" yess.... ဟဲဟဲ... ဒီမှာကြည့်လေ Jendeuk ရဲ့ ။ 24 hr ဖွင့်တာတဲ့ ။ ည အိပ်လို့ ရလောက်တယ် "
" ဟင် ... ဟုတ်မှလည်း လုပ်အုန်းနော် ။
တစ်ညလုံးကြီး ရပါ့မလား Ji ရဲ့ "
" နည်းနည်းမိုးချုပ်မှ သွားကြမယ်လေ အဲ့ဒါဆို အပန်းလာဖြေသလိုလို ဘာလိုလိုနဲ့
ရမှာပါ ဟီးဟီး "
Jisoo က သူ့အစီအစဥ်သူ သဘောတွေကျကာ ပြုံးပြီး ပြောနေတော့ Jennie လည်း စိတ်ချလက်ချဖြစ်သွားတော့သည် ။
ကားမူးနေလို့ တစ်နေရာရာမှာ အမြန်ဆုံးနားချင်ပေမယ့် Jisoo သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ကျေနပ်ပြုံးလေးသာ ပြုံးပြလိုက်သည် ။ လက်ထဲက မုန့်လည်း စားချင်စိတ်မရှိတာမို့ သူ့ကိုသာ ခွံ့နေလိုက်ပြီး အအေးပဲသောက်နေလိုက်သည် ။ Jisoo ကတော့
နေစရာငှားရန် ကြော်ငြာထားတာတွေကို လိပ်စာတွေ ဝိုင်းပြီး သွားမယ့်လမ်းကြောင်း ဆွဲနေလေရဲ့ ။
" Jendeuk ခေါင်းမူးပြေရင် သွားရအောင်လေနော် ။ ဒီမှာ ငါ လမ်းကြောင်းဆွဲထားတယ် ။ မြို့ထဲကို အရင် သွားရမှာဟ ။
အဲ့က မရရင် ဒီမှာ ဒီကို သွားမယ် ။ ပြီးတော့ ဒီနေရာ ဒီနေရာ ။ မရရတဲ့ နေရာ လျှောက်မေးပြီး သွားကြည့်ကြတာပေါ့ နော့ ။ လုံးဝ
မရတော့မှ ဒီ jjimijilbang ကို သွားကြတာပေါ့ "
" အင်းပါ.... ငါ့ကို လမ်းကြောင်းတွေ လာပြမနေနဲ့ ။ ငါလည်း ဘာမှသိတာမဟုတ်ဘူးရယ် ။ နင့်လက်ကို တွဲပြီးပဲ နင်သွားရာ လိုက်မှာ ။ Ji ကို ယုံပြီးသား ဟီး... "
" ဟားဟား... ဟုတ်ပါပြီ လာ အာ့ဆို သွားကြမယ် "
ဒီလိုနဲ့ နေ့လည်ကနေ ညဦးပိုင်းလောက်ထိ Jisoo တို့ နေစရာအခန်းလိုက်ရှာကြပေမယ့် တစ်ခုမှ အဆင်မပြေ ။
တချို့က အခန်းကောင်းပေမယ့် စျေးက
တစ်လချင်း ပေးမရတော့ ပါတဲ့ ပိုက်ဆံနဲ့
မလောက်င ။ တချို့ကကျ အခန်းက ဆိုး ပတ်ဝန်းကျင်က ဆိုးလို့ Jendeuk ကို စိတ်မချတာနဲ့ မငှားပဲ လှည့်ပြန်လာရသည် ။
6 လစာအနည်းဆုံး မပေးနိုင်ရင် မငှားချင်ကြတာမို့ ရှိတဲ့ ပိုက်ဆံနဲ့က အခက်တွေ့နေတော့သည် ။
ဒါပေမယ့်လည်း တော်ရုံ စိတ်ဓာတ်မကျတဲ့ Jisoo က အပြုံးမပျက်ပဲ မနက်ဖြန်မှ ဆက်ရှာမယ်ဆိုပြီး ညဘက်အိပ်စရာတစ်နေရာ
ရနိုင်မယ့် jjimijilbang ကိုသာ လာခဲ့ကြတော့သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 7
Start from the beginning
