" ငါ... ငါ တောင်းပန်ပါတယ်နော် Jen... ငါ
မပြောမဆိုပဲ သွားလိုက်မိလို့ပါ... ပြီး.. ပြီးတော့ နင် ပင်ပန်းမှာစိုးလို့ပါဟာ... တောင်းပန်ပါတယ်နော်... မငိုပါနဲ့နော်"
" ငါလည်း နင် ပင်ပန်းနေတာ မြင်ရက်မလား Ji... ငါ့ဘက်ကိုလည်း တွေးပေးပါအုန်း ။ ငါလည်း နင်နဲ့အတူ အလုပ်လုပ်ချင်တယ်လေ ။ ပိုက်ဆံရှာချင်တယ် ။ ဘယ်တော့မှ မခွဲဘူးလို့ ပြောထားတာ... အဲ့ဒါတွေလည်း ပါတယ်လေ Ji ရဲ့ ။ အတူတူအလုပ်လုပ်မယ် ။ အတူတူပိုက်ဆံရှာမယ် ။
နင်တစ်ယောက်တည်း တာဝန်ယူမယ်ဆိုပြီး နင်ပဲ ငါ့ကို စောင့်ရှောက်မယ်လို့ တွေးထားလို့မရဘူးလေ ။ ဝန်ထုတ်ဝန်ပိုးတစ်ခုလို ကိုယ့်ကိုယ်ကို မထင်မိအောင် ငါလည်း နင့်ကို စောင့်ရှောက်ချင်တယ်လေ ။ နင့်ကို ကူညီချင်တယ် ။ အဲ့ဒါ ငါ မှားလား "
" Arr Arrnyii... မမှားပါဘူး... နင် မမှားပါဘူး ။ ငါ မတွေးလိုက်မိတာပါ... Miyahae.. Jen ။ တကယ်တောင်းပန်ပါတယ်။ ငါ .. ငါ နောက်ဆို အဲ့လိုမတွေးတော့ပါဘူး ။ နင့်ကိုလည်း မပြောပဲ ဘာမှမလုပ်တော့ဘူးနော် ။ ပြီးတော့ ငါတို့ ဘာပဲလုပ်လုပ် အတူတူလုပ်ကြမယ်နော်.. ကတိ... ကတိပေးပါတယ် မငိုပါနဲ့တော့နော် "
မငိုပါနဲ့တော့လို့ ပြောပြီး မျက်ရည်သုတ်ပေးနေတဲ့ Jisoo ကိုယ်တိုင်ကလည်း မျက်ရည်တွေနဲ့ပင် ။
" အင်း... အာ့ဆို ပြီးရော... နောက်ဆို နင်ဘယ်သွားသွား ဘာလုပ်လုပ် ငါ့ကို ပြောနော် ။ ပြီးတော့ ငါလည်း နင်နဲ့အတူတူ ဘာအလုပ်ဖြစ်ဖြစ် လုပ်မှာ ။ ငါ့ကို မတားရဘူး "
နှာတစ်ချက်ရှုံ့ကာ လက်ညှိုး လေးထိုးပြီး ရုပ်တည်နဲ့ ပြောနေတဲ့ Jennie ကို ကြည့်ကာ Jisoo ခေါင်းညိတ်ပြလိုက်ရသည် ။
" အင်း... အင်းပါဟာ... နင့်သဘောနော် "
" ပြီးရော.... ဒီမှာ ရော့ ငါ မုန့်ဖိုးရခဲ့တယ် ။ နက်ဖြန် Bus ကားခ လုပ်လို့ရတာပေါ့ ။ ငါတို့ နေစရာရှာရအုန်းမယ်လေ "
" အင်း... ငါလည်း မုန့်ဖိုးအပြင် အပိုပါ ရခဲ့တယ် ဟီးဟီး "
" ရီမနေနဲ့.... လက်တွေ နာကုန်ပြီလား ပြအုန်း "
ပြောပြောဆိုဆိုနဲ့ လက်ကို ဆွဲကာ ဟိုဘက်ဒီဘက်လှန်ကြည့်နေတဲ့ စူပုတ်ပုတ် Jendeuk ကို Jisoo သဘောကျပြီး မရီနဲ့လို့ ပြောရင်းကြားက ပြုံးမိသွားသေးသည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
