Jiminလေးသာ သာမန်လူလတ်တန်းစား
မိသားစုက ကလေးဆိုရင် သူဒီလောက်ထိ
သောကရောက်ပြီး မချစ်ပြရဲတာမျိုး ဖြစ်မှာ
မဟုတ်ပါဘူး။သူနဲ့ထိုက်တန်ရဲ့လားတွေးပြီး
မချင့်မရဲဖြစ်နေတဲ့ပုံစံလေးပေါ့ JKက။
Yoongiဘက်က JKပေါ်မြင်တဲ့အမြင်က အရိုး
ရှင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပုံစံလေးပါပဲ။

Jiminကျတော့ သူကမဟုတ်တဲ့အကြံအစည်
နဲ့ JKအနားကိုချဉ်းကပ်ခဲ့တဲ့သူဖြစ်လို့ရော၊
အနီးကပ်နေရတဲ့အချိန်တွေမှာ JKရဲ့စိတ်ခံ
စားချက်နဲ့ အနေအေးပြီး ဂရုစိုက်တတ်တာ
လေးရယ်၊အထီးကျန်နေတယ်ဆိုတာကို
ခံစားမိခဲ့ပြီးမှအများကြီးတန်ဖိုးထားပြီးချစ်မိ
သွားတာမျိုးပါ။ လိုလေသေးမရှိထားချင်တဲ့
ပုံစံမျိုးပေါ့။Unconditional Loveဆိုတဲ့
အတိုင်းပဲ ... ပြန်ရယူချင်တာမရှိဘဲ စိတ်သန့်
သန့်နဲ့ မေတ္တာတွေပေးချင်တဲ့ပုံစံမျိုးလေးပါ။

ဘေဘီကူးကူးလေးထည့်ဖြစ်
တာကတော့ရှေ့မှာထဲက ကလေးလေးထည့်
ဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့်ပါ။ ကလေး
လေးကို ဘယ်သူ့ဆီကယူမလဲဆိုတာလဲ
တော်တော်စဉ်းစားလိုက်ရတယ်။ နောက်ဆုံး
တော့ Jiminဘက်က ခံစားချက်ကို ဦးစား
ပေးပြီးရေးထားတာလေးဖြစ်တာကြောင့်
Jiminရဲ့အလိုကျပဲ Jungkookဆီကမျိုး
ဆက်လေးကိုယူလိုက်ပါတယ်။Jungkook
ရဲ့ ကျန်နေတဲ့ဘဝအစိတ်အပိုင်းတွေကို
သူ့ရဲ့ အသွေးအသားလေးတစ်ယောက်နဲ့
အတူတူဖြတ်သန်းစေချင်တာကJiminအဖြစ်
ချင်ဆုံးဆန္ဒလေးမို့ပါ။

Appa Jeonတို့စုံတွဲအတွက်ကတော့ ကူးကူး
က သူတို့နှစ်ယောက်ရဲ့အသွေးအသားလို့ပဲ
ခံယူထားတာပါ။

VMinကို Love lineထည့်ဖို့ မစဉ်းစားမိဘဲ
နဲ့တောင် အရမ်းထိန်းပြီးရေးခဲ့ရပါတယ်။
TaeHyungသာ ဒီficထဲမှာ တစ်ယောက်
ယောက်ကို ချစ်မိခဲ့မယ်ဆိုရင် အဲ့ဒါ Jimin
ကိုပဲ ဖြစ်နေမှာပါ။ ပိုပြီးရှုပ်ထွေးကုန်မယ်
ဆိုပေမဲ့ ဘယ်တစ်ယောက်ကိုမှ မကျန်ခဲ့စေ
ချင်တဲ့စိတ်ကြောင့်ပဲ Vminအတွက် အများ
ကြီးလျှော့ချခဲ့ရတယ်။

အရှေ့ကရေးခဲ့တာတွေနဲ့ လုံးဝမတူတဲ့ဇာတ်ကို စဉ်း
စားပြီးရေးမိတာဖြစ်တဲ့အပြင် ဒီလိုမျိုး Drama ဆန်တဲ့ပုံစံမရေးဖူးတာကြောင့်
တော်တော်လေးကို ခက်ခဲခဲ့တယ်။ ရေးနေကျ
ပုံစံမဟုတ်လို့လဲ updateတွေကြာကုန်တာ။
Updateတောင်းတာတွေလဲမြင်ပါတယ်။
အများကြီးအားနာပါတယ်။

ကူးကူးလေးထည့်ထားတာရယ်၊ကလေး
ရဲ့ဖြစ်တည်လာပုံရယ်ကို သဘောမကျ
တဲ့သူတွေအတွက်ကတော့ အချပ်ပိုလေးကို
ခေါင်းထဲအရမ်းမထည့်ထားစေချင်ပါဘူး။
ကိုယ့်ခံစားချက်နဲ့ကိုယ်ဆိုတော့ သဘော
မကျလဲရပါတယ်။ အစ်မလဲ အစ်မအရမ်း
ရေးချင်တဲ့အပိုင်းမို့ မရမကထည့်ရေးထား
တာကြောင့် မကြိုက်တဲ့သူတွေလဲ လွတ်လပ်
စွာမကြိုက်ခွင့်ရှိပါတယ်💛

ဒါလေးကတော့ ထပ်ဖြည့်ပြီးတောင်းပန်တာ
ပါ။ အသည်း​လေး နဲ့ အသဲလေး ၊ ဘယ်စာလုံး
ပေါင်းက ပိုမှန်လဲဆိုတာ အမျိုးမျိုးရှာကြည့်
ပေမဲ့ တိကျတဲ့အဖြေမရတာကြောင့် အစ်မ
စိတ်ထဲ ပိုမှန်နိုင်တယ်လို့ ယူဆမိတဲ့ အသည်း
လေးနဲ့ပဲ ficတစ်ခုလုံးမှာ သုံးထားပါတယ်။
တစ်ခုလောက်ပါတာမျိုးဆို အခုလိုဖွင့်ပြော
ဖို့မလိုပေမဲ့ အသည်းလေး က  ULရဲ့ အဓိ
က စကားလုံးလိုဖြစ်နေတဲ့အတွက်ကြောင့်
အခုလိုပြောပြရခြင်းဖြစ်ပါတယ်။တကယ်လို့
အသဲလေးက အမှန်လို့ထင်တဲ့သူရှိရင်လဲ
သည်းခံပြီးဖတ်ပေးကြပါ။

အများကြီးနောက်ကျသွားပေမဲ့ အခုတော့
ULလေးကို လက်လွှတ်ပေးလိုက်နိုင်ပါပြီ။
ခွဲရတော့လဲ ဝမ်းနည်းတာပေါ့။ ဒီထဲက ကိုကို့
ကို အများကြီး ချစ်တာမို့ ပိုပြီးဝမ်းနည်းရပါ
တယ်။

Ongoingလိုက်ခဲ့ပေးတဲ့သူတွေကို သေသေ
ချာချာမှတ်မိနေပါတယ်။ အသည်းလေးက
Jiminမဟုတ်ဘူးဆိုတာကိုသိသွားတဲ့အချိန်
မှာ နှစ်ယောက်ပြန်အဆင်ပြေမှ လာဖတ်မယ်
ဆိုတဲ့သူတွေကိုလဲ မှတ်မိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ULလေးကို ချစ်ပေးကြလို့
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
သိုင်းကျူး သိုင်းကျုး။

မင်းသားဂျွန်နဲ့ အကြီးကောင် အငယ်ကောင်
ကိုတော့ တတ်နိုင်သမျှ Updateမှန်အောင်
ကြိုးစားပါ့မယ်နော်။

ရှာလာငယ်😚

Unconditional LoveWhere stories live. Discover now