【1】

828 46 7
                                    

Unicode

အစိမ်းသပ်သပ် နေရာတစ်ခု~

ဤနေရာသို့ခြေတစ်လှမ်းစလှမ်းမိလိုက်သည့်အချိန်~

ကပ်ခြောက်မာကြောနေသည့် လျှောက်လမ်းအပေါ်ခြေချပြီးနောက် ကျွန့်​တော့်ခြေထောက်တွေဟာ အေးခဲသွားသလို တစ်စုံတစ်ခုရဲ့အရာဟာ စုပ်ယူဆွဲဆောင်နေသလိုခံစားလိုက်ရသည်။

ဘယ်အရာကိုကျွန်တော်ကြောင့်ကြနေသလိုမျိုးခံစားနေရတာလဲ?

ဘယ်အရာကရောကျွန်တော့်ကိုတမ်းတနေတာလဲ​?

_______

*"ငါတို့စုံတွေ့ခဲ့ခြင်းဟာ ဘုရားသခင်ရဲ့ဆုလာဘ်တစ်ခုမဟုတ်လား...
....ငါမင်းကိုအဖိုးမဖြတ်နိုင်ဘူး....ငါရောမင်းကို...ဟင့်အင်း ငါ့လက်ကိုမလွှတ်နဲ့...မင်းမသွားရဘူး....."***
မြင်တွေ့ရခြင်းအာရုံမပါပဲဝေဝါးလွန်းပြီး စကားသံတွေကြီးသာကြားလိုက်ရတဲ့ အိမ်မက်တစ်ခုသာ~

အိမ်မက်ကောင်းတစ်ခုလား အိမ်မက်ဆိုးတစ်ခုလား?
အဲ့ထဲ့ကစကားပြောနေကြတဲ့လူ၂ယောက်ကဘယ်သူတွေလဲ?

ထိုအိမ်မက်ကြောင့် သတိပြန်ရလာခဲ့ပြီး လေးလံနေတဲ့မျက်ခွံ၂ခုကိုဖွင့်လိုက်သည်။

"သတိရလာပြီလား!"

"Hmmm..ကျွန်တော်ဘာဖြစ်?"

"ငါကဒီနေ့ကျောင်းဂိတ်မှာတာဝန်ကျတဲ့အားကစားဆရာပါ မင်းကျောင်းထဲဝင်ဝင်ခြင်းမှာပဲ မေ့လဲသွားတာ၊ အခု ကျောင်းက ဆေးပေးခန်းမှာ"

ခေါင်းထဲကတစ်ချက်တစ်ချက်ထိုးဆစ်မှုကိုလျစ်လျူရှုပြီး ထထိုင်လိုက်သည်။

"အာ..အဲ့လိုဖြစ်ခဲ့တာလား"

"ဒီတိုင်းမင်းအားနည်းသွားလို့ဖြစ်သွားတာ ခု ဘာမှမဖြစ်တော့ဘူး အဆင်ပြေတယ်မလား သက်သာရဲ့လား?"

"ဟုတ် ကျွန်တော်အဆင်ပြေပါတယ်"

"မင်းက Uniformတောင်မပါတော့ကျောင်းသားအသစ်ဖြစ်မယ်"

"ဟုတ် ကျွန်တော်ဒီနေ့မှရောက်တာပါ"

"မင်းအတန်းဆရာကိုသွားပြောရမှာပဲ ခဏလေးနော် ပြန်လာခဲ့မယ်"
_____

Parallel Line Between Us(Completed)Where stories live. Discover now