jjimijilbang ကိုရောက်တော့ အထုတ်တွေထားကာ သူတို့ အင်္ကျီလေးတွေ နှစ်ယောက်သား လဲလိုက်ကြပြီး ဟိုကြည့်ဒီကြည့်နဲ့  ချောင်ကျကျ နေရာတစ်ခုရှာပြီး နေရာချလိုက်တော့သည် ။
Jendeuk ကတော့ နေရာချပြီးတာနဲ့
အီးယားးးးဆိုပြီး လှဲအိပ်တော့သည် ။
တော်တော်ကို ပင်ပန်းနေပြီမလား ။ လမ်းလျှောက်ခဲ့တာလည်း နည်းမှ မနည်းတာ ။

jjimijilbang ဝတ်စုံ ပွပွလေးနဲ့ ဘောင်းဘီအတိုလေးကို ဝတ်ထားကာ အားရပါးရ
အကျောဆန့်နေတဲ့ Jendeuk ကိုကြည့်ကာ Jisoo အူတွေယားပြီး သဘောတွေ ကျနေတော့သည် ။

☁️ တကယ့်ကလေးပေါက်စလေးလိုပါပဲ ☁️

တဘက်လေးကို ခေါင်းမှာ ပေါင်းပြီး ဆောင်းတော့လည်း Jendeuk ကမလုပ်တတ်လို့  Jisoo က တစ်ဆင့်ချင်းခေါက်ပြကာ သင်ပေးသည် ။ သို့သော်လည်း Jendeuk က တကယ်မခေါက်တတ်တာလား မခေါက်ချင်တာလားတော့မသိ ။ ပေါက်ကရတွေလျှောက်ခေါက်ထားလို့ Jisoo မှာ ကိုယ်တိုင်ပဲ ပြန်ခေါက်ကာ Jennie ခေါင်းမှာစောင်းပေးလိုက်သည် ။ အဲ့ကျမှ အချွဲလေးက ပြုံးပြီး ငြိမ်ခံနေသည် ။ တကယ်က Jisoo ကိုယ်တိုင်လုပ်ပေးတာ ခံချင်လို့ တမင်ချွဲတာမလား ။

(  Kim Jennie တို့အကြောင်း မသိရင် ခက်မယ် 😌)

" Jendeuk  ဗိုက်ဆာနေပြီမလား ။ ဟိုမှာ မုန့်ဆိုင်ရှိတယ် ။ ဘာစားမလဲ ငါသွားဝယ်ပေးမယ် "

" အင်း... ဟီးဟီး.... ဆာနေတာ ကြာလှပြီ ။ ညောင်းလွန်းလို့ သတိမထားမိတာ ။  ဘာဖြစ်ဖြစ်ပါ  Ji ကြိုက်တာ ဝယ်ခဲ့ "

" Ooook "

Jisoo  မုန့်ဆိုင်သွားပြီး ရေနှစ်ဘူး နဲ့ ခေါက်ဆွဲပြုတ်တစ်ဘူး မှာလိုက်ကာ ကြက်ဥပြုတ်ပါ တစ်လုံးစီ ဆွဲခဲ့လိုက်သည် ။ အိမ်လခတွေကို ဒီနေ့ကြည့်ရသလောက်က ပါလာတဲ့ပိုက်ဆံနဲ့ တော်တော်များများအဆင်မပြေတာမို့ တတ်နိုင်သလောက် ချွေတာနေရသည် ။ Jendeuk ကို ဒီထက်ပိုပြီး ကောင်းတာလေး ဝယ်ကျွေးချင်ပေမယ့် အခုချိန်မှာ နေစရာက ပိုအရေးကြီးနေသည်မလား ။

Jisoo က မုန့်ဗန်းလေးနဲ့ ပြန်လာတော့ Jennie က ပျော်ပြီး လက်ခုပ်လေးတောင် ထတီးနေလိုက်သေးသည် ။ အစားအသောက် ချေးမများတတ်တဲ့ ကလေးမို့ မစားမှာတော့ မပူရ ။ ခေါက်ဆွဲပြုတ်ကို တစ်ယောက်တစ်လုပ် စားနေကြရင်း ဘေးနားက ဖြတ်သွားတဲ့ ဦးလေးကြီးတစ်ယောက်က Mandu ဗန်းလေးကိုင်ပြီး သွားတာကို jennie မြင်လိုက်သည် ။

From Zero to Infinity ~~~Where stories live. Discover now