" အယ်... သိတယ်ဟ... ဟီးဟီး.... "
" သိတာပေါ့... တစ်ညလုံး နှစ်ယောက်သား ယောက်ယက်ခပ်နေကြတာ ။ ဝန်ထမ်းတွေက မနက်ကျ တိုင်ပါရောလေ ။ ထိုင်လည်း
ငိုနေကြသေးတယ်ဆို ။ အဲ့ဒါကြောင့် သနားလို့ လွှတ်ထားလိုက်တာ "
" အာ... ဟီးဟီး... အဲ့ဒါ သူ ငိုတာ Ahjima.. "
" အမ်.... သူရောပဲ... အန်တီကြီး "
" ကဲ... သွားလိုက်ကြပါတော့... ငမွှေထိုးလေးတွေရယ် "
" အဲ ဟုတ်.. ဟုတ်.. သွားလိုက်ပါအုန်းမယ်... ကျေးဇူးအများကြီး တင်ပါတယ် Ahjima "
Jisoo တို့ နှစ်ယောက်လည်း ခပ်သုပ်သုပ်ပင် ထွက်လာခဲ့တော့သည် ။ အန်တီကြီးက အပေါက်ဆိုးပေမယ့် သဘောတော့ ကောင်းရှာပါသည် ။ ရုပ်ခံလေးတွေကြောင့်လည်း ပါမှာပေါ့ဟုသာ Jisoo တွေးပြီး ပြုံးမိလိုက်သေးသည် ။ 😊😊
လိပ်စာအတိုင်း နှစ်ယောက်သား ရောက်လာကြပြီး အခန်းကြည့်ကာ ငှားဖို့ လုပ်ကြတော့ အန်တီကြီးရဲ့ အစ်မဖြစ်သူကလည်း သဘောကောင်းရှာပါသည် ။ တစ်လချင်းပဲ ပေးလို့ရပြီး Jisoo တို့ တတ်နိုင်တဲ့စျေးထက် အများကြီးလျှော့ပေးသည် ။ အမိုးထပ်က အခန်းလေးက ကျဥ်းပေမယ့် နှစ်ယောက်တော့ ကောင်းကောင်းနေလို့ရတဲ့အတွက် Jendeuk က သဘောတွေကျနေသည် ။
လုံလုံခြုံခြုံလည်း ရှိတဲ့အပြင် အန်တီကြီးရဲ့ အစ်မကလည်း တစ်ယောက်တည်း နေတဲ့သူမို့ ပတ်ဝန်းကျင်အနေနဲ့လည်း စိတ်ချလို့ရတဲ့အတွက် Jisoo ကတော့ ကံကောင်းလိုက်တာဟု တွေးပြီး အပျော်ကြီးပျော်နေတော့သည် ။
နှစ်ယောက်သား အခန်းလေးကို သန့်ရှင်းပြီး နေရာချအပြီးမှာတော့ ပင်ပန်းသွားကြတာမို့ ခဏလှဲနေလိုက်ကြသည် ။
" Ji.... ငါတို့ရဲ့ ဘဝ စပြီထင်တယ်နော် ။ ကံကောင်းခြင်းတွေလည်းရောက်လာပြီလို့ ထင်တယ် ။ဒီအခန်းလေးက ငါတို့နှစ်ယောက်လုံးရဲ့ အစပထမနေရာလို့ ငါ့စိတ်ထဲ သေချာနေတယ်ဟ ။ ဘာလို့မှန်းတော့မသိဘူး ။ Hee... "
" Aigoo... သဘောတွေ ကျနေတယ် ဟုတ်လား ။ Wori Jendeukie လေးက haha... သေချာတာပေါ့ဟ... ငါတို့ရဲ့
တကယ့်ဘဝအစစ် စတဲ့ နေရာပေါ့ ။ ဒီနေရာလေးကစပြီး ဘယ်နေရာရောက်ရောက် ဘာတွေပဲ ဖြစ်ဖြစ် ငါတို့ မခွဲဘူးနော် ။ နင့်အနားမှာ ငါ အမြဲ ရှိနေမယ် ။ ငါတို့ အတူတူ ကြိုးစားကြမယ်နော် "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 8
Start from the beginning
