" အာ... မေ့နေတာ.. ဒီမှာ နင် စားချင်တဲ့ Mandu.... ငါ ဝယ်ထားတယ် ။စားလိုက်အုန်း ။ အေးတောင် အေးကုန်ပြီ ။ နင် ငိုနေတာနဲ့ ဟီးဟီး "
" နင်ကျတော့ရော မငိုလို့လား ဟင်း..."
မျက်စောင်းလေးထိုးပြီး ဖက်ထုတ် တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်တဲ့ Jennie ကို ကြည့်ကာ Jisoo စပ်ဖြီးဖြီးနဲ့ စ ချင်သွားသည် ။
စောနက စိတ်ပူတာတွေ ဝမ်းနည်းတာတွေက ဒီပါးဖောင်းဖောင်းလေးကို မြင်လိုက်ရတော့ အကုန်ကြက်ပျောက်ငှက်ပျောက် ။ တစ်ခါမှ လေသံမာမာနဲ့ မပြောဖူးပေမယ့် သူအလုပ်လုပ်တာမြင်လိုက်ရတော့ စိတ်တိုပြီး ပြောလိုက်တဲ့စကားတွေက ဘယ်နှလုံး ရှိလိုက်လို့တုန်း ။
သူ့ဘက်က ပြန်ပြောသွားတာနဲ့တင် Kim Jisoo တို့ ပါးစပ်ပိတ် အရှုံးပေးလိုက်ရပြန်ပါပီ ။ သူပြောတာလည်း ဟုတ်လည်း ဟုတ်နေတာကိုး ။ သူ ငိုတာမကြိုက်ပေမယ့် ငိုအောင်ပဲ လုပ်မိသွားတဲ့အတွက် ပြန် ရယ်ပြုံးလာအောင် လုပ်ရတော့မည် ။
" Jendeuk... ဒီ Mandu လေးတွေက နင် ဗိုက်ထဲရော ရောက်ရဲ့လား "
" ဟမ်... ရောက်ပါတယ်... ငါ စားနေတယ်လေ ။ ဗိုက်ထဲပဲ ရောက်မှာပေါ့ "
" အော်... မသိပါဘူး ။ ငါက နင် မျိုမချပဲ ဟောဒီက ပါးနှစ်ဖက်ထဲမှာပဲ စုထားတာလားလို့ ။ ဖောင်းနေလို့လေ hahaha.. "
" ဟာ... လာ စနေတာပေါ့... Ji စုပ် "
" ဟီးး.... တကယ်ပြောတာပါ ။ မစဘူး ။
နင့်ပါးဖောင်းဖောင်းလေးတွေက Mandu နဲ့တူတယ် ။ ဒီနေ့ကစပြီး နင့်ကို နာမည်ပြောင်းမယ် ။ ဘူဆန်ရောက် အထိမ်းအမှတ်နဲ့ စိတ်သစ်လူသစ် ဘဝသစ်နဲ့ နာမည်အသစ်ပြောင်းပေးလိုက်မယ် ... Mandu လို့ပဲ ခေါ်တော့မယ် haha "
" အာ.... မကြိုက်ပါဘူး... မခေါ်နဲ့နော် အေး "
" ကြိုက်နေပါတယ် ဟဲဟဲ Mandu လေးကလည်း ချစ်ဖို့ကောင်းတယ်လေ....
ကီတီ ကီတီ!!! Mandu yaa... "
Jisoo ပါးစပ်ကလည်း အသံမျိုးစုံထွက်ရင်း Jennie ပါးလေးနှစ်ဖက်ကို ဆွဲနေတာမို့ Jennie လက်က သူ့
ပေါင်ကိုတဖြန်းဖြန်းနဲ့ ရိုက်ကာ ရီမိတော့သည် ။
တကယ်ပါ ။
Kim Jisoo က Jennie အတွက်တော့
မရီရတဲ့ ဟာသတွေ
ပေါက်တက်ကရနာမည်ပြောင်တွေနဲ့ပဲ
အငိုတိတ်စေတဲ့ သူရယ်ပါ ။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(** ရေးထားပြီးသားရှိတာမို့ တင်ပေးလိုက်ပါတယ် ။ အားလုံး Take Care ပါ 🙏🙏🙏)
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
