" Hee... ငါ စားပွဲထိုး လုပ်နေတာ... "
Jennie စကားကြားတော့ Jisoo စိတ်တိုသွားတာရော ဝမ်းနည်းတာရော ပေါင်းကာ အောက်နှုတ်ခမ်းလေးကို ကိုက်ပြီး မျက်မှောင်ကြုပ်ကာ စိုက်ကြည့်လိုက်မိသည် ။
" လာ... အဲ့ဒါကြီး ထားခဲ့...နင် ဘာမှလုပ်စရာမလိုဘူး ။ သွားမယ် "
" ခဏ... ခဏလေး... ဒါလေးတော့ သူ့နေရာနဲ့သူ သွားထားပေးအုန်းမယ်... ငါ့တာဝန်ဟ ပိုက်ဆံယူထားပြီးပြီ ပြီးအောင်လုပ်ရမှာပေါ့ "
Jennie ပြောပြောဆိုဆိုနဲ့ ဗန်းကို မုန့်ဆိုင် အနောက်ဘက်က အမှိုက်ပြစ်တဲ့နေရာမှာ သွားထားလိုက်သည် ။
Jennie လက်ထဲ ဘာမှမရှိတော့မှ Jisoo Jennie လက်ကို ဆွဲကာ စောနက အိပ်နေတဲ့နေရာကို ခေါ်လာခဲ့သည် ။
" Jendeuk ... နင် ဘာလို့ အဲ့လိုလုပ်ရတာလဲ... ငါ့မှာ နင်ပျောက်သွားပြီထင်ပြီး ဘယ်လောက်စိတ်ပူသွားရလဲ သိလား.. လူဆိုးတွေများ ခေါ်ခံရတာလား ငါ့ကိုများ လိုက်ရှာနေတာလားဆိုပြီး... "
" နင်ကရော... ငါ့ကို မပြောပဲ ဘယ်သွားတာလဲ "
Jennie စကားကို ဖြတ်ပြီး မေးလိုက်တော့ Jisoo ပြောမယ့်စကားလုံးတွေ ပျောက်ကာ စိုက်ကြည့်နေတဲ့ မျက်လုံးတွေကလည်း
ထားစရာနေရာပျောက်ကုန်တော့သည် ။
" ဟို... ငါ... ငါက... "
" နင် ဘယ်သွားပြီး ဘာလုပ်နေတာလဲ ငါ သိတယ် Ji ။ ငါ... ငါ့မှာ နိုးလာတော့ နင် ငါ့ကို ထားသွားပြီထင်ပြီး ဘယ်လောက်ကြောက်သွားခဲ့လဲ နင်သိလား ။ မပြောမဆိုနဲ့ သွားပြီး သူများကို သွားနှိပ်ပေးနေတာ ။ ငါ့မှာ အဲ့အခန်းထဲက ထွက်လာတဲ့ အဘွားပြောပြမှ သိရတာ ။ နင်... နင် ဘာလို့ အဲ့လိုလုပ်လဲ ငါ သိတယ် ။ နင် ငါ့ကြောင့် ပင်ပန်းနေတာလည်း ငါ သိတယ် Ji... အဲ့ဒါကြောင့် ငါလည်း တစ်ဖက်တစ်လမ်းက မုန့်ဖိုးရအောင် ဝင်လုပ်ပေးလိုက်တာ... နင်တောင် ပိုက်ဆံရအောင် ရှာနေတာပဲ... ငါလည်း ရအောင် ရှာတာပဲလေ... ဘာလို့ ငါကျတော့ အဲ့လိုတွေ လုပ်စရာမလိုရမှာလဲ "
Jennie ပြောရင်းနဲ့ အသံတွေတုန်ကာ မျက်ရည်ကျလာတော့ Jisoo ရင်ထဲစူးနစ်နေအောင် ဝမ်းနည်းသွားရသည် ။ ပခုံးပေါ်က တဘက်လေးနဲ့ Jennie ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း သူပါ မျက်ရည်တွေ ဝဲနေခဲ့သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
