မုန့်ဆိုင်ကို လှမ်းကြည့်မိရင်း အငွေ့တထောင်းထောင်းထနေတဲ့ Mandu အိုးကို မြင်တော့ Jendeuk Mandu စားချင်နေတာကို သတိရသွားပြီး ဝယ်ကျွေးနိုင်ဖို့နည်းလမ်းကို ချက်ချင်း တွေးမိလိုက်သည် ။ ပြီးတော့
ပေါင်ပေါ်မှာ အိပ်မောကျနေတဲ့ Jennie ကို အသာလေးချလိုက်ကာ အနှိပ်ခန်းဘက်ကို ဟိုကြည့်ဒီကြည့်နဲ့ပဲ အသာလေး ဝင်သွားလိုက်သည် ။
သူ့နေရာနဲ့ သူ နှိပ်တဲ့သူတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ နှိပ်ဖို့စောင့်နေတဲ့ အဘွားတစ်ယောက်အနားကို ကပ်ကာ မြင်သူတကာသဘောမကျပဲ မနေနိုင်တဲ့ အပြုံးလေးနဲ့ပဲ စကားရောဖောရော ဝင်လုပ်လိုက်သည် ။ သဘာဝတရားရဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့ ချစ်မွှေးပါတဲ့ မျက်နှာလေးနဲ့အတူ မွေးရာပါအရည်အချင်းဖြစ်တဲ့ စကားပြောတတ်မှုကြောင့် သိပ်မကြာလိုက်ပဲ အဲ့ဒီအဘွားနဲ့ စျေးညှိပြီး သဘောတူညီမှု ရသွားတော့သည် ။
အဲ့ဒါနဲ့ နှစ်ယောက်သား တိတ်တိတ်လေး ပြန်ထွက်လာကြပြီး အပူခန်းရှိရာကို ထွက်ခဲ့ကြတော့သည် ။ Jendeuk ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကွေးကွေးလေး အိပ်နေတုန်း ။
အပူခန်းကို ရောက်တော့ အဘွားက သက်တောင့်သက်သာ လှဲနေလိုက်ပြီး Jisoo ရဲ့ လုပ်ငန်းစဥ်ကို စလုပ်တော့သည် ။
တကယ်တော့ နှိပ်ပေးတာပါ ။ အနှိပ်ခန်းမှာ နှိပ်တာထက် စျေးလျှော့ယူပြီး မုန့်ဖိုးပဲ ပေးပါဆိုပြီး အဘွားနဲ့ စျေးညှိလာခြင်း ဖြစ်သည် ။ Pa Kim ကို နှိပ်ပေးနေကျ ပညာတွေက ဒီတစ်ခါလည်း အသုံးတည့်ပြန်ပါရော ။
ဟိုအနှိပ်ခန်းက ဝန်ထမ်းတွေ သိရင်တော့ မောင်းထုတ်မှာစိုးတာကြောင့် အပူခန်းထဲမှာ ချွေးတစ်လုံးလုံးနဲ့ လာနှိပ်နေကြတာ ဖြစ်သည် ။ ဒါပေမယ့် Jisoo ပြောစကားအရတော့ အပူခန်းထဲ နှိပ်ရင် အကြောပိုပွင့်တယ်ဆိုပဲ 🤭🤭 ။
ဟာသဥာဏ်ရှိပြီး မပျင်းရအောင် စကားတွေဖောင်ဖွဲ့ကာ ပြောတတ်တဲ့ Jisoo ကို အဘွားက သဘောတွေကျကာ နှိပ်ပြီးသွားတော့
မုန့်ဖိုးပေးတဲ့အပြင် သူ့သမီးအန်တီကြီး
တစ်ယောက်ကိုပါ ထပ်နှိပ်စေပြီး အနှိပ်ခန်းထဲက စျေးထက် ပိုပေးလိုက်သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
