🍒 13 🍒

7.7K 1.1K 225
                                    

Unicode

ပလက်စတစ်အကြည်စလေးတွေ ပတ်ပတ်လည်
ကာရံထားသည့် လမ်းဘေးတဲဆိုင်လေးထဲမှာ
ကိုယ်မြတ်နိုးရသည့် တစ်စုံတစ်ယောက်နှင့်အတူ
ဆိုဂျူးသောက်ရင်း ၊ အမြည်းလေးစားရင်း ရောက်တတ်ရာရာ ပြောဆိုနေကြသည့်ပုံစံမျိုးကို
ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ဘာကြောင့်
ခဏခဏထည့်ရိုက်ကြသလဲ ဆိုတာကို အခုမှပဲ
SeokJinတစ်ယောက် ကောင်းကောင်းသဘော
ပေါက်တော့သည်။

လွတ်လပ်ပြီးတော့ ဘဝဆန်တယ်။ ချစ်ရတဲ့သူ
နဲ့အတူဆိုရင်တော့ တမျိုးကြည်နူးဖို့ကောင်းနေ
တယ် ပြောရမှာပေါ့။

တိတ်ဆိတ်လွန်းလှတယ် မဟုတ်သော်လည်း
နံဘေး စားပွဲဝိုင်းတွေက ပျံ့လွင့်လာသည့် စကား
သံများကို လစ်လျူရှုကာ သူ့အရှေ့တည့်တည့်
က လူကြီးဆီမှာပဲ အာရုံတွေကိုစုစည်းထားလိုက်သည်။

"ဒေါက်တာ"

"ဟင်"

"ခုနကလေ ကားမှတ်တိုင်မှာတုန်းက မိတ်ဆက်
ပေးတဲ့လူရဲ့ နာမည်က Jeon Jungkookလား"

"အင်း...ဘာလို့လဲ။ သိနေလို့လား"

"မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက သိဖူးတဲ့လူ
တစ်ယောက်နာမည်နဲ့ဆင်နေလို့"

"ဟုတ်လား... ။ နာမည်တူတာလဲ ဖြစ်ချင်ဖြစ်
မှာပါ"

"သူက တော်တော်ချောတာပဲနော်"

SeokJinရဲ့ စကားကိုကြားတော့ NamJoonက
"ဘာချောလို့လဲ" ဟု ခပ်တိုးတိုးရေရွတ်ရင်း
ငှဲ့ထားပြီးသားဆိုဂျူးတစ်ခွက်ကို မော့လိုက်သည်။

SeokJinက NamJoon နှင့်မျက်နှာချင်းဆိုင်ထိုင်
နေရာမှ သူထိုင်နေတဲ့ကော်ခုံလေးကို NamJoon
ဘေးနားသို့ မ,ရွှေ့လာကာ နေရာပြောင်းထိုင်
ပြီးနောက် NamJoonရဲ့ ပခုံးပေါ်ခေါင်းလေးစောင်းတင်ကာ

"ကျွန်တော့်ဒေါက်တာလောက်တော့မချောပါဘူး"

SeokJinဟာ လူကောင်ကြီးက ထွားနေသ
လောက် တော်တော်အချွဲသန်တဲ့ ကောင်လေး
ဖြစ်သည်။ ဒီကိုရောက်နေတဲ့ ရက်ပိုင်းအတွင်း
အလုပ်မရှိတဲ့အချိန်မှန်သမျှ ထိုကောင်လေးနဲ့
ဖုန်းပြောတာရယ် ၊ ချိန်းတွေ့တာရယ်နဲ့ သူ့မှာ
လဲ အားလပ်တယ်ကိုမရှိ။

Unconditional LoveWhere stories live. Discover now