Jisoo လည်း ပင်ပန်းနေပေမယ့် လုပ်လို့ရတုန်းလေး ပိုက်ဆံရသလောက်ရှာလိုက်မယ်ဆိုပြီး ဆုံးဖြတ်ကာ အဲ့ဒီအန်တီကြီးကို ထပ်နှိပ်ပေးလိုက်သည် ။
ပြီးသွားတော့ ပေးလိုက်တဲ့ ပိုက်ဆံကို ဘောင်းဘီထဲ ကျစ်လိုက်ပြီး ခပ်တည်တည်ပဲ မုန့်ဆိုင်နား သွားကာ Mandu တစ်ဗန်းဝယ်လိုက်သည် ။ Jisoo ကတော့ Jendeuk ကို Mandu ဝယ်ကျွေးနိုင်တဲ့အပြင် ထမင်းစားရိတ်တစ်ရက်စာပါ ထပ်ရှာလိုက်နိုင်တာမို့ အပျော်ကြီး ပျော်ပြီး Mandu ဗန်းလေးကိုင်ပြီး အိပ်နေတဲ့ Jennie ဆီကို လျှောက်လာခဲ့တော့သည် ။
ရိုးရိုးသားသား ရှာထားတဲ့ ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း သိသွားတဲ့အပြင် အဲ့ဒီလို စိတ်ရှင်းရှင်းနဲ့ ရလာတဲ့ငွေကြောင့် ပျော်ရတဲ့အပျော်ကိုလည်း ပထမဆုံးအနေနဲ့ သဘောတွေကျနေမိသည် ။
Jendeuk အနားရောက်တော့ စောနက ခေါင်းအုံးအိပ်နေတဲ့ ကျောပိုးအိတ်သာ
တွေ့ရပြီး လူက ရှိမနေ ။ Jisoo ပူထူသွားကာ Mandu ဗန်းလေး ချပြီး jjimijilbang ထဲ ပတ်ရှာတော့သည် ။
☁️ ဘယ်ရောက်သွားတာလဲ Jendeuk ရာ... အိပ်ပျော်နေလို့များ လူဆိုးတွေ ချီပြီးခေါ်သွားပြီလား ... နိုးလာလို့ ငါမရှိတော့လို့များ ထားသွားပြီထင်နေလား... ဘယ်နားသွားပြီးများ ငိုနေသလဲ... Jen ရယ်.. ငါ မှားတာ... ငါ မှားတာ... ပြောထားခဲ့ရမှာကို ...☁️
Jisoo သူ့ဘာသာတွေးမိပြီး စိတ်တွေအရမ်းပူကာ မျက်ရည်တွေ ဝဲလာတော့သည် ။ ခြေလှမ်းတွေကလည်း ဦးတည်ချက်မရှိပဲ မြန်ဆန်နေတော့သည် ။ တစ်နေရာအရောက်မှာတော့ အစားအသောက်စားတဲ့ သီးသန့်အခန်းတန်းလျားတွေဘက်ကနေ
ဗန်းအကြီးကြီးကို မနိုင်မနင်း မ လာတဲ့ Jennie ကို တွေ့လိုက်တာမို့ ဝမ်းသာသွားကာ ပြေးသွားတော့သည် ။ လက်ထဲက ဗန်းထဲကြည့်လိုက်တော့ စားပြီးသားပန်ကန်တွေ ခွက်တွေနဲ့ ။
" Jen... Jendeuk . နင်...ဘာတွေလုပ်နေတာလဲ "
မျက်လုံးလေးပြူးပြီး တအံ့တသြကြည့်နေတဲ့ Jisoo ကို Jennie သွားဖြဲလေးနဲ့ ရီပြလိုက်သည် ။ Jisoo စိတ်ပူပြီး လိုက်ရှာနေတာကို သူ့ရဲ့ ရဲနေတဲ့ မျက်နှာနဲ့ မျက်ရည်တွေ ဝှေ့နေတဲ့ မျက်လုံးကတဆင့် သိလိုက်ပြီလေ ။
DU LIEST GERADE
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Beginne am Anfang
