Jisoo မျက်နှာချိုလေးသွေးပြီး တောင်းပန်ပြောတော့မှ အန်တီကြီးက ခါးထောက်ထားရာကနေ လက်ချလိုက်ပြီး သက်ပြင်းချလိုက်သည် ။

" ငါက မင်းတို့ အန္တရာယ်တစ်ခုခုဖြစ်မှာစိုးလို့ပါ ။ မိန်းကလေးတွေဆိုတော့ မသင့်တော်ဘူးလေ ။ အဲ့ဒါကြောင့် ပြောတာပါ "

" ဟုတ်..သိပါတယ်  ကျေးဇူးလည်းတင်ပါတယ်  Ahjima.. "

" ကဲပါ...ရပါတယ် ။ နေအုန်း ငါ အခုမှ
စဥ်းစားမိတယ် ။ ဟိုတစ်ပတ်က ငါ့အစ်မ အိမ်အမိုးထပ်လေး ငှားမလို့တဲ့ ။ အဲ့ဒါ မင်းတို့ နေမယ်ဆို သွားကြည့်လိုက်ပါလား ။
လခကတော့ သူနဲ့ ညှိကြပေါ့ ။ ငါလည်း အဆင်ပြေအောင် ပြောပေးပါ့မယ် ။ အဓိက က မင်းတို့ ထပ်ပြီး အပြင်မှာ မအိပ်ရအောင်ပဲ "

" အာ.... ကျေးဇူး... ကျေးဇူးတင်ပါတယ်
အန်တီကြီးရယ်... တကယ် ကျေးဇူးတင်ပါတယ် ... အဆင်ပြေအောင် ပြောပေးပါနော် ။ လစာလည်း တစ်လချင်း နောက်မကျစေရဘူး ပေးပါ့မယ်လို့ သေချာပြောပေးပါနော် ။ ကျေးဇူးမမေ့ပါဘူး အန်တီကြီးရယ် "

Jisoo က ခေါင်းလေးငုံ့ပြီး ကျေးဇူးတွေ ဇွတ်တင်နေတော့ ဘေးက အိပ်မှုန်စုန်ဖွားနဲ့ Jennie ကလည်း ခါးလေးကိုင်းပြီး ဘာမသိညာမသိ ပြုံးပြလိုက်သည် ။

" အင်းပါ... ဒီကလေးက ချစ်စရာလေး...
အဟင်း...နှစ်ယောက်သား ငယ်ငယ်ချောချောလေးတွေ...ငါက သားသမီးချင်း ကိုယ်ချင်းစာပါတယ်အေ ။တစ်ခုခု မတော်တရော်ဖြစ်သွားမှာစိုးတာပါ ။   ထ ထ ငါ လိပ်စာရေးပေးလိုက်မယ်။ အဲ့ကို သွားလိုက်ကြ ။ ငှားဖြစ်အောင် ငါ အစ်မကို သေချာဖုန်းလှမ်းဆက်ပြောလိုက်မယ် "

" Nae.. Ahgashimithar.... Gomarwor... Jinja... Gomarwor... Ahjima... "

Jisoo လည်း အမြန်ထကာ အထုတ်ပိုက်ပြီး Jennie လက်ကို ဆွဲမကာ အန်တီကြီးနောက်ကနေ လိုက်တော့သည် ။ လိပ်စာရတော့ နှစ်ယောက်သား ပျော်ကာ အန်တီကြီးကို 180 ဒီဂရီလောက် Bow လုပ်ကာ နှုတ်ဆက်လိုက်ကြသည် ။ သွားခါနီး အန်တီကြီးက သေချာမှာလိုက်သေးသည် ။

" ကဲ.. ကဲ.. သွားကြတော့ ။ ကျေးဇူးတင်စရာမလိုပါဘူး ။ ဒီကိုသာ ပြန်မလာခဲ့ကြနဲ့ ။
ငါ့စီးပွား ပျက်လိမ့်မယ် ။ အနှိပ်သည် ဝင်လုပ်ရတာနဲ့ စားပွဲထိုး ဝင်လုပ်ရတာနဲ့ ကြာရင် ငါ့ဆိုင်ပါ ဝင်ယူနေကြမှဖြင့် ။ ငါ့ဆီမှာ နှိပ်တဲ့ဝန်ထမ်းတွေ အပြည့်ရှိသလို မုန့်ဆိုင်ကလည်း ဘူဖေးစနစ်ဟဲ့ ... ဒီကလေးနှစ်ယောက်ကတော့ ဟင်း..."

From Zero to Infinity ~~~Where stories live. Discover now