"အဟင့်..ဟီး.."

သူပြောကာမှ အသံရှည်ဆွဲပြီး သည်းထန်စွာ
ငိုရှိုက်လို့လာတော့သည်။

"ငါ..ငါလွတ်..လွတ်မြောက်ချင်တယ်..အင့်.."

"ဘာ!!"

"ဟုတ်တယ်!!..ငါသိပ်မုန်းတဲ့ မင်းဆီက ရလာတဲ့အထိတွေ့ကိုလည်း ငါမသတီဘူး..နေ့ရက်တိုင်း
ငရဲကျသလို ခံစားနေရတာ..ဘယ်မှာလဲ!..
ငါ့ရဲ့လွတ်လပ်မှု..ဘယ်ရောက်သွားလဲ..ငါချစ်မြတ်နိုးရသူတွေ..မင်းကြောင့်..ငါဆုံးရှုံးရပြီးပါပြီ..
ကျေးဇူးပြုပြီးတော့..ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့.."

"မဟုတ်ဘူး..ခင်ဗျားမှားနေပြီ..သိပ်ကိုလွဲမှားနေတာ..ကျုပ်ဒီလိုတွေလုပ်ရတာ..ခင်ဗျားကို
သိပ်ချစ်လို့..သိပ်ပိုင်ဆိုင်ချင်လို့လေ..ဟမ်!..
ခင်ဗျား မြင်အောင်ကြည့်စမ်းပါ..ကျုပ်အချစ်တွေကို
..အဲ့ဒီအမုန်းတရားတွေကိုဖယ်ရှားပြီး တချက်လောက် မြင်အောင်ကြည့်ပေးစမ်းပါ!!"

တုန်ရီနေတဲ့ ကိုယ်လုံးလေးကို ပုခုံးနှစ်ဖက်မှ ဆွဲကိုင်၍ ခပ်ကြမ်းကြမ်း လှုပ်ခါပြောမိသည်။

မှော်စက္ခသည်လည်း ဒေါသစိတ်နှင့် အမှန်အမွား ဘာမှမခွဲခြားနိုင်တော့။ အသေးလေးပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းက သူ့ရင်ကို
မီးတမျှ လောင်မြိုက်လို့နေသည်။

"တောက်!!"

တောက်ခေါက်သံအဆုံး သူ့ရင်ခွင်ထဲ ပြိုလဲလာသည့် ခန္ဓာကိုယ်လေးကြောင့် သူ့ရင်အစုံ ဒိန်းကနဲ တုန်ဟီးသွားသည်။

"အ..အသေးလေး!!.."

-

-

-

ကုတင်ထက် ဆေးပိုက် ချိတ်လျက် ငြိမ်သက်စွာ အိပ်ပျော်နေသော အသေးလေးကို တစ်ချက်ငေး
ကြည့်ပြီး သက်ပျင်းချမိသည်။

ထို့နောက် ကုတင်ဘေး၌ ဒူးထောကျထိုငျခလြကွြ ဖြူဖျော့နေတဲ့ လက်ကလေးကို တယုတယ ဆုပ်ကိုင်ထါးမိသညျ။ထို့နောကျ မျက်စိအောက်ကနေ ပျောက်ကွယ်သွားမှာ
စိုးသည့်အလား မျက်နှာသေးသေးလေးကို
အတန်ကြာ စူးစိုက်ကြည့်နေရင်း မျက်ရည်
တစက် ပါးပြင်ထက် လိမ့်ခနဲစီးကျသည်။

စေလိုရာစေ(Completed)Where stories live. Discover now