" ဝါး... Mandu ရတယ်လား "
" အင်း.... ရတယ်လေ Jendeuk ရဲ့ ။ ဘာလဲ Mandu စားချင်လို့လား "
" Arr.. Arrnyi... မစားချင်ပါဘူး ။ ဒီတိုင်းပဲ မြင်လိုက်လို့ မေးတာ ဟီး... "
Jendeuk ရဲ့ စားချင်နေတဲ့ မျက်လုံးလေးကို မြင်လိုက်တာမို့ Jisoo ခေါင်းလေးကုပ်ပြီး သက်ပြင်းဖွဖွလေး ချလိုက်မိသည် ။
သူ Mandu ကြိုက်တာကို သတိမထားမိလိုက်ပဲ ခေါက်ဆွဲပြုတ် ဝယ်လာမိတဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်လိုက်မိသည် ။
Jennie ကလည်း Jisoo ဘာဖြစ်သွားတယ်ဆိုတာ မျက်လုံးမြင်ရုံနဲ့ သိတဲ့သူမို့ သူ့ရဲ့ Gammy Smile လေးကို အပြည့်အဝ အသုံးချပြီး ပြောလိုက်သည် ။
" ခေါက်ဆွဲပြုတ်က ပိုကောင်းတယ် Ji ရဲ့ ... ဒီမှာ ကြက်ဥ လည်း ရှိတယ် ဟဲဟဲ "
ကြက်ဥပြုတ်ကို ခေါင်းလေးနဲ့ သာသာလေး တိုက်တိုက်ပြီး ခွဲနေတဲ့ Jennie ကို Jisoo
ကြည့်ပြီး ပြုံးမိကာ သူ့အတွက်ကြက်ဥကို သူ့ခေါင်းနဲ့ မာန်ပါပါပဲခွဲပြလိုက်သည် ။
" အဲ့လို သာသာလေး မခွဲရဘူး Jendeuk ရဲ့ ။ ဒီမှာ ဒီလို .... ခွပ် !!!!!..... အားးးးး"
ခွပ်ခနဲ မြည်သွားပြီး ခေါင်းအိစိမ့်သွားကာ မျက်နှာကြီး မဲ့သွားတဲ့ Jisoo ကိုကြည့်ကာ Jennie က တခစ်ခစ်နဲ့ ရီနေတော့သည် ။
" အာ... ဟဲဟဲ... ဒီကြက်ဥ က မာလို့.... .... လက်နဲ့ပဲ ခွာတော့ Jendeuk ... ဟီးဟီး "
စားသောက်ပြီးသွားတော့ Jennie က Jisoo ပေါင်ပေါ်လှဲအိပ်နေရင်း အိပ်ပျော်သွားတာမို့ Jisoo ငြိမ်ငြိမ်လေး ထိုင်နေကာ မျက်လုံးကတော့ jjimijilbang ထဲကို အကဲခပ်ပြီး လိုက်ကြည့်နေမိသည် ။ သက်ကြီးရွယ်အိုတွေ အလာများတဲ့ ဒီနေရာမှာ အနှိပ်ခန်းလည်း ရှိသည် ။ အနှိပ်ခုံတွေလည်း ချထားသည် ။ ကလေးတွေမပျင်းရအောင်လည်း ကစားတဲ့စက်တွေကအစ အစုံရှိသည် ။ အစားအသောက်အတွက် ဆိုင်ကလည်း နှစ်ဆိုင်တောင် ။ အအေးဆိုင်နဲ့ မုန့်ဆိုင် ။ စီးပွားရေးအကွက်ကျကျ လုပ်တတ်ပုံကို Jisoo သဘောတွေကျကာ စိတ်ထဲမှာတော့ ဘာရောင်းရင်ကောင်းရမလဲ ဆိုပြီး
အစီအစဥ်အကြီးကြီးတွေ ဆွဲနေမိသည် ။ အခုထိ နေစရာ ရှာမတွေ့သေးပင်မယ့်လည်းပေါ့ 😁😁 ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
