပြီး သေချာကျေးဇူးတင်ကြတာပေါ့ "
" အမ်... နောက်တစ်ခါ ထပ်မလာနဲ့လို့ သေချာ ပြောလွှတ်လိုက်တယ်လေ "
" အော်.... ဟုတ်သားပဲ ဟားဟားဟား "
နှစ်ယောက်သား အားရပါးရ ရီမိကြကာ အပျော်တွေနဲ့ပဲ အပြင်ထွက်ပြီး ထမင်းစားကာ အလုပ်ရှာပုံတော်လည်း ဖွင့်လိုက်ကြသေးသည် ။
ဘူဆန်မှာ စမယ့် သူတို့ရဲ့ ဘဝနှစ်ခုအတွက် စိတ်လည်း လှုပ်ရှားနေကြသလို အဆင်ပြေမှုတွေနဲ့ပဲ တွေ့ရပါစေလို့သာ ဆုတောင်းနေကြရင်း လျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းဟာလည်း တက်ကြွနေခဲ့ကြသည် ။
ဒါပေမယ့် တက်ကြွနေတဲ့ ခြေလှမ်းတွေက လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ပြန်တဲ့ အပြန်လမ်းမှာတော့ လေးလံလို့ လာခဲ့သည် ။ အထူးသဖြင့် သိပ်ညောင်းတတ်တဲ့ Jendeuk က ငြီးပါငြီးနေသေးသည် ။
" Aigoo.... ပြောတော့ ငါနဲ့ အတူတူဆို ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်နိုင်တယ်ဆို Jendeuk. ... အခုတော့ အလုပ်တောင် ရှာမရသေးဘူး ညောင်းနေပြီမလား haha "
" အီးးးး... Ji နော်... လာမစနဲ့ ။ တကယ်ညောင်းနေပြီ ။ ပြီးတော့ လုပ်နိုင်တာက သက်သက် ညောင်းတာက သက်သက်ပဲ ဟွန်း "
ထုံးစံအတိုင်း နှုတ်ခမ်းလေးထော်ကာ
စွာတေးလုပ်တော့ Jisoo က တဟားဟားနဲ့ ရီနေသည် ။ ဝယ်လာတဲ့ အိပ်ယာခင်းထုတ်ကို မနိုင်မနင်းဆွဲရင်း လက်တစ်ဖက်ကလည်း Jisoo လက်ကို မဖြုတ်တာမို့ ပန်းကန် Set နဲ့ စားပွဲခုံ သယ်ရတဲ့ Jisoo က ပိုလို့ပင် သယ်ရ ခက်နေတော့သည် ။
" Jendeuk ရယ်... လက်ကလေး ခဏဖြုတ်ပေးပါအုန်း ငါ လက်တစ်ဖက်တည်းနဲ့ သယ်ရတာ အဆင်မပြေဘူးဟ "
" ဟင်း.... ဘာလဲ နင်က ငါ့လက်ကို ဖြုတ်ချချင်နေပြီပေါ့လေ အဟင့် "
ပြောလည်းပြော အဟင့်ဆိုပြီး ခြေလှမ်းရပ်သွားတော့ Jisoo ပြူးပြာပြီး ပြန်ချော့ရတော့သည် ။
" ဟင်.... အဲ့လို... အဲ့လို မဟုတ်ဘူးလေ ။ လက်ဖြုတ်တာ ခဏပဲလေ Jendeuk ရဲ့ ။ ဒီမှာ စားပွဲနဲ့မို့လေနော် ။ ခဏပဲလေ.... တစ်သက်လုံးမဟုတ်ပါဘူးဟာ နော် "
" ဟီး.... သိသားပဲ... တမင် Drama ခင်းလိုက်တာ ဟဲဟဲ ပိုင်တယ်မလား ငါ သရုပ်ဆောင်တာ "
" အာ.... Jendeuk ကတော့ haha... ပိုင်ပါတယ်နော်... ပိုင်ပါတယ်... နင်က မင်းသမီးလုပ်ရမှာသိလား "
" သိပါတယ်... ဒါမဲ့ ငါ မင်းသမီးလုပ်လိုက်ရင် အခုနာမည်ကြီးနေတဲ့ မင်းသမီးတွေ ဘုံပျောက်သွားမှာစိုးလို့ မလုပ်တာ ဟဲဟဲ "
" အော်.. အော်... ဟုတ်ပါပြီ hahaha..."
ВЫ ЧИТАЕТЕ
From Zero to Infinity ~~~
Фанфикшнဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 8
Начните с самого начала
